ယူနိုက်တက်ရဲ့ လိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်တော့ရပ်သွားပြီ ..ဆိုးလ်ရှားရဲ့နည်းပြဘဝ ရပ်ဖို့ပဲကျန်တော့တယ် ..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ပရိသတ်တစ်ယောက်ဖြစ်နေပြီး ကိုယ့်အသင်းရှုံးပွဲတွေ့လို့ ပျော်ရတာ ဒေးဗစ်မွိုက်စ်ထွက်ခွာနီး၊

ဗန်ဟားလ်အထုတ်ခံရခါနီး၊ မော်ရင်ဟို ပြုတ်ခါနီးနဲ့ အခု လက်စတာနဲ့ပွဲအပြီးမှာပဲဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ချေပဂိုးသွင်းလိုက်ချိန်မှာတောင် ဒီကောင် ဘာလို့ဂိုးသွင်းလိုက်ရတာလဲဆိုပြီးတော့ စိတ်ထဲ မကျေမနပ်ဖြစ်မိသေးတယ်။

အခုဆိုရင် ဆိုးလ်ရှားရဲ့နည်းပြရာထူးကို ကာကွယ်ပေးဖို့ နောက်ဆုံးဆင်ခြေလေးဖြစ်တဲ့

ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်က (၂၉)ပွဲနဲ့ရပ်တန့်သွားပြီ။ ခြေစွမ်းအရလည်း တကယ်ရှုံးသင့်တဲ့ပွဲမျိုးပါပဲ။

မက်ဂွိုင်းယားဟာ ကြံ့ခိုင်မှုမရှိတာလား၊ ပွဲကစားချင်စိတ်မရှိတာလားဆိုတာတော့ ဝေခွဲရခက်တယ်။

ရှက်တတ်မယ်ဆိုရင် အသင်းခေါင်းဆောင်လက်ပတ်ကို ကိုယ့်ဘာသာကိုယ် ဆွဲချွတ်ပြီးတော့ ပွဲဆက်မကစားဘဲကွင်းထဲကနေထွက်လာဖို့ကောင်းတဲ့ပုံစံမျိုး။

လက်စတာလို ခက်ခဲတဲ့ပြိုင်ဘက်မျိုးကို ကိုယ့်အသင်းက (၁-ဝ)ဂိုးနဲ့ဦးဆောင်ထားနိုင်ချိန်မှာ

ချေပဂိုးကို လွယ်လွယ်ကူကူပေးလိုက်ရတဲ့ အမှားကျူးလွန်ခဲ့တဲ့ ကစားသမားတစ်ယောက်က

အသင်းခေါင်းဆောင်ရာထူးနဲ့လုံးဝကို မထိုက်တန်ဘူး။

ပြစ်ဒဏ်ဘောကန်ဖို့ အပျင်းကြီးနေတဲ့ မက်ဂွိုင်းယား သူ့ဆီ ဘောလုံးပြန်ရချိန်မှာလည်း အူကြောင်ကြောင်ပုံစံနဲ့

ဘောလုံးပျက်သွားတာက ပရီးမီးယားလိဂ်လိုအဆင့်မဟုတ်တော့ဘဲ မြန်မာနေရှင်နယ်လိဂ်အဆင့်မှာကစားရမယ့်အနေအထားဖြစ်သွားပြီ။

ပေါ့ဘာဟာ ကွင်းတွင်းခြေစွမ်းထက် သူ့ဆံပင်ပုံစံ ဘယ်လိုပြောင်းရင်ကောင်းမလဲဆိုတာပဲ အာရုံစိုက်နေပုံရပြီး

အခုပွဲမှာလည်း ပွဲထွက်(၁၁)ယောက်ပြည့်အောင်ထည့်ထားတာကလွဲလို့ ဘာမှကို မလုပ်နိုင်ခဲ့ဘူး။ သနားဖို့ကောင်းတာက ဒီဂီယာပါပဲ။

