ယူနိုက်တက်ရဲ့အနိုင်ပွဲအပြီးဘယ်သူတွေဘာပြောကြသလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မနေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ရဲ့ပွဲရလဒ်နဲ့ပတ်သက်ပြီးကျေနပ်တဲ့သူရော၊မကျေနပ်တဲ့သူရောရှိ မှာသေချာပါတယ်။ ဒါကြောင့် အဲဒီပွဲနဲ့ပတ်သက်ပြီး ဘယ်သူတွေက ဘယ်လိုမှတ်ချက်ပြုစကားတွေဆိုခဲ့တယ် ဆိုတာကိုတင်ဆက်ပေးပါမယ်။အရင်ဦးဆုံးအောင်နိုင်သူကြီးဖြစ်သွားတဲ့နည်းပြဆိုးလ်ရှားရဲ့မှတ်ချက်ပြု စကားတွေကိုတင်ဆက်ပေးပါမယ်။

photo internet

“ဒါဟာ ကျွန်တော် တို့ အတွက် လေးပွဲဆက် Clean Sheet ရယူ နိုင်ခဲ့ခြင်း ပါပဲ ။ ကျွန်တော်တို့ အသင်းဟာ ခံစစ်ပိုင်းအရ ပိုမို ကောင်းမွန်လာခဲ့ပါပြီ။အခုပွဲမှာသွင်းခဲ့တဲ့ နှစ်ဂိုးစလုံးကလည်း အရမ်းကောင်းပါတယ်။ ခေါင်းတိုက်ချက် တွေက အတော်လေး ကောင်းမွန် ခဲ့ပါတယ်။အခု နိုင်ပွဲ က ကျွန်တော် တို့ကို ယုံကြည်မှု ပေးခဲ့ သလို ထိပ်သီး လေးသင်း ဝင်နိုင်ရေး အတွက် အခွင့်အလမ်း လည်း ပေးခဲ့ ပါတယ်။ VAR နဲ့ပတ်သက်လို့တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေချမှတ်ဖို့ ကိုပဲ အလိုရှိ ကြတာပါ ။ ဒါဟာ လူကျွံဘော ပါ ။ ကျွန်တော် အဲ့ဒါ ကို ဖန်သားပြင် အထက်ကနေ ရှင်းရှင်းလင်းလင်း တွေ့မြင် ခဲ့ရ ပါတယ် ။ ပြီးတော့ နောက် တစ်ခု က အနောက် ကနေ တွန်းထုတ် လိုက်တာ ပါပဲ။ မက်ဂွားယား ရဲ့ အဖြစ်အပျက် ကလည်း သူ့ရဲ့ ဟန်ချက်ကို ထိန်းရင်း နဲ့ ပြိုင်ဖက် ကစားသမား ပြိုလဲ ကျသွား မှာကို ကာကွယ် ပေးသလို ဖြစ်ခဲ့ ရတာ ပါ ” ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

ဒါ့အပြင် ဖာနန်ဒက်စ်နဲ့ပတ်သက်လို့လည်းအခုလိုပြောပါတယ်။ “သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ပြီးတော့ ဘောလုံးကိုလည်း ပိုင်ဆိုင်လိုမှုရှိပါတယ်။ အလွတ်တည်ကန်ဘော ကန်တဲ့နေရာမှာတော့ ထိပ်တန်းအဆင့်ပါပဲ။ သူဟာ ကျွန်တော် တွေ့ဖူး တဲ့သူတွေထဲမှာ တော်တဲ့ကစားသမားတစ်ယောက်ပါပဲ။” ဆိုပြီးပြောပါတယ်။ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်လို့တော့ “နောက်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရလိုပါတယ်။အခု ရလဒ်က ကျွန်တော်တို့ကို အခွင့်အရေးဖြစ်စေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ တိုးတက်ဖို့တော့ လိုနေသေးတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ယူရိုပါလိဂ်အတွက်လည်း ကြိုးစားပြီးကစားမှာပါ”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

