ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဒေါ့မွန်ကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ ဟာလန်း

 

ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူးသစ် အာလင် ဟာလန်းကတော့ ဒေါ့မွန်အသင်းမှာ ပိုမိုကောင်းမွန်တဲ့ ခံစားမှုတွေကို ခံစားရတာကြောင့် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အဆိုပါ ၁၉ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုအပြည့် ရှိနေခဲ့တာ ဖြစ်ပြီး ဟာလန်းဟာ ဥရောပရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ ဂျူဗင်တပ်စ် နဲ့ ရီးရဲလ်မက်ဒရစ်စတဲ့ အသင်းတွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားဟာ မော်လ်ဒီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဟာလန်းနဲ့ လက်တွဲခဲ့ဖူးပြီး နော်ဝေသားတိုက်စစ်မှူးကို ခေါ်ယူဖို့ ဆဲလ်ဘတ်အသင်းကို သွားရောက်ကာ စကားပြောဆိုမှုတွေပါ ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့ ကြိုးစားအားထုတ်မှုက ဒီလောက်နဲ့တင် လုံလောက်မှုမရှိခဲ့ဘဲ ဟာလန်းရဲ့ အပြောင်းအရွှေ့က ယူရို သန်း ၂၀ ဖြင့် ဒေါ့မွန်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖြစ်သွားခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိမှာတော့ စပိန်မြို့ မာဘယ်လာမှာ သူရဲ့ အသင်းသစ် ဒေါ့မွန်အသင်း ဆောင်းရာသီလေ့ကျင့်ရေးမှာ သားရောက်ပူးပေါင်းနေပြီ ဖြစ်ပြီး ယူနိုက်တက်ကို ဘာကြောင့် ငြင်းဆန်ခဲ့ရသလဲဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။
ဟာလန်းက “ ကျွန်တော် ဒေါ့မွန်ကို ရွေးချယ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ခံစားမှုက ဒီမှာ ပိုကောင်းနေလို့ပါ။ ဒေါ့မွန်က ကြီးကျယ်တဲ့ကလပ်အသင်း တစ်သင်းပါ။ ကျွန်တော်အမြဲတမ်း ဒီအသင်းကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ခံစားမှုကို ပြောရမယ်ဆိုရင် ကျွန်တော်အခု စပြုံးနိုင်ပါပြီ။ ကျွန်တော်ဒီအသင်းကို နှစ်သက်တာကြောင့်ပါ။ ဒီမှာရှိတဲ့ အရာရာတိုင်းကို ကျွန်တော်နှစ်သက်ပါတယ်။ ဘွန်ဒက်စ်လီဂါက ကစားသမားကောင်းတွေ အများကြီးရှိပြီး ကောင်းမွန်တဲ့လိဂ်ပြိုင်ပွဲတစ်ခုပါ ။ အသင်းက အကောင်းဆုံး ကစားနိုင်ပြီး ကျွန်တော်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်လိမ့်မယ် ထင်ပါတယ် “ လို့ ပြောသွား ခဲ့ပါတယ်။