ယူနိုက်တက်ရဲ့ ဒါဘီနိုင်ပွဲအပေါ်ဘယ်သူတွေဘာတွေပြောကြသလဲ?
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ညက ကစားသွားခဲ့တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ တွေ့ဆုံမှုမှာ ယူနိုက်တက်တို့က (၂-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်ပေးဇယားအဆင့်(၄)နေရာက ချဲလ်ဆီးကို (၃)မှတ်အကွာနဲ့ ဆက်လတ်ပြီးတော့ဖိအားပေးထားနိုင်ခဲ့ပါတယ်။ ဒီ်တစ်ကြိမ်တွေ့ဆုံမှုဟာ (၄)ကြိမ်မြောက်ဖြစ်ပြီးတော့ (၄)ကြိမ်မြောက်တွေ့ဆုံမှုမှာ ယူနိုက်တက်တို့က (၃)ကြိမ်မြောက်အနိုင်ယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ခြေစွမ်း၊ မာရှယ်ရဲ့ပူးပေါင်းမှု နဲ့ ပထမပိုင်းတစ်ဂိုးအပြင်အီဒါဆန်အမှားကို ဖမ်းမိပြီး နောက်ဆုံးမိနစ်မှာသွင်းယူခဲ့တဲ့ မက်တိုမီနေးတို့ရဲ့ဂိုးတွေနဲ့ ယူနိုက်တက်တို့ ကောင်းကင်ကို အနီရောင်ခြယ်နိုင်ခဲ့ကြပါတယ်။ ပွဲအပြီးမန်းစီးတီးနည်းပြ ဂွာဒီယိုလာကတော့အခုလိုပြောပါတယ်။
photo internet
“ကျွန်တော် တို့ ကစားပုံ ကောင်းမွန် ခဲ့ ပါတယ် ။ ကျွန်တော် တို့ဟာ အဆုံးသတ် ပိုင်းမှာ လိုအပ်ချက် အနည်းငယ် ရှိခဲ့ ကြပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ ဒုတိယ ပိုင်းမှာ ပိုမို ကောင်းမွန်အောင် ကစား နိုင်ခဲ့ ကြပါတယ် ။ ခြုံပြော ရမယ် ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တစ်ခု ပါပဲ ။ကျွန်တော် တို့ဟာ ပွဲချိန် အတွင်း တူညီတဲ့ ပုံစံ တစ်ခု နဲ့ ယှဉ်ပြိုင် ကစား ခဲ့ကြ ပြီး သူတို့ တွေကို ဖိအား ပေးနိုင် ခဲ့ကြ ပါတယ် ။ ပြီးတော့ ကျွန်တော် တို့ရဲ့ ခံစစ် နဲ့ အသင်းရဲ့ ကစားပုံ ဟာလည်း တကယ်ပဲ ကောင်းမွန် ခဲ့ ပါတယ် ။ ကျွန်တော် တို့ တွေဟာ ပွဲစဉ် အတွင်း ထဲထဲဝင်ဝင် ကစား နိုင်ခဲ့ ကြ ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ အိုးလ် ထရပ်ဖို့ဒ် ကို လာရောက်ပြီး ကောင်းကောင်း ကစားပြ နိုင်ခဲ့ ကြတယ်လို့ ဆိုရ ပါ့မယ် ။ သူတို့တွေ ကတော့ အခြေအနေ တွေကို စောင့်ကြည့် ခဲ့ကြပြီး ဒန်နီယယ် ဂျိမ်းစ် နဲ့ အန်သိုနီ မာရှယ် တို့ ကောင်တာ တိုက်စစ် ကစား နိုင်ရေး အတွက် အဝေးဘော ပေးပို့ မှုတွေ လုပ်ဆောင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ကတော့ ကိုယ့်ရဲ့ ပွဲစဉ် ကို အကောင်းဆုံး ဖြစ်အောင် ကစား နိုင်ခဲ့ ကြပါတယ် ။ ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်တော် တို့ ဂိုးတွေ ပေးခဲ့ ရပါတယ် ။ သူတို့ တွေက ကျွန်တော် တို့ရဲ့ အမှား တွေကို အခွင့်အရေး ယူနိုင် ဖို့ စောင့်ဆိုင်း နေခဲ့ ကြတာပါ။ ကွင်းလယ် ကစားသမား ဖြစ်သူ ကယ်ဗင် ဒီဘရိုင်း ရဲ့ဒဏ်ရာအနေအထားကတော့ တိုးတက်ကောင်းမွန်နေပါပြီ။ သူ အသင်း အတွက် ဘယ်တော့ ပါဝင် ကစား ပေးနိုင် မလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။” ဆိုပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာ က မှတ်ချက်ပေး ပြောဆိုထားပါတယ်။
photo internet
ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့ဝင့်ကြွားနေတဲ့စကားသံတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။ “ကျွန်တော့် အတွက် ကတော့ ဒါဟာ ကျွန်တော် တို့ မှန်ကန်တဲ့ လမ်းကြောင်း တစ်ခု အပေါ် ရောက်ရှိ နေ ကြပြီ ၊ ဆက်လက် တိုးတက် ကောင်းမွန် နေကြပြီ ဆိုတာ ကို သက်သေ ပြတာပါပဲ ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ပါ။ ကျွန်တော် တို့ဟာ အထက်မှာ ရှိနေ ကြတဲ့ အသင်း တွေကို လိုက်ဖမ်း နိုင်ဖို့ ကြိုးစား အားထုတ် နေကြ ပါတယ်။ကျွန်တော် တို့ဟာ အချိန်တိုင်း တိုးတက် ကောင်းမွန် လာကြတယ် လို့ ခံစား နေရ ပါတယ် ။ ကျွန်တော် တို့ တွေဟာ အမှတ် ပေး ဖလား ဆုကို စိန်ခေါ် နိုင်ဖို့ အတွက် ကစားသမား တစ်ဦး ၊ နှစ်ဦး ၊ သုံးဦးလောက် လိုနေ သေးတယ် ဆိုတာ ကို သိကြ ပါတယ် ။ ပြီးတော့ အတွေ့အကြုံ အချို့လည်း လိုအပ်နေပါသေးတယ်။ လက်ရှိ ကျွန်တော် တို့ရဲ့ ကစားသမား တွေနဲ့ အသင်း ရဲ့ ပရိသတ် တွေ အကြား ရှိနေတဲ့ ဆက်ဆံရေး က ကျွန်တော့် အတွက် အဓိပ္ပါယ် အများကြီး ရှိလှ ပါတယ် ။ကောင်လေးတွေက အလုပ် ကြိုးစား သူတွေ ၊ ရည်မှန်းချက် စိတ်ကူး ရှိတဲ့ သူတွေ ၊ ယုံကြည် နိုင်ဖွယ် စွမ်းရည် ရှိနေ ကြတဲ့ သူတွေ ပါပဲ ။ သူတို့ တွေဟာ အသင်း အတွက် အရာရာ အားလုံး ပေးဆပ် ကစား နေကြ ပါတယ်”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။
photo internet
ယူနိုက်တက်အသင်းရဲ့ကွင်းလယ်လူ တော်မီနေးကတော့ မန်စီးတီးကို ၂ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်မှာ မန်စီးတီးဖန်သူငယ်ချင်း တချို့ကို သတိပေးဖို့မစောင့်နိုင်အောင် ဖြစ်ရတယ်လို့ဆိုပါတယ်။ “ကျွန်တော် မန်စီးတီးဖန် တစ်ယောက်နှစ်ယောက်နဲ့ သိပါတယ်။ ဒါကြောင့် သူတို့တွေကို ကြွားဖို့ ကောင်းတဲ့အချိန်ပါပဲ။ ကျွန်တော်တို့အတွက် ချိုမြိန်တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီပွဲမှာ ကျွန်တော်တို့ ဂိုးစောစောရခဲ့သလို ပွဲကိုလည်း ကောင်းစွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါဘီပွဲနိုင်ဖို့ ကစားသမားတွေ ဘယ်လိုအရေးပါခဲ့သလဲဆိုတာ ခင်ဗျားတို့လည်း မြင်နိုင်ပါတယ်။ ဒါဟာ တစ်နှစ်အတွင်း ၃ ကြိမ်အနိုင်ရခဲ့ တာပါ။ ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းသွားရပါ့မယ်။ ဒီနိုင်ပွဲကြောင့် လာမယ့်အပတ်မှာ ကစားမယ့်ပွဲတွေအတွက် ယုံကြည်မှုကိုယူဆောင်နိုင်ခဲ့ပါတယ်။ ပိုကောင်းတဲ့ရလဒ်တွေရဖို့ ဆက်လက်ထိန်းသိမ်းသွားရပါ့မယ်။ နောက်ဆုံးမိနစ်မှာ ကိုယ့်ပရိသတ်တွေရဲ့ရှေ့မှာ ဂိုးသွင်းနိုင်တဲ့အတွက် ခံစားမှုအတော်ကောင်းခဲ့ပါတယ်။
photo internet
ဒါပေမယ့် ကျွန်တော်တို့အရမ်းပျော်လို့မရသေးပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားရပါဦးမယ်။ ကျွန်တော်ကတော့ ဒဏ်ရာကြောင့် ၂ လလောက်အနားယူလိုက်ရပြီး ပြန်လာနိုင်ဖို့စိုးရိမ်စရာဖြစ်ခဲ့ရပါတယ် ။ အခုကျွန်တော် ပြန်လာပြီးအသင်းဖော်တွေကို ကူညီပေးနိုင်ခဲ့လ့ို ကျေနပ်ရပါတယ်။ ဒီအသင်းမှာ လူတိုင်း ပထမ ၁၁ ယောက်စာရင်းပါဝင်ဖို့ အာမခံချက်မရှိပါဘူး။ လူတိုင်းက အပတ်စဉ်တိုင်းကို အလုပ်ကြိုးစားသွားရမှာပါ။ ကျွန်တော်လည်း ကိုယ့်ရဲ့နေရာအတွက် တိုက်ခိုက်သွားရပါ့မယ်။ဒါဟာ ကျွန်တော့်အတွက်တော့ အရေးအကြီးဆုံး အရာပဲဖြစ်ပါတယ်။”ဆိုပြီး တော်မီနေးကပြောဆိုပါတယ်။
photo internet
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)