ချဲလ်ဆီးနည်းပြလမ်းပတ်ကတော့အခုလိုပြောဆိုထားပါတယ်။ “ယူနိုက်တက်နဲ့တွေ့တဲ့ပွဲတွေမှာရှုံးနေတဲ့အပေါ် မအံ့သြပါဘူး။ ဒါဟာ ဘောလုံး လောက က ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အခြေအနေ တစ်ရပ် ပါပဲ ။ ကျွန်တော် တို့ဟာ ရာသီ အဖွင့် ပွဲက ဂိုးပြတ် ရှုံးပွဲ မှာ ယူနိုက်တက် ကို မိနစ် ၆၀ စာလောက် ပိုကောင်းတဲ့ အသင်း အနေနဲ့ ကစားပြ ခဲ့သလို ၊ ကာရာဘောင် ဖလား အိမ်ကွင်း ပွဲမှာလည်း ကျွန်တော် တို့ဖက်က ပိုကောင်းခဲ့တာ အသိသာကြီး ဖြစ်ခဲ့ပါတယ် ။ ဒီနေ့ ပွဲမှာလည်း ကျွန်တော် တို့ဟာ ကစားကွက် အသာစီး နဲ့ ဆော့ပြနိုင်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို မသင်္ကာစရာ ဖြစ်နေတဲ့ အနေအထား အထိတော့ သံသယ မဝင်ချင်ပါဘူး ။ ဒါဟာ ဘောလုံး လောကပါ ။ ကျွန်တော် တို့ဟာ ပွဲတစ်ပွဲ မှာ ဂိုးမသွင်း နိုင်ရင် ၊ အခွင့်အရေး တွေကို အပြည့်အဝ အသုံးမချ နိုင်ရင် အရေးနိမ့်နိုင်တယ် ဆိုတာ ကြိုသိထားရပါမယ် ။

photo internet

ဒီနေ့ပွဲ မှာ ယူနိုက်တက်ဖက်က တောင့်တင်းတဲ့ ကစားသမား စာရင်း ကို ထုတ်သုံးထားလို့ ကျွန်တော် တို့ ရှုူံးခဲ့ရတာလားဆိုတာ ကိုတော့ ကျွန်တော် လည်း မသိပါဘူး ။ ဒါပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ် ကို လာရောက် ယှဉ်ပြိုင် ကြတဲ့ အသင်း အတော်များများ ကတော့ ခံစစ်သမား ၅ယောက် ထားပြီးကစား တတ်ကြပါတယ်” ဆိုပြီး နည်းပြလမ်းပတ်ကပြောဆိုပါတယ်။VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့တော့နည်းပြလမ်းပတ်က “ဒီနေ့ ပွဲက VAR ရဲ့ ဆုံးဖြတ်ချက် တွေက အတော်လေး ရက်စက် လွန်းပါတယ် ။ မက်ဂွိုင်းယား ဟာ ဒီနေ့ ပွဲ အတွက် အနီကတ် ထိသင့်ပေမယ့် ၊ သူဟာ ယူနိုက်တက် ရဲ့ ဒုတိယ ဂိုးကိုပါ သွင်းယူ ခဲ့ပါတယ် ။ ပထမ ချေပဂိုး ဖြစ်မယ့် အနေအထား မှာလည်း VAR ရဲ့ ဆုံးဖြတ်ချက် မှားယွင်း နေခဲ့ပါတယ် ။ ဇူးမား ရဲ့ ဂိုးကို ခွင့်ပြု ပေးခဲ့သင့်တယ် လို့ ထင်ပါတယ် ။ ပထမတော့ ကျွန်တော် ဟာ အက်ဇ်ပီလီကွီတာ က တွန်းခဲ့တယ် လို့ ထင်ခဲ့တာပါ ။ ဒါပေမယ့် သေသေချာချာ ပြန်လည် ဆန်းစစ်ကြည့်တော့ အက်ဇ်ပီ ဟာ အနောက်က အတွန်း ခံခဲ့ရပြီး အဲ့ဒီ သက်ရောက်မှု ကြောင့် သူ က တွန်းလိုက်သလို ဖြစ်သွားတာပါ ။ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဖက်က ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ဒိုင်တွေက မှန်တယ် ထင်ရင် ကျွန်တော် တို့ ဖက်ကလည်း ဘာမှ စောဒက တက်စရာ မရှိပါဘူး ။ ဇူးမား ရဲ့ ဂိုး ကို VAR က ပယ်လိုက်တာ က လုံးဝကို အံ့သြစရာပါ ။ ဘယ်လိုအနေအထားမျိုး ကပဲကြည့်ကြည့်တော်တော်လွဲမှားတဲ့ အမှားကြီးတစ်ခုပါ”ဆိုပြီး ပြောဆိုထားပါတယ်။

photo internet

Sky Sportsရဲ့ အားကစားသုံးသပ်သူ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်ကတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်နေရာမှာ မော်ရင်ဟိုဆိုရင်တော့ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ပြောင်းပြီး မက်ဂွိုင်းယား ထုတ်ခံရလောက်တယ်လို့ ပြောဆိုထားပါတယ်။ “ ချဲလ်ဆီး နည်းပြအဖွဲ့အနေနဲ့ ဒီ ဖြစ်စဉ်အပေါ်မှာ အခုထက်ပိုပြီး စိတ်ခံစားမှု ပိုမို မြင့်မားသင့်ပါတယ်၊ နည်းပြလမ်းပတ် နေရာမှာ နည်းပြမော်ရင်ဟိုဆိုရင်တော့ ဒီလောက် လွယ်လွယ် လွတ်မြောက်နိုင်မယ် မထင်ပါဘူး။ မော်ရင်ဟိုဆိုရင် ကတ်ပြခံရလောက်တဲ့အထိ ဒိုင်တွေကို စောဒဂတက်မှာပါ။ မက်ဂွိုင်းယားအထုတ်ခံရသင့်ပါတယ်၊ကျွန်တော် တွေ့လိုက်တဲ့ ခဏလေးအတွင်းမှာပဲ သိသာပါတယ်။ဒါဆိုရင်ပွဲလည်း သိသိသာသာပြောင်းလဲသွားမှာပါ။”ဆိုပြီး ပေါလ်စခိုးလ်က သုံးသပ်ထားပါတယ်။
ချယ်လ်ဆီး နည်းပြသစ် ဖရန့် လမ်းပတ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာပဲ ယူနိုက်တက် ကို ပြိုင်ပွဲစုံ ၃ကြိမ် တွေ့ဆုံထားရာမှာ ၃ကြိမ်စလုံး ထူးခြားစွာ နဲ့ အရေးနိမ့် ထားခဲ့ရပြီ ဖြစ်ပါတယ် ။ပရီးမီးယားလိဂ် ပထမ အကျော့ မှာ ယူနိုက်တက် ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် မှာ ချယ်လ်ဆီး တို့ ၄ဂိုးပြတ် နဲ့ အရေးနိမ့်ခဲ့ပြီး ၊ ကာရာဘောင် စတုတ္ထ အဆင့် ပွဲမှာလည်း ၁ ဂိုး – ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရကာ၊ အခု တစ်ပွဲမှာလည်း ယူနိုက်တက်ကို နှစ်ဂိုးပြတ်နဲ့ထပ်မံအရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္ရဲ႕အႏိုင္ပြဲအၿပီးဘယ္သူေတြဘာေျပာၾကသလဲ?

