ယူနိုက်တက်ရဲ့ဖလား ၃လုံးချန်ပီယံလိုမျိုး လိုက်လုပ်နိုင်ဖို့ ဘယ်အသင်းမှ မဖြစ်နိုင်လောက်ဘူးလို့ ဆိုးလ်ရှား အသိပေး

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ဖလား ၃လုံးချန်ပီယံဖြစ်ခဲ့သလိုမျိုး တစ်ထပ်တည်းအောင်မြင်မှုရယူဖို့ ဘယ်အသင်းမှ မဖြစ်နိုင်လောက်ဘူးလို့ အသိပေးလိုက်ခြင်းဖြင့် ပြိုင်ဘက်လီဗာပူးအသင်းကို ထိုးနှက်လိုက်ပါတယ်။

Photo Credit

လီဗာပူးဟာ ဒီရာသီမှာ ဖလား ၃လုံးချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းများနေသလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း နောက်ပိုင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ယမန်နေ့ညက အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် လီဗာပူးအသင်းရဲ့တစ်ရာသီအတွင်း ဖလား ၃လုံးချန်ပီယံဖြစ်ရေးမျှော်လင့်ချက်မှာလည်း အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit

၁၉၉၉ ခုနှစ်က ယူနိုက်တက်ဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာပါ။

Photo Credit

ဆိုးလ်ရှားကိုယ်တိုင်လည်း အဲဒီဂန္ထဝင်အောင်မြင်မှုမှာ အဓိကနေရာနေ ပါဝင်ခဲ့ပြီး အထူးသဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် နူးကမ့်မှာ ဘိုင်ယန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တုန်းက လူစားဝင်လာပြီးနောက် နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံသား ဆိုးလ်ရှားက အဲဒီလိုအောင်မြင်မှုမျိုး တစ်သင်းသင်းက ထပ်လုပ်ပြနိုင်ဖို့ဆိုတာ ဖြစ်လာနိုင်လိမ့်မယ်လို့ မထင်ကြောင်း ဆိုပါတယ်။

Photo Credit

”ကျွန်တော့်အတွက်ကတော့ ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကစားခွင့်ရခဲ့တာက တကယ့်ကိုအံ့အားသင့်စရာပါပဲ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆိုတာက ဘောလုံးရာသီတစ်ခုရဲ့ နောက်ဆုံးပွဲအဖြစ် အမြဲတမ်းရှိနေတာဖြစ်ပြီး တကယ့်ကိုမယုံနိုင်စရာပါပဲ။ ပြီးတော့ အက်ဖ်အေဖလားကိုလည်း ဘယ်တော့မှ သွားလျှော့တွက်လို့မရပါဘူး”

Photo Credit

”ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်း အောင်မြင်ကျော်ကြားတဲ့ ဖလား ၃လုံးချန်ပီယံဖြစ်ခဲ့ရာမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲက အလှည့်အပြောင်းဖြစ်ခဲ့လို့ဖြစ်ပြီး အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲပါ။ ဒီလိုထပ်လုပ်ပြနိုင်ဖို့ မျှော်လင့်ပေမယ့် ခက်ခဲတဲ့စမ်းသပ်မှုဖြစ်ပါတယ်။ ဘယ်အသင်းမဆို ဒီလိုလုပ်ပြဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ဘက်တွေက အသင်းကောင်းတွေဖြစ်လို့ပါ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္ရဲ႕ဖလား ၃လုံးခ်န္ပီယံလုိမ်ိဳး လုိက္လုပ္ႏိုင္ဖို႔ ဘယ္အသင္းမွ မျဖစ္ႏိုင္ေလာက္ဘူးလုိ႔ ဆုိးလ္ရွား အသိေပး

