ယူနိုက်တက်ရဲ့ ဂန္တဝင်ဖခင်ကြီး အလိုမကျမျက်နှာပျက်ခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်

photo internet

ယူနိုက်တက်နည်းပြနဲ့အသင်းသားတွေလုပ်ကိုင်တဲ့အနေအထားမဟုတ်ဘူးဆိုရင် အကုန်လုံးက ဝိုင်းပြီးပြစ်တင်ပြောဆိုတတ်ကြပါတယ်။ အခုလည်း ပြီးခဲ့တဲ့ဘန်လေပွဲမှာ ယူနိုက်တက်ရဲ့ဂန္တဝင်ဖခင်ကြီး ဖာဂူဆန်တစ်ယောက် မျက်နှာပျက်ပျက်နဲ့ပွဲကြည့်နေတာမြင်တွေ့ခဲ့ရပါတယ်။ အဲလိုဖြစ်တာဟာလူစားလဲတဲ့အ ချိန်မှာဖြစ်ခဲ့တာပါ။ ပွဲစဉ်၈၉မိနစ်မှာနည်းပြဆိုးလ်ရှားက မာရှယ်ကိုနောက်ခံလူ လုရှောနဲ့လူစားလဲမှုပြုလုပ် ခဲ့ပါတယ်။အဲဒီအချိန်မှာကင်မရာတွေကဖာဂူဆန်ကိုရိုက်ကူးမိတဲ့ အခိုက်အတန့်မှာနည်းပြဟောင်းကြီးရဲ့ပုံစံက မာရှယ်ကိုလူစားလဲတဲ့အပေါ်နားမလည်နိုင်တဲ့ပုံပေါ်နေပါတယ်။

photo internet

ဒီလိုဘာကြောင့်နည်းပြဟောင်းကြီးဖာဂူဆန်နားမလည်ဖြစ်ရတာလဲဆိုရင်မာရှယ်ရဲ့အနေအထားကလည်း မဆိုးတဲ့အခြေအနေရှိတာကြောင့် ကွင်းထဲမှာဆက်ထားသင့်တယ်ဆိုပြီး ထင်မြင်တာကြောင့်ဖြစ်နိုင်ပါတယ်။
နည်းပြဆိုးလ်ရှားဟာပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလက လူကာကူကိုအင်တာမီလန် အသင်းဆီ ကိုရောင်းချခဲ့ပြီးတိုက်စစ်မှူးမာရှယ်ကိုဦးစားပေးတိုက်စစ်မှူးအဖြစ်သတ်မှတ်လိုက်ပါတယ်။မာရှယ်ဟာလိဂ်ပွဲ၁၃ပွဲမှာ၇ဂိုးသွင်းထားတဲ့ခြေစွမ်းကိုပြသထားပါတယ်။ပြင်သစ်သားဟာနယူးကာဆယ်အသင်းကို၄ဂိုး၁ဂိုးနဲ့အနိုင်ရရှိတဲ့ပွဲမှာ၂ဂိုးသွင်းယူပေးထားခဲ့ပါတယ်။အဲဒီပွဲမှာ မာရှယ်ရဲ့ထိုးဖောက်နိုင်စွမ်း နောက်တန်းကိုကျော်ဖြတ်နိုင်စွမ်း ဟာပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။ ဒါကြောင့် အားပေးမှုပိုမိုရရှိလာခဲ့ပါတယ်။

photo internet

ဒါ့အပြင်ပြီးခဲ့တဲ့ဘန်လေနဲ့ပွဲမှာလည်းအဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါသေးတယ်။၂၄နှစ်အရွယ်မာရှယ်ဟာယူနိုက်တက်ရဲ့အဖွင့်ဂိုးကိုကွင်းလယ်လူပရဲရားရဲ့ဖန်တီးပေးမှုကနေတစ်ဆင့်ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာလှလှပပအဆုံးသတ်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ပွဲပြီးခါနီးမှာတော့ နည်းပြဆိုလ်းရှားကမာရှယ်ကို လူစားလဲခဲ့တာပါ။ပွဲရလဒ်အရဖာဂူဆန်တစ်ယောက် ပျော်နေမှာဖြစ်ပေမယ့် အဲလိုလူစားလဲတဲ့အနေအထားကိုတော့ဘဝင်ကျဟန်မရှိပါဘူး။