မေန႔က ကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ခ်ဲလ္ဆီးတို႔ရဲ႕ပြဲရလဒ္နဲ႔ပတ္သက္ၿပီးေက်နပ္တဲ့သူေရာ၊မေက်နပ္တဲ့သူေရာရိွ မွာေသခ်ာပါတယ္။ ဒါေၾကာင့္ အဲဒီပြဲနဲ႔ပတ္သက္ၿပီး ဘယ္သူေတြက ဘယ္လုိမွတ္ခ်က္ျပဳစကားေတြဆိုခဲ့တယ္ ဆိုတာကိုတင္ဆက္ေပးပါမယ္။အရင္ဦးဆုံးေအာင္ႏိုုင္သူႀကီးျဖစ္သြားတဲ့နည္းျပဆိုးလ္ရွားရဲ႕မွတ္ခ်က္ျပဳ စကားေတြကိုတင္ဆက္ေပးပါမယ္။ “ဒါဟာ ကြၽန္ေတာ္ တို႔ အတြက္ ေလးပြဲဆက္ Clean Sheet ရယူ ႏိုင္ခဲ့ျခင္း ပါပဲ ။ ကြၽန္ေတာ္တို႔ အသင္းဟာ ခံစစ္ပိုင္းအရ ပိုမို ေကာင္းမြန္လာခဲ့ပါၿပီ။အခုပြဲမွာသြင္းခဲ့တဲ့ ႏွစ္ဂိုးစလုံးကလည္း အရမ္းေကာင္းပါတယ္။ ေခါင္းတိုက္ခ်က္ ေတြက အေတာ္ေလး ေကာင္းမြန္ ခဲ့ပါတယ္။အခု ႏိုင္ပြဲ က ကြၽန္ေတာ္ တို႔ကို ယုံၾကည္မႈ ေပးခဲ့ သလို ထိပ္သီး ေလးသင္း ဝင္ႏိုင္ေရး အတြက္ အခြင့္အလမ္း လည္း ေပးခဲ့ ပါတယ္။ VAR နဲ႔ပတ္သက္လုိ႔ေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ေတြခ်မွတ္ဖို႔ ကိုပဲ အလိုရွိ ၾကတာပါ ။ ဒါဟာ လူကြၽံေဘာ ပါ ။ ကြၽန္ေတာ္ အဲ့ဒါ ကို ဖန္သားျပင္ အထက္ကေန ရွင္းရွင္းလင္းလင္း ေတြ႕ျမင္ ခဲ့ရ ပါတယ္ ။ ၿပီးေတာ့ ေနာက္ တစ္ခု က အေနာက္ ကေန တြန္းထုတ္ လိုက္တာ ပါပဲ။ မက္ဂြားယား ရဲ႕ အျဖစ္အပ်က္ ကလည္း သူ႔ရဲ႕ ဟန္ခ်က္ကို ထိန္းရင္း နဲ႔ ၿပိဳင္ဖက္ ကစားသမား ၿပိဳလဲ က်သြား မွာကို ကာကြယ္ ေပးသလို ျဖစ္ခဲ့ ရတာ ပါ ” ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။
ဒါ့အျပင္ ဖာနန္ဒက္စ္နဲ႔ပတ္သက္လုိ႔လည္းအခုလုိေျပာပါတယ္။ “သူက ထိပ္တန္းကစားသမားတစ္ေယာက္ပါ။ ၿပီးေတာ့ ေဘာလုံးကိုလည္း ပိုင္ဆိုင္လိုမႈရွိပါတယ္။ အလြတ္တည္ကန္ေဘာ ကန္တဲ့ေနရာမွာေတာ့ ထိပ္တန္းအဆင့္ပါပဲ။ သူဟာ ကၽြန္ေတာ္ ေတြ႕ဖူး တဲ့သူေတြထဲမွာ ေတာ္တဲ့ကစားသမားတစ္ေယာက္ပါပဲ။” ဆိုၿပီးေျပာပါတယ္။ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ပတ္သက္လို႔ေတာ့ “ေနာက္ႏွစ္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရလိုပါတယ္။အခု ရလဒ္က ကၽြန္ေတာ္တို႔ကို အခြင့္အေရးျဖစ္ေစပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ေတြ တိုးတက္ဖို႔ေတာ့ လိုေနေသးတယ္ဆိုတာ သိပါတယ္။ ကၽြန္ေတာ္တို႔ယူရိုပါလိဂ္အတြက္လည္း ႀကိဳးစားၿပီးကစားမွာပါ”ဆိုၿပီး နည္းျပဆိုးလ္ရွားကေျပာပါတယ္။
