ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံးဖြစ်ပေမယ့် နံပါတ် ၉ ပုံစံ အထောင်တိုက်စစ်မှုး ကစားရတာကိုမုန်းတဲ့ ဝိန်းရူနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးကစားရင် သူ့ရဲ့ စိတ်ဓါတ်အပြည့်နဲ့ ကွင်းထဲမှာ ယှဉ်ပြိုင်ကစားတဲ့ ပုံရိပ်တွေကြောင့် ဘောလုံးပရိသတ်တွေရဲ့ မျက်လုံးထဲမှာ မေ့မရတဲ့ တိုက်စစ်မှုးရူနီဟာ ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်နဲ့

တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်တို့ပါဝင်တင်ဆက်တဲ့ “Between the Lines” ဆိုတဲ့ အစီအစဉ်မှာ ဖွင့်ဟပြောဆိုချက်တစ်ခုကြောင့် အားလုံးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုးတစ်ယောက်လည်းဖြစ်တဲ့ ရူနီက သူဟာ အသင်းအတွက် ကွင်းထဲမှာ အဓိက အထောင်တိုက်စစ်မှုးနေရာမှာ ကစားရတာကို နှစ်သက်ခြင်းမရှိဘဲ မုန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ရူနီလို တိုက်စစ်မှုးမျိုးဆီက ဒီလိုစကားကြားရတာဟာ သိပ်ကို ထူးဆန်းနေပြီး အထူးသဖြင့် ယူနိုက်တက်အသင်းအတွက် ၂၅၃ဂိုး အထိသွင်းထားတဲ့ ထာဝရဂိုးသွင်းအများဆုံး သရဲနီတစ်ဦးဆီက ဖြစ်နေလို့ပါပဲ။

BT Sports ကကြီးမှုးပြုလုပ်တဲ့ စကားဝိုင်းမှာ ရူနီက ” ယူနိုက်တက်အတွက် ၂၀၀၈-၀၉ နဲ့ ၂၀၀၉-၁၀ ၂ရာသီမှာ ကျွန်တော်ဟာ အသင်းအတွက် ကျောနံပါတ် ၉ တွေ ဝတ်ဆင်ကစားရတဲ့ အဓိက အထောင်တိုက်စစ်မှုးတွေရဲ့ တာဝန်ကိုယူပြီး ကစားခဲ့ရတာပါ။

ကျွန်တော့်ခံစားချက်အရ အဲ့လိုမျိုးတာဝန်ယူရတာဟာ သိပ်ကို ကြီးလေးလွန်းတယ်လို့ ခံစားရပြီး မကြိုက်ပါဘူး။

၂ရာသီစလုံးမှာ ကျွန်တော်က အဲ့ဒီနေရာမျိုးကနေပဲ ကစားခဲ့ရပါတယ်။

ကွင်းထဲမှာ အရေးပါတဲ့ နံပါတ် ၁၀ အခန်းကဏ္ဍကနေ ကစားရတာမျိုးပဲ ကြိုက်တာပါ။

နောက်ပိုင်းမှာ ရက်ရှ်ဖို့ဒ်လည်း နားလည်လာပါလိမ့်မယ်” လို့ ပြောကြားသွားပါတယ်။

ရူနီရဲ့ ပြောဆိုချက်ကို ဖာဒီနန်ကလည်း ထောက်ခံခဲ့ပြီး အဲ့တုန်းက ရူနီဟာ နည်းပြဖာဂူဆန်ကို သူ့အနေနဲ့ အဓိကတိုက်စစ်မှုးထက် ကျောနံပါတ် ၁၀ ပုံစံမျိုးပဲ ကစားချင်တယ်လို့ သွားပြောမယ်ဆိုပြီး ထွက်သွားခဲ့သေးတယ်လို့ ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

ရူနီဟာ အဲ့အချိန်တုန်းက အသင်းမှာ အထောင်တိုက်စစ်မှုး ဘာဘာတော့ဗ် ရှိနေပေမယ့် နည်းပြဖာဂူဆန်ရဲ့ တာဝန်ပေးချက်အရ အဓိကတိုက်စစ်မှုး တာဝန်ကိုယူခဲ့ရတာဖြစ်ပြီး

သိပ်မပျော်ရွှင်ခဲ့ပေမယ့် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့တယ်ဆိုတာ မှတ်တမ်းတွေက သက်သေပြနေပါတယ်။

ရူနီဟာ သူသိပ်မကြိုက်တဲ့ ၂ရာသီစလုံးပေါင်း ၉၃ပွဲမှာ ၅၄ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီတုန်းက ပရီးမီးယားလိ၈် သွင်းဂိုး ၂၆ဂိုး ရရှိခဲ့ပြီး PFA အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံးျဖစ္ေပမယ့္ နံပါတ္ ၉ ပုံစံ အေထာင္တိုက္စစ္မႈး ကစားရတာကိုမုန္းတဲ့ ဝိန္း႐ူနီ