ဘယ်လိုမှသုံးစားမရတဲ့ ခံစစ်ကစားသမားတွေရဲ့အမှားတွေကြောင့် လက်စတာအသင်းရဲ့ အပိုင်ကန်ချက်တွေကို လက်နဲ့ရော၊

ခြေထောက်နဲ့ပါ တစ်ပွဲလုံးမနားတမ်းကာကွယ်ခဲ့ပေမယ့် သူ့ရဲ့ အားထုတ်မှုက ယူနိုက်တက်အသင်းနဲ့ မထိုက်တန်ခဲ့ပါဘူး။

လက်စတာအသင်းကတော့ ယူနိုက်တက်ဆိုရင် အချဉ်လို့သတ်မှတ်ထားတာကြောင့် ဒီပွဲမှာ ဂိုးပေးလိုက်ရတာတောင် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆက်ကစားပြီး

နိုင်လိုစိတ်ပြင်းပြင်း၊ ကြံ့ခိုင်မှုအားကောင်းကောင်းနဲ့ ရင်ဆိုင်ခဲ့တယ်။

ယူနိုက်တက်ကစားသမားတွေကတော့ အဝေးကွင်းဆိုရင် ဘယ်တော့မှမရှုံးဘူးလို့

ခံယူထားသလားလို့တောင် ထင်မှတ်ရပြီး (၂-၁)ဂိုးနဲ့ရှုံးနေချိန်မှာတောင် အမှားလုပ်လို့ကောင်းနေဆဲပဲ။

ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ဂရင်းဝုဒ်က အဝေးကန်ချက်ပြင်းပြန်နဲ့သွင်းယူခဲ့ပြီး ဂရင်းဝုဒ်လည်း အဲဒီတစ်လုံးကလွဲရင်

ကျန်တဲ့အချိန်တွေမှာ တောင်ပြေး၊ မြောက်ပြေးနဲ့ပဲအချိန်ကုန်နေရတာများပါတယ်။

လက်စတာအသင်းအတွက် ချေပဂိုးကို တိုင်လေမန်းစ်က ပညာသားပါတဲ့ကန်ချက်နဲ့ လှလှပပပြန်သွင်းယူပြခဲ့သလို

ဒုတိယပိုင်း(၇၈)မိနစ်မှာ နောက်ခံလူဆိုယွန်ချူက ဦးဆောင်ဂိုးပြန်သွင်းခဲ့တယ်။

အဲဒီဂိုးကလည်း မက်ဂွိုင်းယားရဲ့အမှား မကင်းပြန်ဘူး။ လူစားလဲရင် ဘယ်တော့မှ Tactical Change မလုပ်တတ်တဲ့ ဆိုးလ်ရှား ထုံးစံအတိုင်း

Direct Change ပဲလုပ်ပြီး ဆန်ချိုအစား ဒဏ်ရာကပြန်ကောင်းလာတဲ့ ရပ်ရှ်ဖို့ဒ်ကို လူစားခဲ့ပါတယ်။

(၈၂)မိနစ်မှာ လင်ဒီလော့ဖ်ရဲ့ Crossing ကနေ ရပ်ရှ်ဖို့ဒ်အလိုက်သင့်ပြေးပြီးတော့ ချေပဂိုးပြန်သွင်းခဲ့ပေမယ့် (၁၅)စက္ကန့်လောက်ပဲကြာပြီး

လက်စတာအသင်းက ဘောလုံးထိချက်(၄)ကြိမ်လောက်နဲ့ ဗာဒီက ဦးဆောင်ဂိုးပြန်သွင်းခဲ့တယ်။

ကိုယ့်အသင်းချေပဂိုးရချိန်မှာ ပွဲကို အာရုံစိုက်ကစားရမှာဖြစ်ပေမယ့် ယူနိုက်တက်ကစားသမားတွေ

လွယ်လွယ်ကူကူပဲ ဂိုးပြန်ပေးလိုက်တာကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။

လက်စတာအသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို လူစားဝင်လာတဲ့ ဒက်ကာက နာကျင်အချိန်ပိုမှာသွင်းယူခဲ့တာဖြစ်ပြီး