photo internet

ဖာဂူဆန်ရဲ့စိတ်အလိုမကျတဲ့မျက်နှာကို ကင်မရာသမားတွေကလည်းအမိအရရိုက်ယူနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ထုံးစံအတိုင်းအဲဒီအဖြစ်အပျက်ကိုလူမှုကွန်ရက်မှာရေးသားနေကြပါတယ်။ ပရိတ်သတ်တစ်ယောက်က “ဆာအဲလက်စ်ကိုကြည့်ရတာမာရှယ်ယူနိုက်တက်ရဲ့ ဥက္ကဋ္ဌဖြစ်မယ်။ ဒီလိုလူစားလဲတာကိုသူပျော်ပုံမရဘူး”ဆိုပြီးရေးထားသလို ၊နောက်ပရိတ်သတ်တစ်ယောက်ကလည်း “ဟုတ်တယ်။သူ့မျက်နှာကိုကြည့်ရတာ ‘နေစမ်းပါအုံး..ဘာလုပ်တာတုန်းဟ..ဒါက’ ဆိုတဲ့မျက်နှာထား မျိုးဖြစ်နေတယ်” ဆိုပြီးရေးထားပါတယ်။ နောက်ပရိတ်သတ်တစ်ဦးကတော့ “ဖာဂူဆန်ကိုကြည့်လိုက်တာနဲ့ ဘယ်သူကစားသင့်တယ်ဆိုတာသိတယ်ကွ…သူ့ပုံစံကြည့်ရတာလုရှောကိုကွင်းထဲဝင်စေချင်ပုံမပေါ်ဘူး” ဆိုပြီးရေးသားထားပါတယ်။ တကယ့်အဖြစ်အပျက်၊ဘယ်လိုအနေအထားရှိတယ်၊ဘာခံစားချက်ဖြစ်ပေါ်ခဲ့တယ်ဆိုတာ ဖာဂူဆန်သာအသိဆုံးဖြစ်ပါလိမ့်မယ်။

photo internet

မားကပ်စ်ကတော့မာရှယ်အကြောင်းအခုလိုပြောပါတယ်။ “ဒီနေ့လည်းသူကစားတာအရမ်း ကောင်းနေတယ်ဗျ။တိုက်စစ်မှူးတစ်ယောက်အတွက်ဂိုးသွင်းရတာထက်ကောင်းတဲ့အရာမရှိဘူးဗျ။ကျွန်တော်တော့သူ့ရဲ့ခြေစွမ်းရာသီကုန်အထိဆက်လုပ်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ပွဲအစပိုင်းမှာကျွန်တော်တို့အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။နောက်တန်းခံစစ်အတွင်းလူတွေကဖြတ်တင်ဘောမှန်သမျှကိုကောင်းကောင်းရှင်းထုတ်နေတော့ကျွန်တော်တို့အခွင့်အရေးတွေနည်းသွားပါတယ်။ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ကျွန်တော်တို့ရလဒ်ခဲ့ပါတယ်။” ဆိုပြီးပြောပါတယ်။ နည်းပြတွေရဲ့အကြံ၊နည်းစနစ်တွေဟာကွဲပြားချက်တွေရှိတတ်တာကြောင့် ဖာဂူဆန်က ဆိုးလ်ရှားကိုသဘောမကျနိုင်သလို၊ ဆိုးလ်ရှားကလည်းသူ့လုပ်ရပ်မှန်တယ်လို့ယူဆထားရင်ယူဆထားမှာပါ။

photo internet

(Zawgyi Version)