ေဘာလုံးကစားရင္ သူ႔ရဲ႕ စိတ္ဓါတ္အျပည့္နဲ႔ ကြင္းထဲမွာ ယွဥ္ၿပိဳင္ကစားတဲ့ ပုံရိပ္ေတြေၾကာင့္ ေဘာလုံးပရိသတ္ေတြရဲ႕ မ်က္လုံးထဲမွာ ေမ့မရတဲ့ တိုက္စစ္မႈး႐ူနီဟာ ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္နဲ႔ တိုက္စစ္မႈး ရက္ရွ္ဖို႔ဒ္တို႔ပါဝင္တင္ဆက္တဲ့ “Between the Lines” ဆိုတဲ့ အစီအစဥ္မွာ ဖြင့္ဟေျပာဆိုခ်က္တစ္ခုေၾကာင့္ အားလုံးအံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္သလို အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႈးတစ္ေယာက္လည္းျဖစ္တဲ့ ႐ူနီက သူဟာ အသင္းအတြက္ ကြင္းထဲမွာ အဓိက အေထာင္တိုက္စစ္မႈးေနရာမွာ ကစားရတာကို ႏွစ္သက္ျခင္းမရွိဘဲ မုန္းတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ႐ူနီလို တိုက္စစ္မႈးမ်ိဳးဆီက ဒီလိုစကားၾကားရတာဟာ သိပ္ကို ထူးဆန္းေနၿပီး အထူးသျဖင့္ ယူႏိုက္တက္အသင္းအတြက္ ၂၅၃ဂိုး အထိသြင္းထားတဲ့ ထာဝရဂိုးသြင္းအမ်ားဆုံး သရဲနီတစ္ဦးဆီက ျဖစ္ေနလို႔ပါပဲ။

BT Sports ကႀကီးမႈးျပဳလုပ္တဲ့ စကားဝိုင္းမွာ ႐ူနီက ” ယူႏိုက္တက္အတြက္ ၂၀၀၈-၀၉ နဲ႔ ၂၀၀၉-၁၀ ၂ရာသီမွာ ကြၽန္ေတာ္ဟာ အသင္းအတြက္ ေက်ာနံပါတ္ ၉ ေတြ ဝတ္ဆင္ကစားရတဲ့ အဓိက အေထာင္တိုက္စစ္မႈးေတြရဲ႕ တာဝန္ကိုယူၿပီး ကစားခဲ့ရတာပါ။ ကြၽန္ေတာ့္ခံစားခ်က္အရ အဲ့လိုမ်ိဳးတာဝန္ယူရတာဟာ သိပ္ကို ႀကီးေလးလြန္းတယ္လို႔ ခံစားရၿပီး မႀကိဳက္ပါဘူး။ ၂ရာသီစလုံးမွာ ကြၽန္ေတာ္က အဲ့ဒီေနရာမ်ိဳးကေနပဲ ကစားခဲ့ရပါတယ္။

ကြင္းထဲမွာ အေရးပါတဲ့ နံပါတ္ ၁၀ အခန္းက႑ကေန ကစားရတာမ်ိဳးပဲ ႀကိဳက္တာပါ။ ေနာက္ပိုင္းမွာ ရက္ရွ္ဖို႔ဒ္လည္း နားလည္လာပါလိမ့္မယ္” လို႔ ေျပာၾကားသြားပါတယ္။

႐ူနီရဲ႕ ေျပာဆိုခ်က္ကို ဖာဒီနန္ကလည္း ေထာက္ခံခဲ့ၿပီး အဲ့တုန္းက ႐ူနီဟာ နည္းျပဖာဂူဆန္ကို သူ႔အေနနဲ႔ အဓိကတိုက္စစ္မႈးထက္ ေက်ာနံပါတ္ ၁၀ ပုံစံမ်ိဳးပဲ ကစားခ်င္တယ္လို႔ သြားေျပာမယ္ဆိုၿပီး ထြက္သြားခဲ့ေသးတယ္လို႔ ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။

႐ူနီဟာ အဲ့အခ်ိန္တုန္းက အသင္းမွာ အေထာင္တိုက္စစ္မႈး ဘာဘာေတာ့ဗ္ ရွိေနေပမယ့္ နည္းျပဖာဂူဆန္ရဲ႕ တာဝန္ေပးခ်က္အရ အဓိကတိုက္စစ္မႈး တာဝန္ကိုယူခဲ့ရတာျဖစ္ၿပီး သိပ္မေပ်ာ္႐ႊင္ခဲ့ေပမယ့္ အေကာင္းဆုံး လုပ္ေဆာင္ေပးႏိုင္ခဲ့တယ္ဆိုတာ မွတ္တမ္းေတြက သက္ေသျပေနပါတယ္။ ႐ူနီဟာ သူသိပ္မႀကိဳက္တဲ့ ၂ရာသီစလုံးေပါင္း ၉၃ပြဲမွာ ၅၄ဂိုးအထိ သြင္းႏိုင္ခဲ့ၿပီး ၂၀၀၉-၁၀ ေဘာလုံးရာသီတုန္းက ပရီးမီးယားလိ၈္ သြင္းဂိုး ၂၆ဂိုး ရရွိခဲ့ၿပီး PFA အေကာင္းဆုံး ကစားသမားဆု ရရွိခဲ့ပါတယ္။