ယူနိုက်တက်ရဲ့ယခုနွေရာသီလှုပ်ရှားမှုတွေအကြောင်း Update လုပ်လာတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အနေနဲ့ ယခုနွေရာသီဈေးကွက်မပိတ်ခင် အသင်းအင်အားဖြည့်တင်းနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေဆဲဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပြီး ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရေး ဒေါ့မွန်နဲ့ဆွေးနွေးမှု အဆင်မပြေဖြစ်နေသလို နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ ရီးရဲလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကိုလည်း စပါးအသင်းထံ ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူထားပေမယ့် အသင်းရဲ့အဓိကပစ်မှတ်က ညာတောင်ပံတိုက်စစ်သမားခေါ်ယူနိုင်ရေးဖြစ်ပြီး ဈေးကွက်ပိတ်မယ့် အောက်တိုဘာလ ၅ ရက်နေ့ရောက်ဖို့ ရက်သတ္တပတ် ၃ ပတ်တောင် မလိုတော့တဲ့အချိန်မှာ အခုချိန်အထိ ခေါ်ယူနိုင်ရေး ဝေးကွာနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူတစ်ဦးခေါ်ယူဖို့ ကြိုးစားနေပေမယ့် ရီးရဲလ်ဘယ်နောက်ခံလူ ရီဂူလွန်ကို ခေါ်ယူဖို့ ကြိုးစားမှုမှာလည်း စပါးကို ထပ်မံအရှုံးပေးရဖို့ များနေပါတယ်။

ဘေးလ်ဟာ ယူနိုက်တက်ထက် အသင်းဟောင်း စပါးကိုပဲ ပြန်လည်ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သလို ဒေါ့မွန်အသင်းက ဆန်ချိုအတွက် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းကို လျှော့ချပေးဖို့ ငြင်းဆန်ထားပါတယ်။ ယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် စနေညမှာ ပဲလေ့စ်နဲ့ ကစားရတော့မယ့်အချိန်မှာ အခုချိန်အထိ လုံလောက်တဲ့အင်အားဖြည့်တင်းမှုမပြုလုပ်နိုင်သေးမှုအပေါ် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေက ဒေါသတကြီးထောက်ပြဝေဖန်နေပါတယ်။

”ပရိသတ်တွေကတော့ ကြည့်ရှုဖို့ အကောင်းဆုံးအသင်းကို လိုချင်ကြပြီး အဲဒီစိတ်ခံစားချက်ကိုလည်း ကျွန်တော်တို့ အလိုရှိပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ်၊ အနှစ် ၂၀ လောက်ကို ပြန်ကြည့်မယ်ဆိုရင် ကြီးကျယ်တဲ့ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တာ သိနိုင်ပါတယ်။ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကြိုးစားရမှာဖြစ်ပေမယ့် ကျွန်တော်တို့ ဘယ်သူ့ကို ခေါ်နိုင်မလဲဆိုတာ တစ်ဆိတ်လောက်စောင့်ကြည့်ပေးပါ”

”ကျွန်တော်က အသင်းနဲ့အမြဲတမ်းအဆက်အဆံရှိပြီး အမြဲတမ်းလည်း ဆွေးနွေးနေပါတယ်။ ရာသီသစ်ကို ယုံကြည်မှုအပြည့်နဲ့ စတင်ချင်ပေမယ့် အသင်းအင်အားဖြည့်တင်းဖို့လည်း လုပ်ဆောင်နေပါတယ်။ အခုခေါ်ယူထားတဲ့ ဗန်ဒီဘိခ်ကလည်း အသင်းအတွက် အကျိုးရှိစေမှာ သေချာပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။ အသင်းရဲ့ အခြေအနေနဲ့ပတ်သက်လို့ ယူနိုက်တက်အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဆိုးလ်ရှားက ပြောပါတယ်။

”ဆာအဲလက်စ် ထွက်ခွာသွားပြီးချိန်ကတည်းက ကျွန်တော်တို့အသင်းဟာ ပျမ်းမျှ အဆင့် ၅နေရာရခဲ့ပြီး မနှစ်ကတော့ တတိယနေရာရခဲ့ပါတယ်။ ဒါက ကြီးမားတဲ့အဆင့် တက်လှမ်းမှုဖြစ်ပြီး အသင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားလုံး မြင်တွေ့ကြမယ်ထင်ပါတယ်။ ဖာနန်ဒက်စ်ရောက်လာတယ်။ မက်ဂွိုင်းယားက ခေါင်းဆောင်နိုင်မှုစွမ်းရည်ပြသနေတယ်။ ဝမ်ဘစ်ဆာကာကလည်း ခြေစွမ်းပြသနေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ယူႏိုက္တက္ရဲ႕ယခုေႏြရာသီလႈပ္ရွားမႈေတြအေၾကာင္း Update လုပ္လာတဲ့ ဆိုးလ္ရွား

