ယူနိုက်တက်ရဲ့ စံချိန်မှတ်တမ်းကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် အဲဗာတန်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကို အဲဗာတန်အသင်းအိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ခံစစ်ဟာ မန်စီးတီးအသင်းရဲ့တိုက်စစ်ကို မိနစ် ၈၀လောက်အထိ ထိန်းထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနိုင်ဂိုး ၂ဂိုးအထိခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ဂန်ဒိုဂန်၊ ဒီဘရိုင်းတို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးဟာ ဆုဖလားပြိုင်ပွဲအားလုံးမှာ အခြေအနေကောင်းပိုင်ဆိုင်နေပါတယ်။ မန်စီးတီးအသင်းဟာ ၁၉၃၃-၃၄ ဘောလုံးရာသီနောက်ပိုင်း အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို ၃ ကြိမ်ဆက်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကလပ်တွေရဲ့ သမိုင်းမှာတော့ တစ်ရာသီအတွင်း အဓိကဆုဖလားတွေကို ရယူနိုင်မှုမှာ ဖလားသုံးလုံးဆွတ်ခူးနိုင်မှုအဖြစ် ယူနိုက်တက်အသင်းတစ်သင်းတည်းသာ ရှိနေခဲ့တာဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ဖို့က သေချာသလောက်ရှိနေပြီဖြစ်ကာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်၊ ကာရာဘောင်းဖလားဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွေကို ရောက်ရှိနေပါပြီ။

ကျန်ရှိတဲ့ ပွဲအနည်းငယ်ကို အကောင်းဆုံးကစားပြနိုင်တယ်ဆိုရင်တော့ နည်းပြ ဂွာဒီယိုလာတစ်ယောက် ဆုဖလားလေးလုံးဆွတ်ခူးပြီး မန်စီးတီးမှာ အကောင်းဆုံးမှတ်တမ်းကို သိမ်းဆည်းနိုင်ပါမယ်။ဂွာဒီယိုလာဟာ ဘာစီလိုနာမှာ တစ်ရာသီအတွင်း ဆုဖလားခြောက်လုံးအထိ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကိုရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ရဲ႕ စံခ်ိန္မွတ္တမ္းကို ​ေက်ာ္ျဖတ္ဖို႔ ႀကိဳးစား​ေနတဲ့ ဂြာဒီယိုလာ

အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္ အျဖစ္အဲဗာတန္အသင္းနဲ႔မန္စီးတီးအသင္းတို႔ရဲ႕ပြဲစဥ္ကိုအဲဗာတန္အသင္းအိမ္ကြင္း ဂြတ္ဒီဆင္ပါ့ခ္မွာယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။ အဲဗာတန္အသင္းရဲ႕ခံစစ္ဟာမန္စီးတီးအသင္းရဲ႕တိုက္စစ္ကိုမိနစ္၈၀ေလာက္အထိထိန္းထားႏိုင္ခဲ့ေပမယ့္ေနာက္ပိုင္းမွာေတာ့အႏိုင္ဂိုး၂ဂိုးအထိခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

ဂန္ဒိုဂန္၊ ဒီဘ႐ိုင္းတို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး မန္စီးတီးဟာ ဆုဖလားၿပိဳင္ပြဲအားလုံးမွာ အေျခအေနေကာင္းပိုင္ဆိုင္​ေနပါတယ္။ မန္စီးတီးအသင္းဟာ၁၉၃၃-၃၄ေဘာလုံးရာသီေနာက္ပိုင္းအက္ဖ္ေအဖလားဆီမီးဖိုင္နယ္ကို၃ႀကိမ္ဆက္တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ကလပ္ေတြရဲ႕ သမိုင္းမွာေတာ့ တစ္ရာသီအတြင္း အဓိကဆုဖလားေတြကို ရယူႏိုင္မႈမွာ ဖလားသုံးလုံးဆြတ္ခူးႏိုင္မႈအျဖစ္ ယူႏိုက္တက္အသင္းတစ္သင္းတည္းသာ ရွိေနခဲ့တာျဖစ္ပါတယ္။ နည္းျပ ဂြာဒီယိုလာအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကိုရယူႏိုင္ဖို႔က ေသခ်ာသေလာက္ရွိေနၿပီျဖစ္ကာ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္၊ ကာရာေဘာင္းဖလားဗိုလ္လုပြဲ၊ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ေတြကို ေရာက္ရွိေနပါၿပီ။

က်န္ရွိတဲ့ ပြဲအနည္းငယ္ကို အေကာင္းဆုံးကစားျပႏိုင္တယ္ဆိုရင္ ​ေတာ့ နည္းျပ ဂြာဒီယိုလာတစ္​ေယာက္ ဆုဖလားေလးလုံးဆြတ္ခူးၿပီး မန္စီးတီးမွာ အ​ေကာင္းဆုံးမွတ္တမ္းကို သိမ္းဆည္းႏိုင္ပါမယ္။ဂြာဒီယိုလာဟာ ဘာစီလိုနာမွာ တစ္ရာသီအတြင္း ဆုဖလားေျခာက္လုံးအထိ ရယူႏိုင္ခဲ့တဲ့ မွတ္တမ္းကိုေရးထိုးႏိုင္ခဲ့သူျဖစ္ပါတယ္။