ဒီပွဲမှာ စီရော်နယ်လ်ဒို ခြေစွမ်းမပြနိုင်တဲ့အပြင် အပိုင်ဂိုးသွင်းခွင့်တွေကိုလည်း ဖြုန်းတီးပစ်ခဲ့ပါတယ်။

အဲဒါကြောင့်ပဲ ၂၀၂၀၊ ဇန်နဝါရီလ(၁၉)ရက်တုန်းက အန်ဖီးလ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၁)နှစ်ကျော်အကြာမှာ

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲနဲ့ပြန်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး

ပွဲကျပ်ကာလအစမှာပဲ ရှုံးပွဲကြုံခဲ့လို့ ဆိုးလ်ရှားအတွက်တော့ အခြေအနေမကောင်းတော့ဘူးလို့ပြောရမယ်။

ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ (၄)ပွဲရှုံး၊ ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက်နိုင်ပွဲပျောက်ဆိုတဲ့ မှတ်တမ်းက

ဆိုးလ်ရှားကို Goodbye လို့ပြောဖို့ လုံလောက်တဲ့အနေအထားဖြစ်နေပြီး ဂလေဇာမိသားစုက အခုအချိန်အထိ ဆိုးလ်ရှားဘက်က ရာနှုန်းပြည့်ရပ်တည်နေဦးမယ်ဆိုရင်တော့

ဆိုးလ်ရှားကို အိမ်မှာသာခေါ်ထားလိုက်ပါတော့လို့ပဲပြောလိုက်ပါရစေ . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ရဲ႕ လိဂ္အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ေတာ့ရပ္သြားၿပီ ..ဆိုးလ္ရွားရဲ႕နည္းျပဘဝ ရပ္ဖို႔ပဲက်န္ေတာ့တယ္ ..

ယူႏိုက္တက္ပရိသတ္တစ္ေယာက္ျဖစ္ေနၿပီး ကိုယ့္အသင္းရႈံးပြဲေတြ႕လို႔ ေပ်ာ္ရတာ ေဒးဗစ္မြိဳက္စ္ထြက္ခြာနီး၊ ဗန္ဟားလ္အထုတ္ခံရခါနီး၊ ေမာ္ရင္ဟို ျပဳတ္ခါနီးနဲ႔ အခု လက္စတာနဲ႔ပြဲအၿပီးမွာပဲျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ေခ်ပဂိုးသြင္းလိုက္ခ်ိန္မွာေတာင္ ဒီေကာင္ ဘာလို႔ဂိုးသြင္းလိုက္ရတာလဲဆိုၿပီးေတာ့ စိတ္ထဲ မေက်မနပ္ျဖစ္မိေသးတယ္။

အခုဆိုရင္ ဆိုးလ္ရွားရဲ႕နည္းျပရာထူးကို ကာကြယ္ေပးဖို႔ ေနာက္ဆုံးဆင္ေျခေလးျဖစ္တဲ့ ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္က (၂၉)ပြဲနဲ႔ရပ္တန႔္သြားၿပီ။ ေျခစြမ္းအရလည္း တကယ္ရႈံးသင့္တဲ့ပြဲမ်ိဳးပါပဲ။

မက္ဂြိဳင္းယားဟာ ႀကံ့ခိုင္မႈမရွိတာလား၊ ပြဲကစားခ်င္စိတ္မရွိတာလားဆိုတာေတာ့ ေဝခြဲရခက္တယ္။

ရွက္တတ္မယ္ဆိုရင္ အသင္းေခါင္းေဆာင္လက္ပတ္ကို ကိုယ့္ဘာသာကိုယ္ ဆြဲခြၽတ္ၿပီးေတာ့ ပြဲဆက္မကစားဘဲကြင္းထဲကေနထြက္လာဖို႔ေကာင္းတဲ့ပုံစံမ်ိဳး။