ယူႏိုက္တက္အေနနဲ႔ ယခုေႏြရာသီေဈးကြက္မပိတ္ခင္ အသင္းအင္အားျဖည့္တင္းႏိုင္ေရးအတြက္ ႀကိဳးစားလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း နည္းျပ ဆိုးလ္ရွားက အတည္ျပဳလိုက္ၿပီး ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူေရး ေဒါ့မြန္နဲ႔ေဆြးေႏြးမႈ အဆင္မေျပျဖစ္ေနသလို ေနာက္ထပ္ပစ္မွတ္ျဖစ္တဲ့ ရီးရဲလ္ေတာင္ပံတိုက္စစ္မႉး ဂါရတ္ေဘးလ္ကိုလည္း စပါးအသင္းထံ ဆုံးရႈံးလိုက္ရၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ယခုေႏြရာသီအတြင္း ေအဂ်က္စ္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေပါင္ ၃၅ သန္းနဲ႔ ေခၚယူထားေပမယ့္ အသင္းရဲ႕အဓိကပစ္မွတ္က ညာေတာင္ပံတိုက္စစ္သမားေခၚယူႏိုင္ေရးျဖစ္ၿပီး ေဈးကြက္ပိတ္မယ့္ ေအာက္တိုဘာလ ၅ ရက္ေန႔ေရာက္ဖို႔ ရက္သတၱပတ္ ၃ ပတ္ေတာင္ မလိုေတာ့တဲ့အခ်ိန္မွာ အခုခ်ိန္အထိ ေခၚယူႏိုင္ေရး ေဝးကြာေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဘယ္ေနာက္ခံလူတစ္ဦးေခၚယူဖို႔ ႀကိဳးစားေနေပမယ့္ ရီးရဲလ္ဘယ္ေနာက္ခံလူ ရီဂူလြန္ကို ေခၚယူဖို႔ ႀကိဳးစားမႈမွာလည္း စပါးကို ထပ္မံအရႈံးေပးရဖို႔ မ်ားေနပါတယ္။

ေဘးလ္ဟာ ယူႏိုက္တက္ထက္ အသင္းေဟာင္း စပါးကိုပဲ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ခဲ့သလို ေဒါ့မြန္အသင္းက ဆန္ခ်ိဳအတြက္ သတ္မွတ္ထားတဲ့ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၈ သန္းကို ေလွ်ာ့ခ်ေပးဖို႔ ျငင္းဆန္ထားပါတယ္။ ယူႏိုက္တက္ဟာ ရာသီအဖြင့္ပြဲစဥ္အျဖစ္ စေနညမွာ ပဲေလ့စ္နဲ႔ ကစားရေတာ့မယ့္အခ်ိန္မွာ အခုခ်ိန္အထိ လုံေလာက္တဲ့အင္အားျဖည့္တင္းမႈမျပဳလုပ္ႏိုင္ေသးမႈအေပၚ ဆိုရွယ္မီဒီယာမွာ ပရိသတ္ေတြက ေဒါသတႀကီးေထာက္ျပေဝဖန္ေနပါတယ္။

”ပရိသတ္ေတြကေတာ့ ၾကည့္ရႈဖို႔ အေကာင္းဆုံးအသင္းကို လိုခ်င္ၾကၿပီး အဲဒီစိတ္ခံစားခ်က္ကိုလည္း ကြၽန္ေတာ္တို႔ အလိုရွိပါတယ္။ ၿပီးခဲ့တဲ့ ၁၀ႏွစ္၊ အႏွစ္ ၂၀ ေလာက္ကို ျပန္ၾကည့္မယ္ဆိုရင္ ႀကီးက်ယ္တဲ့ကစားသမားေတြကို ပိုင္ဆိုင္ခဲ့တာ သိႏိုင္ပါတယ္။ အသင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ႀကိဳးစားရမွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ ဘယ္သူ႔ကို ေခၚႏိုင္မလဲဆိုတာ တစ္ဆိတ္ေလာက္ေစာင့္ၾကည့္ေပးပါ”

”ကြၽန္ေတာ္က အသင္းနဲ႔အၿမဲတမ္းအဆက္အဆံရွိၿပီး အၿမဲတမ္းလည္း ေဆြးေႏြးေနပါတယ္။ ရာသီသစ္ကို ယုံၾကည္မႈအျပည့္နဲ႔ စတင္ခ်င္ေပမယ့္ အသင္းအင္အားျဖည့္တင္းဖို႔လည္း လုပ္ေဆာင္ေနပါတယ္။ အခုေခၚယူထားတဲ့ ဗန္ဒီဘိခ္ကလည္း အသင္းအတြက္ အက်ိဳးရွိေစမွာ ေသခ်ာပါတယ္”လို႔ ဆိုးလ္ရွားက ေျပာပါတယ္။ အသင္းရဲ႕ အေျခအေနနဲ႔ပတ္သက္လို႔ ယူႏိုက္တက္အေနနဲ႔ မွန္ကန္တဲ့လမ္းေၾကာင္းေပၚ ေရာက္ေနၿပီလို႔ ဆိုးလ္ရွားက ေျပာပါတယ္။

”ဆာအဲလက္စ္ ထြက္ခြာသြားၿပီးခ်ိန္ကတည္းက ကြၽန္ေတာ္တို႔အသင္းဟာ ပ်မ္းမွ် အဆင့္ ၅ေနရာရခဲ့ၿပီး မႏွစ္ကေတာ့ တတိယေနရာရခဲ့ပါတယ္။ ဒါက ႀကီးမားတဲ့အဆင့္ တက္လွမ္းမႈျဖစ္ၿပီး အသင္းရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အားလုံး ျမင္ေတြ႕ၾကမယ္ထင္ပါတယ္။ ဖာနန္ဒက္စ္ေရာက္လာတယ္။ မက္ဂြိဳင္းယားက ေခါင္းေဆာင္ႏိုင္မႈစြမ္းရည္ျပသေနတယ္။ ဝမ္ဘစ္ဆာကာကလည္း ေျခစြမ္းျပသေနပါတယ္”လို႔ ဆိုးလ္ရွားက ေျပာပါတယ္။