ယူနိုက်တက်အတွက် ဒုတိယဂိုးသွင်းချိန်မှာ တစ်နာရီမိုင်(၂၀)ကျော်နှုန်းနဲ့ပြေးလွှားခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ ဒုတိယဂိုးသွင်းယူလိုက်ချိန်မှာ သူ့ရဲ့ပြေးအားက တစ်နာရီကို (၂၀.၂)မိုင်အထိရှိခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကနေ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် (၁၂)နှစ်အကြာမှာ အသင်းဟောင်းဆီပြန်ရောက်လာတာဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲမှာ ဒုတိယအကြိမ်ပွဲဦးထွက်အဖြစ်ကစားခဲ့တာပါ။

ပွဲဦးထွက်မှာပဲခြေစွမ်းပြကစားခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့ပြီး ပထမဂိုးကို နယူးကာဆယ်ဂိုးသမားရဲ့အမှားကနေ အနီးကပ်ပိတ်သွင်းခဲ့ပေမယ့် နောက်ခံလူမန်ကီယိုက နယူးကာဆယ်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

ဒုတိယဂိုးကတော့ လုခ်ရှော ခင်းပေးလိုက်တဲ့ဘောလုံးကို စီရော်နယ်လ်ဒိုဟာ အသက်(၃၆)နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင် တစ်နာရီကို (၂၀.၂)မိုင်နှုန်းနဲ့ ပြေးလွှားဆွဲပြေးယူပြီး ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ဒီရာသီပရီးမီးယားလိဂ်မှာ (၄)ဂိုးမြောက်အဖြစ်သွင်းယူခဲ့ပြီး နာကျင်အချိန်ပိုမှာ လင်ဂတ်က စတုတ္ထမြောက်ဂိုးသွင်းယူခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ မီဒီယာတွေအပြင် နာမည်ကျော်ဘောလုံးသမားဟောင်းတွေကလည်း ချီးကျူးခဲ့ကြပြီး အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားက စီရော်နယ်လ်ဒိုဟာ အံ့ဖွယ်လူသားတစ်ယောက်ဖြစ်တယ်လို့ အားပါးတရချီးကျူးစကားဆိုခဲ့ပါတယ်။

အလန်ရှီးယားက “ဒီပွဲမှာ စီရော်နယ်လ်ဒို ခြေစွမ်းပြနိုင်မယ်၊ ဂိုးတွေလည်းသွင်းနိုင်မယ်လို့ ကျွန်တော်တို့အားလုံးကြိုတင်တွေးထားပြီး သူဟာ မယုံနိုင်လောက်အောင်ကောင်းတဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် စီရော်နယ်လ်ဒိုရဲ့ခွန်အား၊ စိတ်ဓာတ်ပြင်းထန်မှုတွေက လူငယ်ဘောလုံးသမားတိုင်း အတုယူရမယ့်အချက်တွေပါပဲ။

သူ့ရဲ့ရွေ့လျားပုံ၊ အမြင့်ဘောကစားပုံ၊ ဘောလုံးထိန်းသိမ်းပုံတွေက ထိပ်တန်းအဆင့်မှာရှိတယ်လို့ သတ်မှတ်ရမှာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ပွဲအပြီးမှာ စီရော်နယ်လ်ဒိုက “ဒါက မယုံနိုင်စရာကောင်းတဲ့အခိုက်အတန့်ပါပဲ။

ပွဲစတဲ့အချိန်မှာ ကျွန်တော် စိတ်လှုပ်ရှားကြောက်ရွံ့နေတယ်ဆိုတာ ကျိန်ပြောရဲပါတယ်။

ကျွန်တော့်မျက်နှာမှာ အဲဒီခံစားချက်မပေါ်ပေမယ့် စိတ်ထဲမှာတော့ တကယ်စိတ်လှုပ်ရှားနေတာပါ။

ဒီပွဲမှာ (၂)ဂိုးအထိသွင်းနိုင်မယ်လို့လည်း မမျှော်လင့်ထားပါဘူး။

တစ်ဂိုးလောက်တော့ သွင်းနိုင်မယ်လို့ပဲထင်ထားပြီး (၂)ဂိုးအထိသွင်းနိုင်မယ်လို့ တကယ်မတွေးထားတာပါ။

အသင်းအတွက် ဂိုးတွေသွင်းယူနိုင်လို့ ကျွန်တော် ပျော်ရွှင်မိပေမယ့် အရေးအကြီးဆုံးကတော့ ကျွန်တော်တို့အသင်း နိုင်ပွဲရရှိရေးပါပဲ”လို ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အတြက္ ဒုတိယဂိုးသြင္းခ်ိန္မွာ တစ္နာရီမိုင္(၂၀)ေက်ာ္ႏႈန္းနဲ႔ေျပးလႊားခဲ့တဲ့ စီေရာ္နယ္လ္ဒို