လက္စတာလို ခက္ခဲတဲ့ၿပိဳင္ဘက္မ်ိဳးကို ကိုယ့္အသင္းက (၁-၀)ဂိုးနဲ႔ဦးေဆာင္ထားႏိုင္ခ်ိန္မွာ ေခ်ပဂိုးကို လြယ္လြယ္ကူကူေပးလိုက္ရတဲ့ အမွားက်ဴးလြန္ခဲ့တဲ့ ကစားသမားတစ္ေယာက္က အသင္းေခါင္းေဆာင္ရာထူးနဲ႔လုံးဝကို မထိုက္တန္ဘူး။

ျပစ္ဒဏ္ေဘာကန္ဖို႔ အပ်င္းႀကီးေနတဲ့ မက္ဂြိဳင္းယား သူ႔ဆီ ေဘာလုံးျပန္ရခ်ိန္မွာလည္း အူေၾကာင္ေၾကာင္ပုံစံနဲ႔ ေဘာလုံးပ်က္သြားတာက ပရီးမီးယားလိဂ္လိုအဆင့္မဟုတ္ေတာ့ဘဲ ျမန္မာေနရွင္နယ္လိဂ္အဆင့္မွာကစားရမယ့္အေနအထားျဖစ္သြားၿပီ။

ေပါ့ဘာဟာ ကြင္းတြင္းေျခစြမ္းထက္ သူ႔ဆံပင္ပုံစံ ဘယ္လိုေျပာင္းရင္ေကာင္းမလဲဆိုတာပဲ အာ႐ုံစိုက္ေနပုံရၿပီး အခုပြဲမွာလည္း ပြဲထြက္(၁၁)ေယာက္ျပည့္ေအာင္ထည့္ထားတာကလြဲလို႔ ဘာမွကို မလုပ္ႏိုင္ခဲ့ဘူး။ သနားဖို႔ေကာင္းတာက ဒီဂီယာပါပဲ။

ဘယ္လိုမွသုံးစားမရတဲ့ ခံစစ္ကစားသမားေတြရဲ႕အမွားေတြေၾကာင့္ လက္စတာအသင္းရဲ႕ အပိုင္ကန္ခ်က္ေတြကို လက္နဲ႔ေရာ၊ ေျခေထာက္နဲ႔ပါ တစ္ပြဲလုံးမနားတမ္းကာကြယ္ခဲ့ေပမယ့္ သူ႔ရဲ႕ အားထုတ္မႈက ယူႏိုက္တက္အသင္းနဲ႔ မထိုက္တန္ခဲ့ပါဘူး။

လက္စတာအသင္းကေတာ့ ယူႏိုက္တက္ဆိုရင္ အခ်ဥ္လို႔သတ္မွတ္ထားတာေၾကာင့္ ဒီပြဲမွာ ဂိုးေပးလိုက္ရတာေတာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ ဆက္ကစားၿပီး ႏိုင္လိုစိတ္ျပင္းျပင္း၊ ႀကံ့ခိုင္မႈအားေကာင္းေကာင္းနဲ႔ ရင္ဆိုင္ခဲ့တယ္။

ယူႏိုက္တက္ကစားသမားေတြကေတာ့ အေဝးကြင္းဆိုရင္ ဘယ္ေတာ့မွမရႈံးဘူးလို႔ ခံယူထားသလားလို႔ေတာင္ ထင္မွတ္ရၿပီး (၂-၁)ဂိုးနဲ႔ရႈံးေနခ်ိန္မွာေတာင္ အမွားလုပ္လို႔ေကာင္းေနဆဲပဲ။

ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ဂရင္းဝုဒ္က အေဝးကန္ခ်က္ျပင္းျပန္နဲ႔သြင္းယူခဲ့ၿပီး ဂရင္းဝုဒ္လည္း အဲဒီတစ္လုံးကလြဲရင္ က်န္တဲ့အခ်ိန္ေတြမွာ ေတာင္ေျပး၊ ေျမာက္ေျပးနဲ႔ပဲအခ်ိန္ကုန္ေနရတာမ်ားပါတယ္။