ယူႏိုက္တက္ရဲ႕ ဂႏၱ၀င္ဖခင္ႀကီး အလိုမက်မ်က္ႏွာပ်က္ခဲ့တဲ့ ဘန္ေလနဲ႔ပြဲစဥ္

ယူႏိုက္တက္နည္းျပနဲ႔အသင္းသားေတြလုပ္ကိုင္တဲ့အေနအထားမဟုတ္ဘူးဆိုရင္ အကုန္လုံးက ၀ိုင္းၿပီးျပစ္တင္ေျပာဆိုတတ္ၾကပါတယ္။ အခုလည္း ၿပီးခဲ့တဲ့ဘန္ေလပြဲမွာ ယူႏိုက္တက္ရဲ႕ဂႏၱ၀င္ဖခင္ႀကီး ဖာဂူဆန္တစ္ေယာက္ မ်က္ႏွာပ်က္ပ်က္နဲ႔ပြဲၾကည့္ေနတာျမင္ေတြ႕ခဲ့ရပါတယ္။ အဲလိုျဖစ္တာဟာလူစားလဲတဲ့အ ခ်ိန္မွာျဖစ္ခဲ့တာပါ။ ပြဲစဥ္၈၉မိနစ္မွာနည္းျပဆိုးလ္ရွားက မာရွယ္ကိုေနာက္ခံလူ လုေရွာနဲ႔လူစားလဲမႈျပဳလုပ္ ခဲ့ပါတယ္။အဲဒီအခ်ိန္မွာကင္မရာေတြကဖာဂူဆန္ကို႐ိုက္ကူးမိတဲ့အခိုက္အတန႔္မွာနည္းျပေဟာင္းႀကီးရဲ႕ပုံစံက မာရွယ္ကိုလူစားလဲတဲ့အေပၚနားမလည္ႏိုင္တဲ့ပုံေပၚေနပါတယ္။

ဒီလိုဘာေၾကာင့္နည္းျပေဟာင္းႀကီးဖာဂူဆန္နားမလည္ျဖစ္ရတာလဲဆိုရင္မာရွယ္ရဲ႕အေနအထားကလည္း မဆိုးတဲ့အေျခအေနရိွတာေၾကာင့္ ကြင္းထဲမွာဆက္ထားသင့္တယ္ဆိုၿပီး ထင္ျမင္တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။
နည္းျပဆိုးလ္ရွားဟာၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလက လူကာကူကိုအင္တာမီလန္ အသင္းဆီ ကိုေရာင္းခ်ခဲ့ၿပီးတိုက္စစ္မႉးမာရွယ္ကိုဦးစားေပးတိုက္စစ္မႉးအျဖစ္သတ္မွတ္လိုက္ပါတယ္။မာရွယ္ဟာလိဂ္ပြဲ၁၃ပြဲမွာ၇ဂိုးသြင္းထားတဲ့ေျခစြမ္းကိုျပသထားပါတယ္။ျပင္သစ္သားဟာနယူးကာဆယ္အသင္းကို၄ဂိုး၁ဂိုးနဲ႔အႏိုင္ရရွိတဲ့ပြဲမွာ၂ဂိုးသြင္းယူေပးထားခဲ့ပါတယ္။အဲဒီပြဲမွာ မာရွယ္ရဲ႕ထိုးေဖာက္ႏိုင္စြမ္း ေနာက္တန္းကိုေက်ာ္ျဖတ္ႏိုင္စြမ္းဟာပရိသတ္ေတြကို သေဘာက်ေစခဲ့ပါတယ္။ ဒါေၾကာင့္ အားေပးမႈပိုမိုရရိွလာခဲ့ပါတယ္။

ဒါ့အျပင္ၿပီးခဲ့တဲ့ဘန္ေလနဲ႔ပြဲမွာလည္းအဖြင့္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါေသးတယ္။၂၄ႏွစ္အရြယ္မာရွယ္ဟာယူႏိုက္တက္ရဲ႕အဖြင့္ဂိုးကိုကြင္းလယ္လူပရဲရားရဲ႕ဖန္တီးေပးမႈကေနတစ္ဆင့္ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕မွာလွလွပပအဆုံးသတ္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ပြဲၿပီးခါနီးမွာေတာ့ နည္းျပဆုိလ္းရွားကမာရွယ္ကို လူစားလဲခဲ့တာပါ။ပြဲရလဒ္အရဖာဂူဆန္တစ္ေယာက္ ေပ်ာ္ေနမွာျဖစ္ေပမယ့္ အဲလုိလူစားလဲတဲ့အေနအထားကိုေတာ့ဘ၀င္က်ဟန္မရိွပါဘူး။

