ယူနိုက်တက်(သို့) ရီးရဲလ်ဆီပြန်လည် ပြောင်းရွှေ့ရေးကိစ္စ စီရော်နယ်ဒိုရဲ့မှတ်ချက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အသက် 36 နှစ်အရွယ် စီရော်နယ်ဒိုဟာ ကစားသမားဘဝနေဝင်ချိန်နီးကပ်နေပေမယ့်
ဖျတ်လတ်သန်စွမ်းတဲ့ ခြေစွမ်းတွေကို ပြသနိုင်နေဆဲဖြစ်ကာ ထိပ်တန်းအသင်းတွေကလည်း
တံခါးဖွင့် ကြိုဆိုနေကြပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာ စီရော်နယ်ဒိုတစ်ယောက်
အသင်းပြောင်းနိုင်တယ် ဆိုတဲ့သတင်းတွေလည်း ပွထနေပါတယ်။
စီရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်လောက်ပဲ ကျန်တော့တာ ဖြစ်ပြီး၊
နည်းပြအသစ် ရောက်ရှိလာချိန်မှာ ဒိုလေးတစ်ယောက် ဂျူဗင်တပ်စ်ကို စွန့်ခွာဖို့ ပိုမိုစဉ်းစားလာခဲ့တာပါ။
စီရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဟောင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ရီးရဲလ်အသင်းတွေဆီ ပြန်လည်
ပြောင်းရွှေ့နိုင်တယ်ဆိုပြီး သတင်းထွက်နေတာပါ။
မနေ့က ယူရိုပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်ဒိုက သူ့ရဲ့အသင်းပြောင်းရွှေ့ရေးနဲ့ပတ်သက်ပြီ
မှတ်ချက်ပေးတုန့်ပြန်ထားပါတယ်။ တိုက်စစ်မှူးစီရော်နယ်ဒိုကနွေရာသီအပြောင်း အရွှေ့ကာလအတွင်းဖြစ်လာသမျှကိစ္စကို
အကောင်းဆုံးပဲလို့မှတ်ယူထားကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စီရော်နယ်ဒိုက”ကျွန်တော်ဟာအမြင့်ဆုံးခြေစွမ်းအဆင့်အတန်းနဲ့နှစ်ပေါင်းများစွာကြာကစားခဲ့ပါတယ်။
ကျွန်တော်ရဲ့အသက်အရွယ်ဟာ (၁၈)နှစ် ဒါမှမဟုတ် (၁၉) အရွယ်ဆိုရင်အနာဂတ်နဲ့ပတ်သက်လို့အိပ်မရတာတွေဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ကျွန်တော်ဟာအသက်၃၆နှစ်အရွယ်ရှိနေပါပြီ။နွေရာသီအပြောင်းအရွှေ့ဈေးကွက်
အတွင်းဘာပဲဖြစ်လာဖြစ်လာဖြစ်လာသမျှကိစ္စတွေကို အကောင်းဆုံးတွေပဲလို့မှတ်ယူထားပါတယ်။” လို့ပြောပါတယ်။
ဂျူဗင်တပ်စ်အသင်းဘက်ကတော့ လုပ်ခလစာများတဲ့စီရော်နယ်ဒိုကို ယူနိုက်တက်က
ပေါ့ဘာနဲ့အလဲအထပ်လုပ်ချင်ကြောင်းသတင်းထွက်ထားပါတယ်။ စီရော်နယ်ဒိုဟာပြီးခဲ့တဲ့
ရာသီမှာဂျူဗင်တပ်စ်အသင်းနဲ့အတူချန်ပီယံလိဂ်ဆုဖလား၊စီးရီးအေချန်ပီယံဆုတွေရယူနိုင်ခြင်းမရှိတဲ့အပေါ်စိတ်ပျက်နေခဲ့တာပါ။
ဒါပေမယ့် စီရော်နယ်ဒိုဟာ ပြင်သစ်မှာကျင်းပခဲ့တဲ့ယူရို၂၀၁၆ပြိုင်ပွဲမှာပေါ်တူဂီကိုချန်ပီယံဖြစ်အောင်
ကူညီခဲ့သူဖြစ်ပါတယ်။အခု ယူရို ၂၀၂၀ မှာလည်း ဖလားထပ်ရဖို့ ကြိုးစားမယ်လို့ ပြောထားပါတယ်။
ရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီအသင်းဟာယနေ့ညမှာတော့ဟန်ဂေရီ အသင်းနှင့်ယူရို၂၀၂၀အုပ်စုအဖွင့်ပွဲကစားသွားရပါမယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi Version