ယူနိုက်တက်ရဲ့လူငယ်စီမံကိန်းကို ချီးကျူးလိုက်တဲ့ ဆာအဲလက်စ်ဖာဂူဆန်

ယူနိုက်တက်ရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က အသင်းဟောင်းရဲ့ လူငယ်စီမံကိန်းကို ချီးကျူးလိုက်ပြီး လူငယ်ကစားသမား ၃ ဦးဖြစ်တဲ့ ဘရန်ဒန်ဝီလီယံ ၊ မေဆင်ဂရင်းဝုဒ်နဲ့ တိုမီနေးတို့ဟာ ထင်ထားတာထက် ပိုတိုးတက်လာတယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။

အသက် ၇၈ နှစ်သားဟာ ယူနိုက်တက်ကို ၂၇ နှစ်ကြာနည်းပြခဲ့ပြီး ရိုင်ယန်ဂစ် ၊ ပေါလ်စခိုးလ် ၊ ဒေးဗစ်ဘက်ခမ်းစတဲ့ နာမည်ကျော်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဖာဂူဆန်ကတော့ သူအသင်းကနေထွက်ခွာသွားပေမယ့် လက်ရှိအသင်းရဲ့လူငယ်တွေကို မွေးထုတ်ပေးတဲ့ စီမံကိန်းကို တော်တော်လေးကျေနပ်အားရနေပါတယ်။

“ယူနိုက်တက်ရဲ့လက်ရှိလူငယ်တွေကို မွေးထုတ်ပေးတဲ့ စီမံကိန်းက တော်တော်လေးကောင်းပါတယ်။ အခုဆို ဘရန်ဒန် ၊ ဂရင်းဝုဒ် ၊ တိုမီနေးတို့ ထင်ထားတာထက်ကို ပိုပြီး တိုးတက်နေပါတယ်”လို့ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။


အဆိုပါလူငယ် ၃ ဦးထဲမှာတော့ တိုမီနေးက အထွန်းတောက်ဆုံးဖြစ်နေပြီး နည်းပြ ဆိုးလ်ရှားလက်ထက် အသင်းကြီးမှာ ဆက်တိုက်နေရရနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်ကလည်း အသင်းအတွက် ၂၀၁၈ – ၁၉ ရာသီနောက်ပိုင်း ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို လူငယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံကလည်း တော်တော်လေး တိုးတက်လာခဲ့ပြီး သြဂုတ်လနောက်ပိုင်း အသင်းအတွက် ၁၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။


ယူနိုက်တက်ဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။