ယူနိုက်တက်ရဲ့ အဆိုးရွားဆုံးကစားသမားခေါ်ယူမှုစာရင်းထဲမှာ ဗန်ဒီဘိခ် ပါဝင်တော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ နယ်သာလန်လူငယ်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ တစ်ရာသီအကြာမှာပဲ အသင်းနဲ့လမ်းခွဲမယ့်အနေအထားဖြစ်နေပါပြီ။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ဗန်ဒီဘိခ်ဟာ အေဂျက်စ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့တာကြောင့် ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း(၄၀)အထိပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းမပြနိုင်တဲ့အပြင် ဒီရာသီပရီးမီးယားလိဂ်မှာ (၂)ပွဲသာပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တကြောင့် ရာသီကုန်ကျရင်အသင်းကထွက်တော့မယ်လို့ သတင်းတွေထွက်နေတာပါ။ တကယ်လို့သာ ဗန်ဒီဘိခ်အနေနဲ့ ရာသီကုန်မှာ ယူနိုက်တက်နဲ့လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင်တော့ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှုစာရင်းထဲမှာ ပါဝင်ဖို့နီးစပ်နေပါပြီ။

ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှု (၁၀)ခုကို ဖော်ပြခဲ့ပြီး အဲဒီထဲမှာ ဆန်းချက်ဇ်၊ ဒီမာရီယာ၊ ဗာရွန်အစရှိတဲ့ နာမည်ကျော်ကစားသမားတွေပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံးကစားသမားခေါ်ယူမှုအဖြစ် သတ်မှတ်ခံထားရတာက ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့ပါပဲ။

၂၀၁၈၊ ဒီဇင်ဘာလတုန်းက အာဆင်နယ်အသင်းကနေ အလွတ်နဲ့ပြောင်းရွှေ့ခဲ့သူ ဆန်းချက်ဇ်ဟာ တစ်ပတ်ကို ပေါင်(၅၆၀,၀၀၀)အထိရရှိခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ (၄၅)ပွဲကစား၊ (၅)ဂိုးသာသွင်းယူခဲ့သလို (၅၅၅)မိနစ်ကြာမှ တစ်ဂိုးနှုန်း သွင်းယူခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူခဲ့ရတာက (၁၂၄)ရက်အထိရှိခဲ့ပါတယ်။ ဆန်းချက်ဇ်ပြီးရင် အဆိုးရွားဆုံးခေါ်ယူမှုက ဒီမာရီယာပါပဲ။

၂၀၁၄ ခုနှစ်တုန်းက ရီးယဲလ်အသင်းဆီကနေ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၅၉.၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဒီမာရီယာဟာ ဂန္ထဝင်ကျောနံပါတ်(၇) ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ အထိုင်မကျခဲ့ဘဲ တစ်ရာသီအကြာမှာပဲ PSG အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။

Daily Mail သတင်းစာကဖော်ပြခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံးကစားသမားခေါ်ယူမှု စာရင်းထဲမှာ ဂိုးသမားတိုင်ဘီ၊ တိုက်စစ်ကစားသမား ဘီဘီ၊ ဗာရွန်၊ ဖယ်လ်ကာအို၊ ကလီဘာဆင်၊ ဂျမ်ဘာဂျမ်ဘာ၊ ရှဝိုင်းစတိုင်ဂါ၊ ဒီပိုင်းတို့လည်းပါဝင်ခဲ့ပြီး ဒီကစားသမားတွေဟာ ယူနိုက်တက်အသင်းမှာ နှစ်အကြာကြီးကစားခွင့်မရခဲ့ပါဘူး။

အဲဒါကြောင့် ဗန်ဒီဘိခ်အနေနဲ့ ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ဆက်လက်တိုက်ပွဲဝင်မလား၊ သတင်းထွက်နေသလို ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲပြီး အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်သွားမှာလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ရဲ႕ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈစာရင္းထဲမွာ ဗန္ဒီဘိခ္ ပါဝင္ေတာ့မွာလား?