ဖာဂူဆန္ရဲ႕စိတ္အလုိမက်တဲ့မ်က္ႏွာကို ကင္မရာသမားေတြကလည္းအမိအရရိုက္ယူႏိုင္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ထုံးစံအတိုင္းအဲဒီအျဖစ္အပ်က္ကိုလူမႈကြန္ရက္မွာေရးသားေနၾကပါတယ္။ ပရိတ္သတ္တစ္ေယာက္က “ဆာအဲလက္စ္ကိုၾကည့္ရတာမာရွယ္ယူႏိုက္တက္ရဲ႕ဥကၠ႒ျဖစ္မယ္။ဒီလိုလူစားလဲတာကိုသူေပ်ာ္ပုံမရဘူး”ဆိုၿပီးေရးထားသလို ၊ေနာက္ပရိတ္သတ္တစ္ေယာက္ကလည္း “ဟုတ္တယ္။သူ႔မ်က္ႏွာကိုၾကည့္ရတာ ‘ေနစမ္းပါအုံး..ဘာလုပ္တာတုန္းဟ..ဒါက’ ဆိုတဲ့မ်က္ႏွာထားမ်ဳိးျဖစ္ေနတယ္” ဆိုၿပီးေရးထားပါတယ္။ ေနာက္ပရိတ္သတ္တစ္ဦးကေတာ့ “ဖာဂူဆန္ကိုၾကည့္လိုက္တာနဲ႔ဘယ္သူကစားသင့္တယ္ဆိုတာသိတယ္ကြ…သူ႔ပုံစံၾကည့္ရတာလုေရွာကိုကြင္းထဲဝင္ေစခ်င္ပုံမေပၚဘူး”ဆိုၿပီးေရးသားထားပါတယ္။ တကယ့္အျဖစ္အပ်က္၊ဘယ္လိုအေနအထားရိွတယ္၊ဘာခံစားခ်က္ျဖစ္ေပၚခဲ့တယ္ဆိုတာ ဖာဂူဆန္သာအသိဆုံးျဖစ္ပါလိမ့္မယ္။

မားကပ္စ္ကေတာ့မာရွယ္အေၾကာင္းအခုလိုေျပာပါတယ္။ “ဒီေန႔လည္းသူကစားတာအရမ္းေကာင္းေနတယ္ဗ်။တိုက္စစ္မႉးတစ္ေယာက္အတြက္ဂိုးသြင္းရတာထက္ေကာင္းတဲ့အရာမရွိဘူးဗ်။ကြၽန္ေတာ္ေတာ့သူ႔ရဲ႕ေျခစြမ္းရာသီကုန္အထိဆက္လုပ္သြားႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ပြဲအစပိုင္းမွာကြၽန္ေတာ္တို႔အနည္းငယ္ရုန္းကန္ခဲ့ရပါတယ္။ေနာက္တန္းခံစစ္အတြင္းလူေတြကျဖတ္တင္ေဘာမွန္သမွ်ကိုေကာင္းေကာင္းရွင္းထုတ္ေနေတာ့ကြၽန္ေတာ္တို႔အခြင့္အေရးေတြနည္းသြားပါတယ္။ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ကြၽန္ေတာ္တို႔ရလဒ္ခဲ့ပါတယ္။”ဆိုၿပီးေျပာပါတယ္။ နည္းျပေတြရဲ႕အႀကံ၊နည္းစနစ္ေတြဟာကြဲျပားခ်က္ေတြရိွတတ္တာေၾကာင့္ ဖာဂူဆန္က ဆုိးလ္ရွားကိုသေဘာမက်ႏိုင္သလုိ၊ ဆိုးလ္ရွားကလည္းသူ႔လုပ္ရပ္မွန္တယ္လုိ႔ယူဆထားရင္ယူဆထားမွာပါ။