ယူနိုက်တက်လေ့ကျင့်ခန်းပြန်စမယ့်အနေအထားနဲ့ ပရိသတ်တွေသတ်မှတ်လိုက်တဲ့ ကစားသမားတွေရဲ့အလုပ်အကိုင်အကြောင်း

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

အရင်ဦးဆုံး ယူနိုက်တက် အသင်း လေ့ကျင့်ခန်း ပြန်စမယ့်အနေအထားကို တင်ဆက်ပေးချင်ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဗြိတိန်အစိုးရရဲ့ညွှန်ကြားချက်ကြောင့် လေ့ကျင့်ခန်း အားလုံးကိုဖျက်သိမ်းထားရပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေရပ်နားထားရတဲ့အစပိုင်းကာလမှာ ယူနိုက်တက် အသင်း ဟာ လေ့ကျင့်ခန်းအစီအစဉ်တွေပြုလုပ်လျက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားလာတဲ့ ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် အစိုးရရဲ့ မူဝါဒ ထွက်ပေါ်လာချိန်မှာ ယူနိုက်တက် အနေနဲ့လည်း လူစုလူဝေးဖြစ်စေတဲ့ လေ့ကျင့်ခန်းအစီအစဉ်အားလုံးကို ရပ်နားလိုက်ပါတယ်။ ယူနိုက်တက် အနေနဲ့ ကစားသမားအားလုံးကို အိမ်မှာပဲနေထိုင်ဖို့ညွှန်ကြားထားသလို ကိုယ်ပိုင်အစီအစဉ်တွေနဲ့လေ့ကျင့်ခန်း ဆင်းဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

photo internet

ကစားသမားတွေအနေနဲ့ ကိုယ်ပိုင်နည်းပြတွေ သို့မဟုတ် အသင်းရဲ့လမ်းညွှန်ချက်တွေအညီ လေ့ကျင့် နေထိုင်ဖို့ကို ယူနိုက်တက် အသင်းက အထူးကြပ်မတ် ထားတယ်လို့သိရပါတယ်။ နည်းပြဆိုးလ်ရှားကတော့ လာမယ့် ဧပြီ ၁၀ ရက်နေ့ကို အလုံပိတ်ရုံတွင်းပထမဆုံး လေ့ကျင့်ရေး ပြန်စမယ့် နေ့အဖြစ်သတ်မှတ်ထားပြီး အဲဒီရက် မတိုင်မှီ ‌ရောဂါပျံနှံ့မှု့ကို ထိန်းချုပ်နိုင်ခဲ့ပါက ကာရင်တန်မြက်ခင်းပြင်မှာ လေ့ကျင့်ရေးကို ပုံမှန်အတိုင်းပြုလုပ်မယ်လို့သိရပါတယ်။ အဲဒီ၁၀ရက်နေ့မှာတော့ ပေါဂ့်ဘာ အပြင် မားကပ်စ်ရရှ်ဖိုဒ့် ကိုလည်း တွေ့မြင်ရနိုင်တာကြောင့် ယူနိုက်တက် အနေနဲ့ မကြာမီ အင်အားအပြည့်စုံဆုံးအသင်းဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားထားတဲ့ ၁၂ပွဲမှာ ပေးဂိုး၂ဂိုး ရဂိုး ၂၉ဂိုးနဲ့အတူ သရေ ၃ပွဲကျ ကာ ၈ ပွဲထိအနိုင်ယူထားနိုင်ပါတယ်။ အစောပိုင်းကာလတွေမှာ ရလဒ်ကောင်းတွေ မပိုင်ဆိုင်ထားတဲ့နည်းပြဆိုးလ်ရှားအတွက်တော့ ဖေဖော်ဝါရီ နဲ့မတ်လဆန်းဟာ နည်းပြသက်တမ်းတစ် လျှောက်အကောင်းဆုံးအချိန်ပိုင်းခြားတွေဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက် အနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်အကြီးမားဆုံး ရရှိနေချိန်လည်းဖြစ်ပါတယ်။