လက္စတာအသင္းအတြက္ ေခ်ပဂိုးကို တိုင္ေလမန္းစ္က ပညာသားပါတဲ့ကန္ခ်က္နဲ႔ လွလွပပျပန္သြင္းယူျပခဲ့သလို ဒုတိယပိုင္း(၇၈)မိနစ္မွာ ေနာက္ခံလူဆိုယြန္ခ်ဴက ဦးေဆာင္ဂိုးျပန္သြင္းခဲ့တယ္။

အဲဒီဂိုးကလည္း မက္ဂြိဳင္းယားရဲ႕အမွား မကင္းျပန္ဘူး။ လူစားလဲရင္ ဘယ္ေတာ့မွ Tactical Change မလုပ္တတ္တဲ့ ဆိုးလ္ရွား ထုံးစံအတိုင္း Direct Change ပဲလုပ္ၿပီး ဆန္ခ်ိဳအစား ဒဏ္ရာကျပန္ေကာင္းလာတဲ့ ရပ္ရွ္ဖို႔ဒ္ကို လူစားခဲ့ပါတယ္။

(၈၂)မိနစ္မွာ လင္ဒီေလာ့ဖ္ရဲ႕ Crossing ကေန ရပ္ရွ္ဖို႔ဒ္အလိုက္သင့္ေျပးၿပီးေတာ့ ေခ်ပဂိုးျပန္သြင္းခဲ့ေပမယ့္ (၁၅)စကၠန႔္ေလာက္ပဲၾကာၿပီး လက္စတာအသင္းက ေဘာလုံးထိခ်က္(၄)ႀကိမ္ေလာက္နဲ႔ ဗာဒီက ဦးေဆာင္ဂိုးျပန္သြင္းခဲ့တယ္။

ကိုယ့္အသင္းေခ်ပဂိုးရခ်ိန္မွာ ပြဲကို အာ႐ုံစိုက္ကစားရမွာျဖစ္ေပမယ့္ ယူႏိုက္တက္ကစားသမားေတြ လြယ္လြယ္ကူကူပဲ ဂိုးျပန္ေပးလိုက္တာကေတာ့ တကယ့္ကို စိတ္ပ်က္စရာပါပဲ။

လက္စတာအသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို လူစားဝင္လာတဲ့ ဒက္ကာက နာက်င္အခ်ိန္ပိုမွာသြင္းယူခဲ့တာျဖစ္ၿပီး ဒီပြဲမွာ စီေရာ္နယ္လ္ဒို ေျခစြမ္းမျပႏိုင္တဲ့အျပင္ အပိုင္ဂိုးသြင္းခြင့္ေတြကိုလည္း ျဖဳန္းတီးပစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ပဲ ၂၀၂၀၊ ဇန္နဝါရီလ(၁၉)ရက္တုန္းက အန္ဖီးလ္မွာ လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း (၁)ႏွစ္ေက်ာ္အၾကာမွာ ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲနဲ႔ျပန္ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ပြဲက်ပ္ကာလအစမွာပဲ ရႈံးပြဲႀကဳံခဲ့လို႔ ဆိုးလ္ရွားအတြက္ေတာ့ အေျခအေနမေကာင္းေတာ့ဘူးလို႔ေျပာရမယ္။

ၿပိဳင္ပြဲစုံေနာက္ဆုံး(၇)ပြဲမွာ (၄)ပြဲရႈံး၊ ပရီးမီးယားလိဂ္ေနာက္ဆုံး(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆိုတဲ့ မွတ္တမ္းက ဆိုးလ္ရွားကို Goodbye လို႔ေျပာဖို႔ လုံေလာက္တဲ့အေနအထားျဖစ္ေနၿပီး ဂေလဇာမိသားစုက အခုအခ်ိန္အထိ ဆိုးလ္ရွားဘက္က ရာႏႈန္းျပည့္ရပ္တည္ေနဦးမယ္ဆိုရင္ေတာ့ ဆိုးလ္ရွားကို အိမ္မွာသာေခၚထားလိုက္ပါေတာ့လို႔ပဲေျပာလိုက္ပါရေစ . .