ယူနိုက်တက်ရဲ့ နာမည်ကျော်ဂျာစီ (၇) က ကျိန်စာသင့်နေတာဆိုတဲ့ စကားတွေကို ဒီမာရီယာရှင်းပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီမာရီယာကို၂၀၁၄ မှာ ရီးရဲလ်မက်ဒရစ်ကနေ အဲ့သည့်အချိန်က ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၅၉.၇)သန်းနဲ့ ယူနိုက်တက်က ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ၇ ကိုလည်း ဝတ်ဆင်စေခဲ့သလို အသင်းကိုရောက်ရှိလာကာစ အစောပိုင်းမှာတော့ ဒီမာရီယာက ခြေစွမ်းပြသနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပွဲထွက်ခွင့်တောင် ပုံမှန်မရတော့တဲ့အထိ ဖြစ်သွားခဲ့ပြီး တစ်ရာသီအကြာမှာပဲ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အခုအချိန်မှာတော့ သူဟာ ပီအက်စ်ဂျီအသင်းမှာ ကစားနေခဲ့တာ (၆)ရာသီရှိနေခဲ့ပါပြီ။ မကြာသေးခင်ကလည်း အသင်းနဲ့ စာချုပ် သက်တမ်း တိုးထားခဲ့တာကြောင့် ၂၀၂၂ အထိ ပီအက်စ်ဂျီအသင်းမှာ ရှိနေအုံးမှာပါ။

သူဟာ ယူနိုက်တက်အတွက် ၃၂ ပွဲသာ ကစားပေးခဲ့ပြီး ၄ ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက် အသင်းကိုရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့် အသင်းကနေ ပြန်လည်ထွက်ခွာသွားကြသူတွေထဲမှာ

သူ့ရဲ့အပြုအမူ အပြောအဆိုတွေကြောင့် ပရိသတ်တွေ အမုန်းဆုံးကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။

အခုတစ်ခါမှာလည်း TyC sports နဲ့အင်တာဗျူးမှာ ဒီမာရီယာက “ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကို ကျွန်တော် ေ-ာက်ဂရုမစိုက်ခဲ့ဘူး၊

အစပိုင်းမှာ ယုနိုက်တက်က လူတွေက ဒီကျောနံပါတ်အကြောင်းပဲ ပြောနေကြတာပါပဲ၊ အဲဒါက ပုံမှန် ဂျာစီတစ်ထည်ပဲလေ၊ ဘာမှကိုထူးခြားမှုရှိမနေပါဘူး။

ယူနိုက်တက်မှာ ကျွန်တော့်အတွက် ပြဿနာက နည်းပြ လူးဝစ်ဗန်ဂါးဗျ၊ ကျွန်တော့် ကစားသမားဘဝမှာ အဆိုးရွားဆုံးတွေ့ဆုံခဲ့ဘူးတဲ့နည်းပြပါပဲ။

ကျွန်တော် ပွဲမှာ ဂိုးသွင်းတယ်၊ ဂိုးဖန်တီးနိုင်ခဲ့တယ်၊ အဲ့လိုဖြစ်လို့ နောက်တစ်နေ့ လေ့ကျင့်ရေးကွင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ ရောက်လာချိန်မှာ

သူ့ဆီကရခဲ့တဲ့ စကားက မနေ့ကပွဲမှာ ကျွန်တော် ဘောလုံး မှားပေးမိတာကို အပြစ်တင်တာပါပဲ။

နောက် ကျွန်တော့ကို အရန်ခုံပို့တယ်။ သူက သူ့ကို ဖိအားပေးလာနိုင်တဲ့ ကစားသမားတွေကို မကြိုက်တာတော့ အမှန်ပဲ။”

“နောက်တစ်ရက်ဆို ကျွန်တော့်ကို တခြားနေရာပြောင်းကစားခိုင်းတယ်၊

သူက ကစားသမားတွေ သူ့ထက်ပိုပြီး ထင်ရှားလာမှာကို သဘောကျတဲ့သူမဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ရဲ႕ နာမည္ေက်ာ္ဂ်ာစီ (၇) က က်ိန္စာသင့္ေနတာဆိုတဲ့ စကားေတြကို ဒီမာရီယာရွင္းၿပီ