photo internet

အဲဒီအချိန်မှာ လိဂ်ကိုရပ်နားလိုက်ရတာဖြစ်လို့ အသင်းအတွက်များစွာနစ်နာခဲ့ရပြီး လိဂ်သာဖျက်သိမ်းခဲ့ရင် အဆင့်ငါးသာရှိနေသေးတဲ့ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က ဝေဝါးသွားပါလိမ့်မယ်။
အခုလို ဘောလုံးပွဲတွေမရှိခင်အချိန်အတွင်း ဘောလုံးပရိသတ်တွေက သူတို့သဘောကျတဲ့ကစားသမားတွေကို အပြောင်သဘောလေးတွေလုပ်ရင်း ပျင်းစရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းနေပါတယ်။ Footy Accumulators လို့ နာမည်ရတဲ့ တွစ်တာ page တစ်ခုမှာတော့ ပရိသတ်တွေကို အပျော်သဘောနဲ့ ဘယ်ကစားသမားက ဘယ်လိုဝတ်စုံ၊ ဘယ်လိုအလုပ်အကိုင်မျိုးနဲ့လိုက်သလဲဆိုတဲ့ post တစ်ခုတင်ခဲ့ပါတယ်။ အဲ့ဒီမှာ ပရိသတ်တွေကလဲ ဘယ်ကစားသမားက ဘာနဲ့လိုက်တယ် စသဖြင့် ရေးပေးခဲ့ပါတယ်။ အဲ့ဒီထဲက ရယ်စရာကောင်းတဲ့ မှတ်ချက်တွေကို မျှဝေပေးပါဦးမယ်။ ပရိသတ်တွေကတော့ အန်ဒီရောဘတ်ဆန်ကို Sky တီဗီ ပက်ဂေ့ခ်ျတွေလိုက်ရောင်းတဲ့ အလုပ်နဲ့လိုက်တယ်လို့ မှတ်ချက်ပေးထားကြပြီး ဘော်ဘီ ဖာမင်နိုကိုတော့ မိတ်ကပ်လိမ်းဆရာအလုပ်အကိုင်နဲ့ လိုက်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ နောက်တစ်ခါ ဖာနန်ဒက်စ်ကိုတော့ ရေလွှာလျောစီးမှာ လူတွေကို အဝတ်အစားလိုက်ချွတ်တဲ့ လူလုပ်ပါလားလို့ စနောက်ထားကြပြီး ယူနိုက်တက်ကစားသမားဟောင်း ရွန်းနီကိုတော့ အုတ်ဖုတ်သမားလုပ်သင့်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ ဂျေဆန် ပန်ချီယွန်ကိုတော့ အိမ်အရောက်ပို့ အရောင်းသမားလုပ်ဖို့ စနောက်ထားကြပြီး ပေါလ်စခိုးကိုတော့ အသုဘတွေမှာ စီစဉ်ညွှန်ကြားသူလုပ်ဖို့ စနောက်ထားကြပါသေးတယ်။

