ယူနိုက်တက်ရဲ့ ပေါင်သန်း (၁၃၀) တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဘာစီလိုနာအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ဘာစီလိုနာ ကြယ်ပွင့်ကစားသမားအန်ဆူဖာတီကို ပေါင်သန်း ( ၁၃၀ ) တန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ အသက် ( ၁၈ ) နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းနဲ့ အတူ ခြေစွမ်းပြကစားခဲ့ပြီး ( ၃၃ ) ပွဲမှာ ( ၈ ) ဂိုး သွင်းယူခဲ့ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။

ဘာစီလိုနာအခြေစိုက် Mundo Deportivo သတင်းစာအရ ဖာတီရဲ့ အလားအလာရှိတဲ့ ခြေစွမ်းကြောင့် ယူနိုက်တက်က ယခုလို မြှင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာလို့ဆိုထားပါတယ်။ ဘာစီလိုနာ ဥက္ကဌဟောင်း ဘာတိုမြူက အသင်းရဲ့ အတောက်ပဆုံးကြယ်ပွင့်ကစားသမားကို လက်မလွတ်လိုတဲ့အတွက် အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အဆိုပါ ပြောင်းရွေ့ကြေးကြောင့် ဖာတီအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ နေမာ နှင့် အမ်ဘာပေတုိ့ပြီးနောက် တတိယမြောက် ကမ္ဘာ့တန်ဖိုးအမြှင့်မားဆုံး ကစားသမားဖြစ်လာဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အခြေစိုက် နောက်ထပ်သတင်းစာတစ်စောင်ဖြစ်တဲ့ Sport အပါအဝင် စပိန်အခြေစိုက် အားကစားဂျာနယ်တွေကလည်း ယူနိုက်တက်အနေနဲ့ ဘာစီလိုနာကြယ်ပွင့်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ယခင်က ဖော်ပြခဲ့ကြဖူးပါတယ်။

ဘာစီလုိနာအသင်းဟာ ဒီရာသီမှာ ဖာတီရဲ့ ဒဏ်ရာပြဿနာနဲ့ အတူ ရလာဒ်ဆိုးရွားမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဖာတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘဘာလ ( ၇ ) ရက်နေ့ ရီးရဲဘက်တစ်အသင်းကို ( ၅ – ၂ ) အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ခွဲ့စိတ်မှုပြုလုပ်ခဲ့ရပြီး လပေါင်းများစွာ အနားယူနေခဲ့ရပါတယ်။ ဖာတီအနေနဲ့ ယခုနှစ်ရာသီအစမှာ ခြေစွမ်းပြ ကစားခဲ့ပြီး ( ၁၂ ) ပွဲမှာ ( ၅ ) ဂိုး သွင်းယူခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ရဲ႕ ေပါင္သန္း (၁၃၀) တန္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တဲ့ ဘာစီလိုနာအသင္း

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ဘာစီလိုနာ ၾကယ္ပြင့္ကစားသမားအန္ဆူဖာတီကို ေပါင္သန္း ( ၁၃၀ ) တန္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရေၾကာင္း သတင္းအရင္းအျမစ္ေတြအရ သိရပါတယ္။ အသက္ ( ၁၈ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ေႏြရာသီက ဘာစီလိုနာအသင္းနဲ႔ အတူ ေျခစြမ္းျပကစားခဲ့ၿပီး ( ၃၃ ) ပြဲမွာ ( ၈ ) ဂိုး သြင္းယူခဲ့ၿပီး အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈရရွိခဲ့ပါတယ္။

ဘာစီလိုနာအေျခစိုက္ Mundo Deportivo သတင္းစာအရ ဖာတီရဲ႕ အလားအလာရွိတဲ့ ေျခစြမ္းေၾကာင့္ ယူႏိုက္တက္က ယခုလို ျမႇင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့တာလို႔ဆိုထားပါတယ္။ ဘာစီလိုနာ ဥကၠဌေဟာင္း ဘာတိုျမဴက အသင္းရဲ႕ အေတာက္ပဆုံးၾကယ္ပြင့္ကစားသမားကို လက္မလြတ္လိုတဲ့အတြက္ အဆိုပါ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။

အဆိုပါ ေျပာင္းေ႐ြ႕ေၾကးေၾကာင့္ ဖာတီအေနနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ ၾကယ္ပြင့္ ကစားသမားေတြျဖစ္တဲ့ ေနမာ ႏွင့္ အမ္ဘာေပတုိ႔ၿပီးေနာက္ တတိယေျမာက္ ကမာၻ႔တန္ဖိုးအျမႇင့္မားဆုံး ကစားသမားျဖစ္လာဖို႔ နီးစပ္ခဲ့တာ ျဖစ္ပါတယ္။ ဘာစီလိုနာ အေျခစိုက္ ေနာက္ထပ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Sport အပါအဝင္ စပိန္အေျခစိုက္ အားကစားဂ်ာနယ္ေတြကလည္း ယူႏိုက္တက္အေနနဲ႔ ဘာစီလိုနာၾကယ္ပြင့္ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း ယခင္က ေဖာ္ျပခဲ့ၾကဖူးပါတယ္။

ဘာစီလုိနာအသင္းဟာ ဒီရာသီမွာ ဖာတီရဲ႕ ဒဏ္ရာျပႆနာနဲ႔ အတူ ရလာဒ္ဆိုး႐ြားမႈေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဖာတီဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘဘာလ ( ၇ ) ရက္ေန႔ ရီးရဲဘက္တစ္အသင္းကို ( ၅ – ၂ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ခြဲ႕စိတ္မႈျပဳလုပ္ခဲ့ရၿပီး လေပါင္းမ်ားစြာ အနားယူေနခဲ့ရပါတယ္။ ဖာတီအေနနဲ႔ ယခုႏွစ္ရာသီအစမွာ ေျခစြမ္းျပ ကစားခဲ့ၿပီး ( ၁၂ ) ပြဲမွာ ( ၅ ) ဂိုး သြင္းယူခဲ့ပါတယ္။