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ယူႏုိက္တက္ရဲ႕ဖလား ၃လုံးခ်န္ပီယံျဖစ္ခဲ့သလုိမ်ိဳး တစ္ထပ္တည္းေအာင္ျမင္မႈရယူဖုိ႔ ဘယ္အသင္းမွ မျဖစ္ႏိုင္ေလာက္ဘူးလုိ႔ အသိေပးလုိက္ျခင္းျဖင့္ ၿပိဳင္ဘက္လီဗာပူးအသင္းကို ထိုးႏွက္လုိက္ပါတယ္။
လီဗာပူးဟာ ဒီရာသီမွာ ဖလား ၃လုံးခ်န္ပီယံျဖစ္ဖို႔ နီးစပ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ားေနသလုိ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲေတြမွာလည္း ေနာက္ပိုင္းအဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ယမန္ေန႔ညက အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္အျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ လီဗာပူးအသင္းရဲ႕တစ္ရာသီအတြင္း ဖလား ၃လုံးခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္မွာလည္း အဆုံးသတ္သြားခဲ့ရပါတယ္။
၁၉၉၉ ခုႏွစ္က ယူႏိုက္တက္ဟာ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ရဲ႕ဦးေဆာင္မႈနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားၿပိဳင္ပဲြေတြမွာ ဗိုလ္စြဲႏိုင္ခဲ့တာပါ။
ဆုိးလ္ရွားကိုယ္တိုင္လည္း အဲဒီဂႏၳ၀င္ေအာင္ျမင္မႈမွာ အဓိကေနရာေန ပါ၀င္ခဲ့ၿပီး အထူးသျဖင့္ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲအျဖစ္ ႏူးကမ့္မွာ ဘုိင္ယန္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တုန္းက လူစား၀င္လာၿပီးေနာက္ နာက်င္အခ်ိန္ပိုမွာ အႏိုင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ေနာ္ေ၀ႏိုင္ငံသား ဆုိးလ္ရွားက အဲဒီလုိေအာင္ျမင္မႈမ်ိဳး တစ္သင္းသင္းက ထပ္လုပ္ျပႏိုင္ဖို႔ဆုိတာ ျဖစ္လာႏုိင္လိမ့္မယ္လုိ႔ မထင္ေၾကာင္း ဆုိပါတယ္။
”ကၽြန္ေတာ့္အတြက္ကေတာ့ ၁၉၉၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ကစားခြင့္ရခဲ့တာက တကယ့္ကိုအံ့အားသင့္စရာပါပဲ။ ခ်န္ပီယံလိဂ္ဗိုလ္လုပဲြဆုိတာက ေဘာလုံးရာသီတစ္ခုရဲ႕ ေနာက္ဆုံးပြဲအျဖစ္ အၿမဲတမ္းရွိေနတာျဖစ္ၿပီး တကယ့္ကိုမယုံႏိုင္စရာပါပဲ။ ၿပီးေတာ့ အက္ဖ္ေအဖလားကိုလည္း ဘယ္ေတာ့မွ သြားေလွ်ာ့တြက္လုိ႔မရပါဘူး”
”ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္တို႔အသင္း ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဖလား ၃လုံးခ်န္ပီယံျဖစ္ခဲ့ရာမွာ အက္ဖ္ေအဖလား ဆီမီးဖုိင္နယ္ပဲြက အလွည့္အေျပာင္းျဖစ္ခဲ့လုိ႔ျဖစ္ၿပီး အာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲပါ။ ဒီလုိထပ္လုပ္ျပႏိုင္ဖို႔ ေမွ်ာ္လင့္ေပမယ့္ ခက္ခဲတ့ဲစမ္းသပ္မႈျဖစ္ပါတယ္။ ဘယ္အသင္းမဆို ဒီလုိလုပ္ျပဖို႔ဆုိတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၿပိဳင္ဘက္ေတြက အသင္းေကာင္းေတြျဖစ္လုိ႔ပါ”လုိ႔ ဆုိးလ္ရွားက ေျပာၾကားခဲ့ပါတယ္။