ယူနိုက်တက်ရဲ့ ပွဲစဥ်တိုင်းမှာ ကစားခွင့်ရသင့်ကြောင်း သက်သေပြသွားခဲ့တဲ့ ဒီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာမက် ဒီယာလိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ အေစီမီလန်အသင်းနဲ့ ပွဲစဥ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ပေးစွမ်းနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် ပြိုင်ပွဲ ပထမအကျော့ ပွဲစဥ်မှာ မီလန်အတွက် သွင်းယူခဲ့တဲ့ ကက်ဆီရဲ့ အဖွင့်ဂိုးကို VAR က ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

ယူနိုက်တက် အနေနဲ့ ပထမပိုင်း မပြီးဆုံးခင်မှာပဲ ဦးဆောင်ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် သရဲနီ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယားက အနီးကပ်အနေအထားကနေ လွဲချော်ခဲ့ပါတယ်။ အဲ့ဒီနောက် အသက် ( ၁၈ ) နှစ်အရွယ် အိုင်ဗရီကို့စ် တောင်ပံ ကစားသမားက အန်သိုနီ မာရှယ် နေရာ လူစားဝင်ပြီး ယူနိုက်တက်အတွက် ( ၃ ) ပွဲမြောက် ကစားခွင့်ရခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အတ္တလန္တာကနေ ပေါင် ( ၁၉ ) သန်းနဲ့ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာတဲ့ ဒီယာလိုအပေါ် များစွာ မျှော်လင့်လျက်ရှိကြပါတယ်။ လူငယ်ကစားသမားဟာ အိုလေ ဂန်နား ဆိုးရှားရဲ့ ယုံကြည်မှုကို ရရှိပြီး ( ၅ ) မိနစ်အတွင်းမှာပဲ ဘရူနို ဖာနန်ဒက်စ်ရဲ့ပေးပို့မှုမှတစ်ဆင့် မီလန်ဂိုးသမား ဒွန်နာရူးမားကို ခေါင်းတိုက်ကျော်ဖြတ်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဆိုးရှားက အဆိုပါပွဲစဥ်အပြီး ဒီယာလိုကို ချီးကျူးခဲ့ပေမယ့် သင်ယူစရာ များစွာရှိနေသေးကြောင်း ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် နည်းပြက BT Sport နဲ့ တွေ့ဆုံရာမှာ “ သူက ဖန်တီးနိုင်စွမ်းကောင်းပြီး လွတ်လွတ်လပ်လပ် ကစားတတ်သူပါ။” လို့ ပြောဆိုခဲ့ပါတယ်။

“ ဘရူနိုရဲ့ ကောင်းမွန်တဲ့ ပေးပို့မှုကနေ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တယ်။ သူက သင်ယူစရာ များစွာရှိနေပါသေးတယ်။ အဲ့ဒီနောက်မှာ သူဟာ ပိုကောင်းလာပါလိမ့်မယ်။” ယူနိုက်တက် နှင့် မီလန်တို့ရဲ့ ဒုတိယအကျော့ပွဲစဥ်ကို မတ်လ ( ၁၈ ) ရက်နေ့တွင် ဆန်စီရိုကွင်းမှာ ကစားရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ရဲ႕ ပြဲစဥ္တိုင္းမွာ ကစားခြင့္ရသင့္ေၾကာင္း သက္ေသျပသြားခဲ့တဲ့ ဒီယာလို

အာမက္ ဒီယာလိုဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အိုးထရတ္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ေအစီမီလန္အသင္းနဲ႔ ပြဲစဥ္တြင္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းအတြက္ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ေပးစြမ္းႏိုင္ခဲ့ပါတယ္။ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲ ပထမအေက်ာ့ ပြဲစဥ္မွာ မီလန္အတြက္ သြင္းယူခဲ့တဲ့ ကက္ဆီရဲ႕ အဖြင့္ဂိုးကို VAR က ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။

ယူႏိုက္တက္ အေနနဲ႔ ပထမပိုင္း မၿပီးဆုံးခင္မွာပဲ ဦးေဆာင္ဂိုးရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ သရဲနီ အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြဲယားက အနီးကပ္အေနအထားကေန လြဲေခ်ာ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ အသက္ ( ၁၈ ) ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္ ေတာင္ပံ ကစားသမားက အန္သိုနီ မာရွယ္ ေနရာ လူစားဝင္ၿပီး ယူႏိုက္တက္အတြက္ ( ၃ ) ပြဲေျမာက္ ကစားခြင့္ရခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္း အတၱလႏၲာကေန ေပါင္ ( ၁၉ ) သန္းနဲ႔ အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာတဲ့ ဒီယာလိုအေပၚ မ်ားစြာ ေမွ်ာ္လင့္လ်က္ရွိၾကပါတယ္။ လူငယ္ကစားသမားဟာ အိုေလ ဂန္နား ဆိုးရွားရဲ႕ ယုံၾကည္မႈကို ရရွိၿပီး ( ၅ ) မိနစ္အတြင္းမွာပဲ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ေပးပို႔မႈမွတစ္ဆင့္ မီလန္ဂိုးသမား ဒြန္နာ႐ူးမားကို ေခါင္းတိုက္ေက်ာ္ျဖတ္ၿပီး အဖြင့္ဂိုး သြင္းယူေပးခဲ့ပါတယ္။

ဆိုးရွားက အဆိုပါပြဲစဥ္အၿပီး ဒီယာလိုကို ခ်ီးက်ဴးခဲ့ေပမယ့္ သင္ယူစရာ မ်ားစြာရွိေနေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္ နည္းျပက BT Sport နဲ႔ ေတြ႕ဆုံရာမွာ “ သူက ဖန္တီးႏိုင္စြမ္းေကာင္းၿပီး လြတ္လြတ္လပ္လပ္ ကစားတတ္သူပါ။” လို႔ ေျပာဆိုခဲ့ပါတယ္။ “ ဘ႐ူႏိုရဲ႕ ေကာင္းမြန္တဲ့ ေပးပို႔မႈကေန သြင္းဂိုးတစ္ဂိုး ရယူႏိုင္ခဲ့တယ္။ သူက သင္ယူစရာ မ်ားစြာရွိေနပါေသးတယ္။ အဲ့ဒီေနာက္မွာ သူဟာ ပိုေကာင္းလာပါလိမ့္မယ္။”

ယူႏိုက္တက္ ႏွင့္ မီလန္တို႔ရဲ႕ ဒုတိယအေက်ာ့ပြဲစဥ္ကို မတ္လ ( ၁၈ ) ရက္ေန႔တြင္ ဆန္စီ႐ိုကြင္းမွာ ကစားရဖို႔ရွိေနပါတယ္။