photo internet

စတိဗ် ဘရုစ်ကိုတော့ ညစာချက်ကျွေးတဲ့မိန်းမကြီးတစ်ဦးပုံနဲ့ ဖြတ်ညှပ်ကပ်လုပ်ပေးထားကြပြီး ယာကူဘူကိုတော့ ကလပ်မှာ လုံခြုံရေးလုပ်ဖို့ အကြံပေးထားကြပြန်ပါတယ်။ မာ့ခ် ဗီဒူကာကိုတော့ အမဲသားစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အကြံပေးထားကြပါသေးတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ လက်ရှိရာသီကိုအဆုံးသတ်နိုင်မယ့် အရေးပေါ်အစီအစဉ်ကို ဖော်မြူလာထုတ်နေပြီး ဇွန်၁ရက်မှာ ပြန်စဖို့ရည်ရွယ်ထားပါတယ်။ လက်ကျန်၉၂ပွဲကို သတ်မှတ်ထားတဲ့ ၆ပတ်အတွင်း ကုန်အောင်ကန် ရမှာဖြစ်ပါတယ်။ ၂၀၂၀-၂၁ရာသီကို သြဂုတ်အစောပိုင်းမှာပြန်စပြီး ဘဏ္ဍာရေးပြဿနာဖြစ်နိုင်တဲ့ အန္တရာယ်ကိုရှောင်လွှဲဖို့ ရည်ရွယ်ထားပါတယ်။ ရာသီဟောင်းနဲ့ ရာသီသစ်ကြားမှာ ၄ပတ်အချိန်ရမှာဖြစ်ပါတယ်။ ရာသီကြိုခရီးလိုမျိုးတွေ မရှိနိုင်ဖို့ များသွားပါတယ်။ ဒါဟာ လစာပေးချေမှုအလွန်ကြီးမားတဲ့ကလပ်တွေအတွက် ဘဏ္ဍာရေးကပ်ဆိုက်မှုကို ရှောင်လွှဲနိုင်ဖို့ဖြစ်ပါတယ်။ ဇွန်၁ရက် ပရီးမီးယားလိဂ်ပြန်စမဲ့အစီအစဉ်ထဲမှာ အက်ဖ်အေဖလားကိုပါ အပြီးသတ်ချဖို့ ရည်ရွယ်ထားကြောင်းသိရပါတယ်။ ဒီလိုလုပ်နိုင်မှသာ ပင်မရုပ်သံလွှင့်ပါတနာတွေနဲ့ ပြေလည်မှာဖြစ်သလို ရာသီသစ်လည်းစတင်နိုင်မှာဖြစ်ပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္ေလ့က်င့္ခန္းျပန္စမယ့္အေနအထားနဲ႔ ပရိသတ္ေတြသတ္မွတ္လိုက္တဲ့ ကစားသမားေတြရဲ႕အလုပ္အကိုင္အေၾကာင္း

