ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို လာလည်ပြီးနောက် မန်ချက်စတာကို မပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အာဂျန်ရော်ဘင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူ ရီယိုဖာဒီနန်က ရော်ဘင်တစ်ယောက် ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန်ကိုရောက်လာပြီးနောက် မန်ချက်စတာကို မပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

နယ်သာလန်သားဟောင်းဟာ ပီအက်စ်ဗွီမှာကစားစဉ်တုန်းက ၂၀၀၄ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းကို ပြောင်းဖို့လန်ဒန်ကို လာချိန်မှာ ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်ကလည်း ရော်ဘင်ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က အင်စတာဂရမ်က အင်တာဗျူးမှာ ရော်ဘင် နဲ့ ရိုင်ယန်ဂစ်ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့အပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်ကတော့ ရိုင်ယန်ဂစ်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ဂစ်က တကယ်ကောင်းတဲ့ကစားသမားပါ။ သူ့ရဲ့ဘယ်ခြေထောက်အစွမ်းကို အရမ်းအံ့သြမိပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန်က ရော်ဘင်တစ်ယောက် ကာရင်တန်ကို လာရောက်လည်ပတ်တုန်းက အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ရော်ဘင်က ထိပ်တန်းကစားသမားတစ်ဦးပါ။ ကျွန်တော်သူ့ကို ယူနိုက်တက်မှာမြင်ချင်ခဲ့တာပါ။သူကာရင်တန်ကို ရောက်လာခဲ့တာပါ။ ပြီးတော့ လျောက်ပတ်ကြည့်ပြီးနောက် ချဲလ်ဆီးကိုပြောင်းခဲ့ပါတယ်။ သူရောက်လာခဲ့ရင် ယူနိုက်တက်အတွက်ပိုကောင်းလာနိုင်မှာ သေချာပါတယ်”လို့ ဖာဒီနန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရော်ဘင်ဟာ ၂၀၀၄ – ၀၅ ရာသီမှာ မော်ရင်ဟိုရဲ့ချဲလ်ဆီးအသင်းနဲ့အတူ တောက်ပခဲ့ပြီး ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုစာရင်းမှာပါ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးအသင်းမှာ ကစားခဲ့တဲ့အချိန်က တိုတောင်းခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ရော်ဘင်တစ်ယောက် ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

နယ်သာလန်သားဟာ ရီးရဲလ်အသင်းမှာ ထိပ်တန်းတောင်ပံကစားသမားတစ်ဦးဖြစ်လာခဲ့ပြီးနောက် ဘိုင်ယန်အသင်းကိုပြောင်းရွှေ့ခဲ့ကာ ၁၀ နှစ်တာကာလအတွင်း ဘိုင်ယန်အတွက် ပွဲပေါင်း ၂၀၀ ကျော်ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် ရော်ဘင်တစ်ယောက် ယူနိုက်တက်အသင်းနဲ့နီးစပ်ခဲ့သလို ဖာဂူဆန်လက်အောက်မှာ ကစားခွင့်ရဖို့ တော်တော်လေးနီးစပ်ခဲ့ပေမယ့် အမှန်တကယ်တော့ မဖြစ်လာခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ေလ့က်င့္ေရးကြင္းကို လာလည္ျပီးေနာက္ မန္ခ်က္စတာကို မေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တဲ့ အာဂ်န္ေရာ္ဘင္

ယူႏိုက္တက္ေနာက္ခံလူ ရီယိုဖာဒီနန္က ေရာ္ဘင္တစ္ေယာက္ ယူႏိုက္တက္ေလ့က်င့္ေရးကြင္း ကာရင္တန္ကိုေရာက္လာျပီးေနာက္ မန္ခ်က္စတာကို မေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တယ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။

နယ္သာလန္သားေဟာင္းဟာ ပီအက္စ္ဗီြမွာကစားစဥ္တုန္းက ၂၀၀၄ ခုႏွစ္တုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းကို ေျပာင္းဖို႔လန္ဒန္ကို လာခ်ိန္မွာ ယူႏိုက္တက္နည္းျပၾကီး ဖာဂူဆန္ကလည္း ေရာ္ဘင္ကိုေခၚယူဖို႔ စိတ္၀င္စားခဲ့ေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က အင္စတာဂရမ္က အင္တာဗ်ဴးမွာ ေရာ္ဘင္ နဲ႔ ရိုင္ယန္ဂစ္ဘယ္သူ႔ကို ေရြးခ်ယ္မလဲဆိုတဲ့အေပၚ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“ကြ်န္ေတာ္ကေတာ့ ရိုင္ယန္ဂစ္ကိုပဲ ေရြးခ်ယ္ခ်င္ပါတယ္။ ဂစ္က တကယ္ေကာင္းတဲ့ကစားသမားပါ။ သူ႕ရဲ႕ဘယ္ေျခေထာက္အစြမ္းကို အရမ္းအံ့ၾသမိပါတယ္”လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဖာဒီနန္က ေရာ္ဘင္တစ္ေယာက္ ကာရင္တန္ကို လာေရာက္လည္ပတ္တုန္းက အေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ေရာ္ဘင္က ထိပ္တန္းကစားသမားတစ္ဦးပါ။ ကြ်န္ေတာ္သူ႕ကို ယူႏိုက္တက္မွာျမင္ခ်င္ခဲ့တာပါ။သူကာရင္တန္ကို ေရာက္လာခဲ့တာပါ။ ျပီးေတာ့ ေလ်ာက္ပတ္ၾကည့္ျပီးေနာက္ ခ်ဲလ္ဆီးကိုေျပာင္းခဲ့ပါတယ္။ သူေရာက္လာခဲ့ရင္ ယူႏိုက္တက္အတြက္ပိုေကာင္းလာႏိုင္မွာ ေသခ်ာပါတယ္”လို႔ ဖာဒီနန္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ေရာ္ဘင္ဟာ ၂၀၀၄ – ၀၅ ရာသီမွာ ေမာ္ရင္ဟိုရဲ႕ခ်ဲလ္ဆီးအသင္းနဲ႔အတူ ေတာက္ပခဲ့ျပီး ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆံုးဆုစာရင္းမွာပါ ပါ၀င္ခဲ့ပါတယ္။

ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းမွာ ကစားခဲ့တဲ့အခ်ိန္က တိုေတာင္းခဲ့ျပီး ၂၀၀၇ ခုႏွစ္မွာ ေရာ္ဘင္တစ္ေယာက္ ရီးရဲလ္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။

နယ္သာလန္သားဟာ ရီးရဲလ္အသင္းမွာ ထိပ္တန္းေတာင္ပံကစားသမားတစ္ဦးျဖစ္လာခဲ့ၿပီးေနာက္ ဘိုင္ယန္အသင္းကိုေျပာင္းေရႊ႕ခဲ့ကာ ၁၀ ႏွစ္တာကာလအတြင္း ဘိုင္ယန္အတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္ပါ၀င္ကစားခဲ့ပါတယ္။

ဒါေပမယ့္ ေရာ္ဘင္တစ္ေယာက္ ယူႏိုက္တက္အသင္းနဲ႔နီးစပ္ခဲ့သလို ဖာဂူဆန္လက္ေအာက္မွာ ကစားခြင့္ရဖို႔ ေတာ္ေတာ္ေလးနီးစပ္ခဲ့ေပမယ့္ အမွန္တကယ္ေတာ့ မျဖစ္လာခဲ့ပါဘူး။