ဒီမာရီယာကို၂၀၁၄ မွာ ရီးရဲလ္မက္ဒရစ္ကေန အဲ့သည့္အခ်ိန္က ၿဗိတိန္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၅၉.၇)သန္းနဲ႔ ယူႏိုက္တက္က ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။ အသင္းရဲ႕ ဂႏၲဝင္ ေက်ာနံပါတ္ ၇ ကိုလည္း ဝတ္ဆင္ေစခဲ့သလို အသင္းကိုေရာက္ရွိလာကာစ အေစာပိုင္းမွာေတာ့ ဒီမာရီယာက ေျခစြမ္းျပသႏိုင္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ပြဲထြက္ခြင့္ေတာင္ ပုံမွန္မရေတာ့တဲ့အထိ ျဖစ္သြားခဲ့ၿပီး တစ္ရာသီအၾကာမွာပဲ ပီအက္စ္ဂ်ီအသင္းဆီကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ သူဟာ ပီအက္စ္ဂ်ီအသင္းမွာ ကစားေနခဲ့တာ (၆)ရာသီရွိေနခဲ့ပါၿပီ။ မၾကာေသးခင္ကလည္း အသင္းနဲ႕ စာခ်ဳပ္ သက္တမ္း တိုးထားခဲ့တာေၾကာင့္ ၂၀၂၂ အထိ ပီအက္စ္ဂ်ီအသင္းမွာ ရွိေနအံုးမွာပါ။ သူဟာ ယူႏိုက္တက္အတြက္ ၃၂ ပြဲသာ ကစားေပးခဲ့ၿပီး ၄ ဂိုးသာသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ အသင္းကိုေရာက္ရွိလာၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသင္းကေန ျပန္လည္ထြက္ခြာသြားၾကသူေတြထဲမွာ သူ႔ရဲ႕အျပဳအမူ အေျပာအဆိုေတြေၾကာင့္ ပရိသတ္ေတြ အမုန္းဆုံးကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္။

အခုတစ္ခါမွာလည္း TyC sports နဲ႔အင္တာဗ်ဴးမွာ ဒီမာရီယာက “ယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ကို ကြၽန္ေတာ္ ေ-ာက္ဂ႐ုမစိုက္ခဲ့ဘူး၊ အစပိုင္းမွာ ယုႏိုက္တက္က လူေတြက ဒီေက်ာနံပါတ္အေၾကာင္းပဲ ေျပာေနၾကတာပါပဲ၊ အဲဒါက ပုံမွန္ ဂ်ာစီတစ္ထည္ပဲေလ၊ ဘာမွကိုထူးျခားမႈရွိမေနပါဘူး။ ယူႏိုက္တက္မွာ ကြၽန္ေတာ့္အတြက္ ျပႆနာက နည္းျပ လူးဝစ္ဗန္ဂါးဗ်၊ ကြၽန္ေတာ့္ ကစားသမားဘဝမွာ အဆိုး႐ြားဆုံးေတြ႕ဆုံခဲ့ဘူးတဲ့နည္းျပပါပဲ။

ကြၽန္ေတာ္ ပြဲမွာ ဂိုးသြင္းတယ္၊ ဂိုးဖန္တီးႏိုင္ခဲ့တယ္၊ အဲ့လိုျဖစ္လို႔ ေနာက္တစ္ေန႔ ေလ့က်င့္ေရးကြင္းကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေရာက္လာခ်ိန္မွာ သူ႔ဆီကရခဲ့တဲ့ စကားက မေန႔ကပြဲမွာ ကြၽန္ေတာ္ ေဘာလုံး မွားေပးမိတာကို အျပစ္တင္တာပါပဲ။ ေနာက္ ကြၽန္ေတာ့ကို အရန္ခုံပို႔တယ္။ သူက သူ႔ကို ဖိအားေပးလာႏိုင္တဲ့ ကစားသမားေတြကို မႀကိဳက္တာေတာ့ အမွန္ပဲ။”

“ေနာက္တစ္ရက္ဆို ကြၽန္ေတာ့္ကို တျခားေနရာေျပာင္းကစားခိုင္းတယ္၊ သူက ကစားသမားေတြ သူ႔ထက္ပိုၿပီး ထင္ရွားလာမွာကို သေဘာက်တဲ့သူမဟုတ္ဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။