အရင္ဦးဆုံး ယူႏို္က္တက္ အသင္း ေလ့က်င့္ခန္း ျပန္စမယ့္အေနအထားကို တင္ဆက္ေပးခ်င္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လက္ရွိမွာ ၿဗိတိန္အစိုးရရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္ ေလ့က်င့္ခန္း အားလုံးကိုဖ်က္သိမ္းထားရပါတယ္။ ပရီးမီးယားလိဂ္ပြဲေတြရပ္နားထားရတဲ့အစပိုင္းကာလမွာ ယူႏိုက္တက္ အသင္း ဟာ ေလ့က်င့္ခန္းအစီအစဥ္ေတြျပဳလုပ္လ်က္ရိွေနခဲ့ပါတယ္။ ဒါေပမယ့္ ဆိုး႐ြားလာတဲ့ ၿဗိတိန္ႏိုင္ငံရဲ႕ က်န္းမာေရးအေျခအေနေတြေၾကာင့္ အစိုးရရဲ႕ မူဝါဒ ထြက္ေပၚလာခ်ိန္မွာ ယူႏိုက္တက္ အေနနဲ႔လည္း လူစုလူေဝးျဖစ္ေစတဲ့ ေလ့က်င့္ခန္းအစီအစဥ္အားလုံးကို ရပ္နားလိုက္ပါတယ္။ ယူႏိုက္တက္ အေနနဲ႔ ကစားသမားအားလုံးကို အိမ္မွာပဲေနထိုင္ဖို႔ၫႊန္ၾကားထားသလို ကိုယ္ပိုင္အစီအစဥ္ေတြနဲ႔ေလ့က်င့္ခန္း ဆင္းဖို႔ကိုလည္း ၫႊန္ၾကားထားပါတယ္။ကစားသမားေတြအေနနဲ႔ ကိုယ္ပိုင္နည္းျပေတြ သို႔မဟုတ္ အသင္းရဲ႕လမ္းၫႊန္ခ်က္ေတြအညီ ေလ့က်င့္ ေနထိုင္ဖို႔ကို ယူႏိုက္တက္ အသင္းက အထူးၾကပ္မတ္ ထားတယ္လို႔သိရပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ လာမယ့္ ဧၿပီ ၁၀ ရက္ေန႔ကို အလုံပိတ္႐ုံတြင္းပထမဆုံး ေလ့က်င့္ေရး ျပန္စမယ့္ ေန႔အျဖစ္သတ္မွတ္ထားၿပီး အဲဒီရက္ မတိုင္မွီ ‌ေရာဂါပ်ံႏွံ႔မႈ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါက ကာရင္တန္ျမက္ခင္းျပင္မွာ ေလ့က်င့္ေရးကို ပုံမွန္အတိုင္းျပဳလုပ္မယ္လို႔သိရပါတယ္။ အဲဒီ၁၀ရက္ေန႔မွာေတာ့ ေပါဂ့္ဘာ အျပင္ မားကပ္စ္ရရွ္ဖိုဒ့္ ကိုလည္း ေတြ႕ျမင္ရႏိုင္တာေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ မၾကာမီ အင္အားအျပည့္စုံဆုံးအသင္းျဖစ္လာႏိုင္ပါတယ္။ ယူႏိုက္တက္ဟာ ေနာက္ဆုံးကစားထားတဲ့ ၁၂ပြဲမွာ ေပးဂိုး၂ဂိုး ရဂိုး ၂၉ဂိုးနဲ႔အတူ သေရ ၃ပြဲက် ကာ ၈ ပြဲထိအႏိုင္ယူထားႏိုင္ပါတယ္။ အေစာပိုင္းကာလေတြမွာ ရလဒ္ေကာင္းေတြ မပိုင္ဆိုင္ထားတဲ့နည္းျပဆိုးလ္ရွားအတြက္ေတာ့ ေဖေဖာ္ဝါရီ နဲ႔မတ္လဆန္းဟာ နည္းျပသက္တမ္းတစ္ ေလွ်ာက္အေကာင္းဆုံးအခ်ိန္ပိုင္းျခားေတြျဖစ္ေနခဲ့ပါတယ္။ ယူႏိုက္တက္ အေနနဲ႔လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္အႀကီးမားဆုံး ရရွိေနခ်ိန္လည္းျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ လိဂ္ကိုရပ္နားလိုက္ရတာျဖစ္လို႔ အသင္းအတြက္မ်ားစြာနစ္နာခဲ့ရၿပီး လိဂ္သာဖ်က္သိမ္းခဲ့ရင္ အဆင့္ငါးသာရွိေနေသးတဲ့ယူႏိုက္တက္အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္က ေဝဝါးသြားပါလိမ့္မယ္။
