
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် အသင်းသား ဖြစ်တော့မယ့် ဆန်ချိုက လက်ရှိအချိန်မှာ သူ့ရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုနေမှာမဟုတ်ဘဲ ယူရို-၂၀၂ဝပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်းအတွက်ကိုသာ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
အင်္ဂလန်လူငယ်တိုက်စစ်သမား ဆန်ချိုဟာ ယူရိုပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းက ပါဝင်မှုအဖြစ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်သွားခဲ့ပါတယ်။
အင်္ဂလန်နဲ့ ယူကရိန်းပွဲမှာ ပွဲထွက် တိုက်စစ်သမား တစ်နေရာအတွက် ဖိုဒန်ကို ကျော်ပြီး နေရာရခဲ့တဲ့ ဆန်ချိုက အသင်းက လိုအပ်ချိန်တိုင်းမှာ အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။
ဆန်ချိုက ” ကျွန်တော် သိပ်ပျော်နေတာ ပြောမပြတတ်အောင်ပါပဲ။
ဒီနေ့က နိုင်ကိုနိုင်ရမယ့်ပွဲဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ကစားခွင့်ရခဲ့တာကြောင့် အရမ်း ပျော်ရပါတယ်။
ကျွန်တော့်အတွက်လည်း သိပ်ကောင်းတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။”
“မျှမျှတတ ဖြစ်နေစေဖို့ ဒီအချိန်မှာတော့ ကျွန်တော်ယူနိုက်တက်အသင်းအကြောင်းကို မပြောချင်သေးပါဘူး။
ဒီအချိန်မှာ ကျွန်တော် အင်္ဂလန်အသင်းအတွက်ကိုပဲ အာရုံစိုက်နေချင်ပါတယ်။”
“ကျွန်တော်ကတော့ ကစားခွင့်မရတဲ့ အချိန်တိုင်းမှာ ပြန်လည်ကစားခွင့်ရဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန် ကြိုးပမ်းပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားနေရတဲ့အချိန် ကျွန်တော် အင်္ဂလန်အသင်းအတွက်ကိုပဲ အာရုံစိုက်နေပါတယ်။”
“ပြိုင်ဘက် ယူကရိန်း အကြောင်း ပြောရရင် သူတို့ကလည်း တကယ့်ကို ကောင်းမွန်တဲ့ အသင်းပါ။
အခုရလဒ်ကြောင့် အရမ်းပျော်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူႏိုက္တက္အတြက္ မစဥ္းစားေသးဘဲ အဂၤလန္အတြက္ပဲႀကိဳးစားဦးမယ့္ ဆန္ခ်ိဳ
ယူႏိုက္တက္ အသင္းသား ျဖစ္ေတာ့မယ့္ ဆန္ခ်ိဳက လက္ရွိအခ်ိန္မွာ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ေတြနဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုေနမွာမဟုတ္ဘဲ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဝင္ေနတဲ့ အဂၤလန္အသင္းအတြက္ကိုသာ အာ႐ုံစိုက္သြားမွာျဖစ္တယ္လို႔ ရွင္းလင္းေျပာဆိုသြားခဲ့ပါတယ္။
အဂၤလန္လူငယ္တိုက္စစ္သမား ဆန္ခ်ိဳဟာ ယူ႐ိုၿပိဳင္ပြဲအတြင္း ပထမဆုံးအႀကိမ္ ပြဲထြက္လူစာရင္းက ပါဝင္မႈအျဖစ္ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ပါဝင္သြားခဲ့ပါတယ္။
အဂၤလန္နဲ႔ ယူကရိန္းပြဲမွာ ပြဲထြက္ တိုက္စစ္သမား တစ္ေနရာအတြက္ ဖိုဒန္ကို ေက်ာ္ၿပီး ေနရာရခဲ့တဲ့ ဆန္ခ်ိဳက အသင္းက လိုအပ္ခ်ိန္တိုင္းမွာ အၿမဲတမ္း အဆင္သင့္ျဖစ္ေနေအာင္ ႀကိဳးစားေနပါတယ္လို႔ ဆိုပါတယ္။
ဆန္ခ်ိဳက ” ကြၽန္ေတာ္ သိပ္ေပ်ာ္ေနတာ ေျပာမျပတတ္ေအာင္ပါပဲ။ ဒီေန႔က ႏိုင္ကိုႏိုင္ရမယ့္ပြဲျဖစ္သလို ကြၽန္ေတာ္ကိုယ္တိုင္လည္း ပါဝင္ကစားခြင့္ရခဲ့တာေၾကာင့္ အရမ္း ေပ်ာ္ရပါတယ္။ ကြၽန္ေတာ့္အတြက္လည္း သိပ္ေကာင္းတဲ့ အခိုက္အတန႔္ပဲ ျဖစ္ပါတယ္။”
“မွ်မွ်တတ ျဖစ္ေနေစဖို႔ ဒီအခ်ိန္မွာေတာ့ ကြၽန္ေတာ္ယူႏိုက္တက္အသင္းအေၾကာင္းကို မေျပာခ်င္ေသးပါဘူး။ ဒီအခ်ိန္မွာ ကြၽန္ေတာ္ အဂၤလန္အသင္းအတြက္ကိုပဲ အာ႐ုံစိုက္ေနခ်င္ပါတယ္။”
“ကြၽန္ေတာ္ကေတာ့ ကစားခြင့္မရတဲ့ အခ်ိန္တိုင္းမွာ ျပန္လည္ကစားခြင့္ရဖို႔အတြက္ ေလ့က်င့္ေရးကြင္းမွာ အစြမ္းကုန္ ႀကိဳးပမ္းပါတယ္။ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ပါဝင္ကစားေနရတဲ့အခ်ိန္ ကြၽန္ေတာ္ အဂၤလန္အသင္းအတြက္ကိုပဲ အာ႐ုံစိုက္ေနပါတယ္။”
“ၿပိဳင္ဘက္ ယူကရိန္း အေၾကာင္း ေျပာရရင္ သူတို႔ကလည္း တကယ့္ကို ေကာင္းမြန္တဲ့ အသင္းပါ။ အခုရလဒ္ေၾကာင့္ အရမ္းေပ်ာ္မိပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။