ဒီရာသီ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့ နယ္သာလန္လူငယ္ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ တစ္ရာသီအၾကာမွာပဲ အသင္းနဲ႔လမ္းခြဲမယ့္အေနအထားျဖစ္ေနပါၿပီ။ အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ဗန္ဒီဘိခ္ဟာ ေအဂ်က္စ္အသင္းအတြက္ ေျခစြမ္းျပကစားခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း(၄၀)အထိေပးၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္အသင္းမွာ႐ုန္းကန္ေနရၿပီး ပုံမွန္ေျခစြမ္းမျပႏိုင္တဲ့အျပင္ ဒီရာသီပရီးမီးယားလိဂ္မွာ (၂)ပြဲသာပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့တေၾကာင့္ ရာသီကုန္က်ရင္အသင္းကထြက္ေတာ့မယ္လို႔ သတင္းေတြထြက္ေနတာပါ။ တကယ္လို႔သာ ဗန္ဒီဘိခ္အေနနဲ႔ ရာသီကုန္မွာ ယူႏိုက္တက္နဲ႔လမ္းခြဲျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈစာရင္းထဲမွာ ပါဝင္ဖို႔နီးစပ္ေနပါၿပီ။

ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈ (၁၀)ခုကို ေဖာ္ျပခဲ့ၿပီး အဲဒီထဲမွာ ဆန္းခ်က္ဇ္၊ ဒီမာရီယာ၊ ဗာ႐ြန္အစရွိတဲ့ နာမည္ေက်ာ္ကစားသမားေတြပါဝင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈအျဖစ္ သတ္မွတ္ခံထားရတာက ဆန္းခ်က္ဇ္ရဲ႕အေျပာင္းအေ႐ႊ႕ပါပဲ။ ၂၀၁၈၊ ဒီဇင္ဘာလတုန္းက အာဆင္နယ္အသင္းကေန အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဆန္းခ်က္ဇ္ဟာ တစ္ပတ္ကို ေပါင္(၅၆၀,၀၀၀)အထိရရွိခဲ့ေပမယ့္ ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ (၄၅)ပြဲကစား၊ (၅)ဂိုးသာသြင္းယူခဲ့သလို (၅၅၅)မိနစ္ၾကာမွ တစ္ဂိုးႏႈန္း သြင္းယူခဲ့တာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတာက (၁၂၄)ရက္အထိရွိခဲ့ပါတယ္။ ဆန္းခ်က္ဇ္ၿပီးရင္ အဆိုး႐ြားဆုံးေခၚယူမႈက ဒီမာရီယာပါပဲ။ ၂၀၁၄ ခုႏွစ္တုန္းက ရီးယဲလ္အသင္းဆီကေန ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၅၉.၇)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ဒီမာရီယာဟာ ဂႏၴဝင္ေက်ာနံပါတ္(၇)ဝတ္ဆင္ခြင့္ရခဲ့ေပမယ့္ ယူႏိုက္တက္အသင္းမွာ အထိုင္မက်ခဲ့ဘဲ တစ္ရာသီအၾကာမွာပဲ PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

Daily Mail သတင္းစာကေဖာ္ျပခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈ စာရင္းထဲမွာ ဂိုးသမားတိုင္ဘီ၊ တိုက္စစ္ကစားသမား ဘီဘီ၊ ဗာ႐ြန္၊ ဖယ္လ္ကာအို၊ ကလီဘာဆင္၊ ဂ်မ္ဘာဂ်မ္ဘာ၊ ရွဝိုင္းစတိုင္ဂါ၊ ဒီပိုင္းတို႔လည္းပါဝင္ခဲ့ၿပီး ဒီကစားသမားေတြဟာ ယူႏိုက္တက္အသင္းမွာ ႏွစ္အၾကာႀကီးကစားခြင့္မရခဲ့ပါဘူး။ အဲဒါေၾကာင့္ ဗန္ဒီဘိခ္အေနနဲ႔ ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔ ဆက္လက္တိုက္ပြဲဝင္မလား၊ သတင္းထြက္ေနသလို ရာသီကုန္မွာ အသင္းနဲ႔လမ္းခြဲၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈအျဖစ္ မွတ္တမ္းဝင္သြားမွာလားဆိုတာကေတာ့ . . .