အခုလို ေဘာလုံးပြဲေတြမရွိခင္အခ်ိန္အတြင္း ေဘာလုံးပရိသတ္ေတြက သူတို႔သေဘာက်တဲ့ကစားသမားေတြကို အေျပာင္သေဘာေလးေတြလုပ္ရင္း ပ်င္းစရာေကာင္းတဲ့အခ်ိန္ေတြကို ျဖတ္သန္းေနပါတယ္။ Footy Accumulators လို႔ နာမည္ရတဲ့ တြစ္တာ page တစ္ခုမွာေတာ့ ပရိသတ္ေတြကို အေပ်ာ္သေဘာနဲ႔ ဘယ္ကစားသမားက ဘယ္လိုဝတ္စုံ၊ ဘယ္လိုအလုပ္အကိုင္မ်ိဳးနဲ႔လိုက္သလဲဆိုတဲ့ post တစ္ခုတင္ခဲ့ပါတယ္။ အဲ့ဒီမွာ ပရိသတ္ေတြကလဲ ဘယ္ကစားသမားက ဘာနဲ႔လိုက္တယ္ စသျဖင့္ ေရးေပးခဲ့ပါတယ္။ အဲ့ဒီထဲက ရယ္စရာေကာင္းတဲ့ မွတ္ခ်က္ေတြကို မွ်ေဝေပးပါဦးမယ္။ ပရိသတ္ေတြကေတာ့ အန္ဒီေရာဘတ္ဆန္ကို Sky တီဗီ ပက္ေဂ့ခ္်ေတြလိုက္ေရာင္းတဲ့အလုပ္နဲ႔လိုက္တယ္လို႔ မွတ္ခ်က္ေပးထားၾကၿပီး ေဘာ္ဘီ ဖာမင္ႏိုကိုေတာ့ မိတ္ကပ္လိမ္းဆရာအလုပ္အကိုင္နဲ႔ လိုက္တယ္လို႔ မွတ္ခ်က္ေပးထားၾကပါတယ္။ ေနာက္တစ္ခါ ဖာနန္ဒက္စ္ကိုေတာ့ ေရလႊာေလ်ာစီးမွာ လူေတြကို အဝတ္အစားလိုက္ခြၽတ္တဲ့ လူလုပ္ပါလားလို႔ စေနာက္ထားၾကၿပီး ယူႏိုက္တက္ကစားသမားေဟာင္း ႐ြန္းနီကိုေတာ့ အုတ္ဖုတ္သမားလုပ္သင့္တယ္လို႔ မွတ္ခ်က္ေပးထားၾကပါတယ္။ ေဂ်ဆန္ ပန္ခ်ီယြန္ကိုေတာ့ အိမ္အေရာက္ပို႔ အေရာင္းသမားလုပ္ဖို႔ စေနာက္ထားၾကၿပီး ေပါလ္စခိုးကိုေတာ့ အသုဘေတြမွာ စီစဥ္ၫႊန္ၾကားသူလုပ္ဖို႔ စေနာက္ထားၾကပါေသးတယ္။
စတိဗ္ ဘ႐ုစ္ကိုေတာ့ ညစာခ်က္ေကြၽးတဲ့မိန္းမႀကီးတစ္ဦးပုံနဲ႔ ျဖတ္ညႇပ္ကပ္လုပ္ေပးထားၾကၿပီး ယာကူဘူကိုေတာ့ ကလပ္မွာ လုံၿခဳံေရးလုပ္ဖို႔ အႀကံေပးထားၾကျပန္ပါတယ္။ မာ့ခ္ ဗီဒူကာကိုေတာ့ အမဲသားစားၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ဖို႔ အႀကံေပးထားၾကပါေသးတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ဟာ လက္ရွိရာသီကိုအဆံုးသတ္နုိင္မယ့္ အေရးေပၚအစီအစဥ္ကို ေဖာ္ျမဴလာထုတ္ေနျပီး ဇြန္၁ရက္မွာ ျပန္စဖုိ႔ရည္ရြယ္ထားပါတယ္။ လက္က်န္၉၂ပြဲကို သတ္မွတ္ထားတဲ့ ၆ပတ္အတြင္း ကုန္ေအာင္ကန္ ရမွာျဖစ္ပါတယ္။ ၂၀၂၀-၂၁ရာသီကို ၾသဂုတ္အေစာပိုင္းမွာျပန္စျပီး ဘ႑ာေရးျပႆနာျဖစ္နုိင္တဲ့ အႏၱရာယ္ကိုေရွာင္လႊဲဖုိ႔ ရည္ရြယ္ထားပါတယ္။ ရာသီေဟာင္းနဲ႔ ရာသီသစ္ၾကားမွာ ၄ပတ္အခ်ိန္ရမွာျဖစ္ပါတယ္။ ရာသီၾကိဳခရီးလိုမ်ိဳးေတြ မရွိနုိင္ဖို႔ မ်ားသြားပါတယ္။ ဒါဟာ လစာေပးေခ်မႈအလြန္ၾကီးမားတဲ့ကလပ္ေတြအတြက္ ဘ႑ာေရးကပ္ဆိုက္မႈကို ေရွာင္လႊဲနုိင္ဖုိ႔ျဖစ္ပါတယ္။ ဇြန္၁ရက္ ပရီးမီးယားလိဂ္ျပန္စမဲ့အစီအစဥ္ထဲမွာ အက္ဖ္ေအဖလားကိုပါ အျပီးသတ္ခ်ဖုိ႔ ရည္ရြယ္ထားေၾကာင္းသိရပါတယ္။ ဒီလိုလုပ္နုိင္မွသာ ပင္မရုပ္သံလႊင့္ပါတနာေတြနဲ႔ ေျပလည္မွာျဖစ္သလို ရာသီသစ္လည္းစတင္နုိင္မွာျဖစ္ပါတယ္။