မေန႔က နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းတိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဒုတိယဂိုးသြင္းယူလိုက္ခ်ိန္မွာ သူ႔ရဲ႕ေျပးအားက တစ္နာရီကို (၂၀.၂)မိုင္အထိရွိခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ၂၀၀၉ ခုႏွစ္တုန္းက ယူႏိုက္တက္အသင္းကေန ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္ (၁၂)ႏွစ္အၾကာမွာ အသင္းေဟာင္းဆီျပန္ေရာက္လာတာျဖစ္ၿပီး နယူးကာဆယ္နဲ႔ပြဲမွာ ဒုတိယအႀကိမ္ပြဲဦးထြက္အျဖစ္ကစားခဲ့တာပါ။

ပြဲဦးထြက္မွာပဲေျခစြမ္းျပကစားခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ အသင္းအတြက္(၂)ဂိုးသြင္းယူခဲ့ၿပီး ပထမဂိုးကို နယူးကာဆယ္ဂိုးသမားရဲ႕အမွားကေန အနီးကပ္ပိတ္သြင္းခဲ့ေပမယ့္ ေနာက္ခံလူမန္ကီယိုက နယူးကာဆယ္အသင္းအတြက္ ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။ ဒုတိယဂိုးကေတာ့ လုခ္ေရွာ ခင္းေပးလိုက္တဲ့ေဘာလုံးကို စီေရာ္နယ္လ္ဒိုဟာ အသက္(၃၆)ႏွစ္ဆိုတဲ့အ႐ြယ္နဲ႔မလိုက္ေအာင္ တစ္နာရီကို (၂၀.၂)မိုင္ႏႈန္းနဲ႔ ေျပးလႊားဆြဲေျပးယူၿပီး ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ဂိုးေတြကို ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္က ဒီရာသီပရီးမီးယားလိဂ္မွာ (၄)ဂိုးေျမာက္အျဖစ္သြင္းယူခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ လင္ဂတ္က စတုတၳေျမာက္ဂိုးသြင္းယူခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ မီဒီယာေတြအျပင္ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြကလည္း ခ်ီးက်ဴးခဲ့ၾကၿပီး အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးအလန္ရွီးယားက စီေရာ္နယ္လ္ဒိုဟာ အံ့ဖြယ္လူသားတစ္ေယာက္ျဖစ္တယ္လို႔ အားပါးတရခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ အလန္ရွီးယားက “ဒီပြဲမွာ စီေရာ္နယ္လ္ဒို ေျခစြမ္းျပႏိုင္မယ္၊ ဂိုးေတြလည္းသြင္းႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔အားလုံးႀကိဳတင္ေတြးထားၿပီး သူဟာ မယုံႏိုင္ေလာက္ေအာင္ေကာင္းတဲ့ ေျခစြမ္းမ်ိဳးျပသႏိုင္ခဲ့ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုရဲ႕ခြန္အား၊ စိတ္ဓာတ္ျပင္းထန္မႈေတြက လူငယ္ေဘာလုံးသမားတိုင္း အတုယူရမယ့္အခ်က္ေတြပါပဲ။ သူ႔ရဲ႕ေ႐ြ႕လ်ားပုံ၊ အျမင့္ေဘာကစားပုံ၊ ေဘာလုံးထိန္းသိမ္းပုံေတြက ထိပ္တန္းအဆင့္မွာရွိတယ္လို႔ သတ္မွတ္ရမွာပါ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။ နယူးကာဆယ္နဲ႔ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒိုက “ဒါက မယုံႏိုင္စရာေကာင္းတဲ့အခိုက္အတန႔္ပါပဲ။ ပြဲစတဲ့အခ်ိန္မွာ ကြၽန္ေတာ္ စိတ္လႈပ္ရွားေၾကာက္႐ြံ႕ေနတယ္ဆိုတာ က်ိန္ေျပာရဲပါတယ္။ ကြၽန္ေတာ့္မ်က္ႏွာမွာ အဲဒီခံစားခ်က္မေပၚေပမယ့္ စိတ္ထဲမွာေတာ့ တကယ္စိတ္လႈပ္ရွားေနတာပါ။

ဒီပြဲမွာ (၂)ဂိုးအထိသြင္းႏိုင္မယ္လို႔လည္း မေမွ်ာ္လင့္ထားပါဘူး။ တစ္ဂိုးေလာက္ေတာ့ သြင္းႏိုင္မယ္လို႔ပဲထင္ထားၿပီး (၂)ဂိုးအထိသြင္းႏိုင္မယ္လို႔ တကယ္မေတြးထားတာပါ။ အသင္းအတြက္ ဂိုးေတြသြင္းယူႏိုင္လို႔ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိေပမယ့္ အေရးအႀကီးဆုံးကေတာ့ ကြၽန္ေတာ္တို႔အသင္း ႏိုင္ပြဲရရွိေရးပါပဲ”လို ဆိုခဲ့ပါတယ္။