ခ်ဲလ္ဆီးနည္းျပလမ္းပတ္ကေတာ့့အခုလိုေျပာဆိုထားပါတယ္။ “ယူႏိုက္တက္နဲ႔ေတြ႕တဲ့ပြဲေတြမွာရႈံးေနတဲ့အေပၚ မအံ့ၾသပါဘူး။ ဒါဟာ ေဘာလုံး ေလာက က ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ အေျခအေန တစ္ရပ္ ပါပဲ ။ ကြၽန္ေတာ္ တို႔ဟာ ရာသီ အဖြင့္ ပြဲက ဂိုးျပတ္ ရႈံးပြဲ မွာ ယူႏိုက္တက္ ကို မိနစ္ ၆၀ စာေလာက္ ပိုေကာင္းတဲ့ အသင္း အေနနဲ႔ ကစားျပ ခဲ့သလို ၊ ကာရာေဘာင္ ဖလား အိမ္ကြင္း ပြဲမွာလည္း ကြၽန္ေတာ္ တို႔ဖက္က ပိုေကာင္းခဲ့တာ အသိသာႀကီး ျဖစ္ခဲ့ပါတယ္ ။ ဒီေန႔ ပြဲမွာလည္း ကြၽန္ေတာ္ တို႔ဟာ ကစားကြက္ အသာစီး နဲ႔ ေဆာ့ျပႏိုင္ခဲ့တဲ့ အသင္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ကိုယ့္ကိုယ္ကို မသကၤာစရာ ျဖစ္ေနတဲ့ အေနအထား အထိေတာ့ သံသယ မဝင္ခ်င္ပါဘူး ။ ဒါဟာ ေဘာလုံး ေလာကပါ ။ ကြၽန္ေတာ္ တို႔ဟာ ပြဲတစ္ပြဲ မွာ ဂိုးမသြင္း ႏိုင္ရင္ ၊ အခြင့္အေရး ေတြကို အျပည့္အဝ အသုံးမခ် ႏိုင္ရင္ အေရးနိမ့္ႏိုင္တယ္ ဆိုတာ ႀကိဳသိထားရပါမယ္ ။
ဒီေန႔ပြဲ မွာ ယူႏိုက္တက္ဖက္က ေတာင့္တင္းတဲ့ ကစားသမား စာရင္း ကို ထုတ္သုံးထားလို႔ ကြၽန္ေတာ္ တို႔ ရႈူံးခဲ့ရတာလားဆိုတာ ကိုေတာ့ ကြၽန္ေတာ္ လည္း မသိပါဘူး ။ ဒါေပမယ့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ ကို လာေရာက္ ယွဥ္ၿပိဳင္ ၾကတဲ့ အသင္း အေတာ္မ်ားမ်ား ကေတာ့ ခံစစ္သမား ၅ေယာက္ ထားၿပီးကစား တတ္ၾကပါတယ္” ဆိုၿပီး နည္းျပလမ္းပတ္ကေျပာဆိုပါတယ္။
VAR ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ေတာ့နည္းျပလမ္းပတ္က “ဒီေန႔ ပြဲက VAR ရဲ႕ ဆုံးျဖတ္ခ်က္ ေတြက အေတာ္ေလး ရက္စက္ လြန္းပါတယ္ ။ မက္ဂြိဳင္းယား ဟာ ဒီေန႔ ပြဲ အတြက္ အနီကတ္ ထိသင့္ေပမယ့္ ၊ သူဟာ ယူႏိုက္တက္ ရဲ႕ ဒုတိယ ဂိုးကိုပါ သြင္းယူ ခဲ့ပါတယ္ ။ ပထမ ေခ်ပဂိုး ျဖစ္မယ့္ အေနအထား မွာလည္း VAR ရဲ႕ ဆုံးျဖတ္ခ်က္ မွားယြင္း ေနခဲ့ပါတယ္ ။ ဇူးမား ရဲ႕ ဂိုးကို ခြင့္ျပဳ ေပးခဲ့သင့္တယ္ လို႔ ထင္ပါတယ္ ။ ပထမေတာ့ ကြၽန္ေတာ္ ဟာ အက္ဇ္ပီလီကြီတာ က တြန္းခဲ့တယ္ လို႔ ထင္ခဲ့တာပါ ။ ဒါေပမယ့္ ေသေသခ်ာခ်ာ ျပန္လည္ ဆန္းစစ္ၾကည့္ေတာ့ အက္ဇ္ပီ ဟာ အေနာက္က အတြန္း ခံခဲ့ရၿပီး အဲ့ဒီ သက္ေရာက္မႈ ေၾကာင့္ သူ က တြန္းလိုက္သလို ျဖစ္သြားတာပါ ။ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ဖက္က ႀကိဳက္သည္ ျဖစ္ေစ ၊ မႀကိဳက္သည္ ျဖစ္ေစ ဒိုင္ေတြက မွန္တယ္ ထင္ရင္ ကြၽန္ေတာ္ တို႔ ဖက္ကလည္း ဘာမွ ေစာဒက တက္စရာ မရွိပါဘူး ။ ဇူးမား ရဲ႕ ဂိုး ကို VAR က ပယ္လိုက္တာ က လုံးဝကို အံ့ၾသစရာပါ ။ ဘယ္လုိအေနအထားမ်ဳိး ကပဲၾကည့္ၾကည့္ေတာ္ေတာ္လြဲမွားတဲ့အမွားႀကီးတစ္ခုပါ”ဆိုၿပီး ေျပာဆိုထားပါတယ္။
Sky Sportsရဲ႕ အားကစားသုံးသပ္သူ ယူႏိုက္တက္ ကစားသမားေဟာင္း ေပါလ္စခိုးလ္ကေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ေနရာမွာ ေမာ္ရင္ဟိုဆိုရင္ေတာ့ ကြင္းလယ္ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေျပာင္းၿပီး မက္ဂြိဳင္းယား ထုတ္ခံရေလာက္တယ္လို႔ ေျပာဆိုထားပါတယ္။ “ ခ်ဲလ္ဆီး နည္းျပအဖြဲ႕အေနနဲ႔ ဒီ ျဖစ္စဥ္အေပၚမွာ အခုထက္ပိုၿပီး စိတ္ခံစားမႈ ပိုမို ျမင့္မားသင့္ပါတယ္၊ နည္းျပလမ္းပတ္ ေနရာမွာ နည္းျပေမာ္ရင္ဟိုဆိုရင္ေတာ့ ဒီေလာက္ လြယ္လြယ္ လြတ္ေျမာက္ႏိုင္မယ္ မထင္ပါဘူး။ ေမာ္ရင္ဟိုဆိုရင္ ကတ္ျပခံရေလာက္တဲ့အထိ ဒိုင္ေတြကို ေစာဒဂတက္မွာပါ။ မက္ဂြိဳင္းယားအထုတ္ခံရသင့္ပါတယ္၊ကြၽန္ေတာ္ ေတြ႕လိုက္တဲ့ ခဏေလးအတြင္းမွာပဲ သိသာပါတယ္။ဒါဆိုရင္ပြဲလည္း သိသိသာသာေျပာင္းလဲသြားမွာပါ။”ဆိုၿပီး ေပါလ္စခိုးလ္က သုံးသပ္ထားပါတယ္။
ခ်ယ္လ္ဆီး နည္းျပသစ္ ဖရန႔္ လမ္းပတ္ ဟာ ဒီႏွစ္ ေဘာလုံး ရာသီ မွာပဲ ယူႏိုက္တက္ ကို ၿပိဳင္ပြဲစုံ ၃ႀကိမ္ ေတြ႕ဆုံထားရာမွာ ၃ႀကိမ္စလုံး ထူးျခားစြာ နဲ႔ အေရးနိမ့္ ထားခဲ့ရၿပီ ျဖစ္ပါတယ္ ။ပရီးမီးယားလိဂ္ ပထမ အေက်ာ့ မွာ ယူႏိုက္တက္ ရဲ႕ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္ မွာ ခ်ယ္လ္ဆီး တို႔ ၄ဂိုးျပတ္ နဲ႔ အေရးနိမ့္ခဲ့ၿပီး ၊ ကာရာေဘာင္ စတုတၳ အဆင့္ ပြဲမွာလည္း ၁ ဂိုး – ၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရကာ၊ အခု တစ္ပြဲမွာလည္း ယူႏိုက္တက္ကို ႏွစ္ဂိုးျပတ္နဲ႔ထပ္မံအေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။