ယူနိုက်တက်ရဲ့ဒဏ်ရာထဲ ဆားထည့်ပေးလိုက်တဲ့ ဒေါ့မွန်ရဲ့စံချိန်ရေးထိုးပွဲ

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လက်ရှိအချိန်မှာ ယူနိုက်တက်ပရိသတ်တွေလည်း ဂျာမန်ဘောလုံးလောကဘက် လှည့်ကြည့်ချင်မှာမဟုတ်ပါဘူး။ အင်္ဂလန်လူငယ်ကစားသမား ဂျိတ်ဘယ်လင်ဂမ်ဟာ ဒေါ့မွန်အတွက် ပထမဆုံးပြိုင်ပွဲအသွင်ပွဲအဖြစ် တနင်္လာညက ဒွိုက်စ်ဘတ်ကို ဝ-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပိုကယ်ဖလား ပထမအဆင့်မှာ ပါဝင်ကစားသွားခဲ့ပြီး အသင်းသစ်အတွက် သူ့ရဲ့ ဗွေဆော်ဦးဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။


ဂယ်လင်ဂမ်ဟာ ယခုနွေရာသီအတွင်း ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် ဒေါ့မွန်ကို ပြောင်းရွှေ့လာသူဖြစ်ပြီး ပွဲချိန်မိနစ် ၃၀ မှာ သော်ဂန်ဟာဇက်ရဲ့ ပေးပို့မှုကနေ ဒေါ့မွန်အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။


အဲဒီဂိုးမတိုင်ခင် နောက်ထပ်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ တောင်ပံကစားသမား ဆန်ချိုက ပွဲချိန် ၁၄ မိနစ်မှာ ပင်နယ်တီကနေ ဒေါ့မွန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒေါ့မွန်ကစားသမားဘ၀ ပွဲ ၁၀၀ လည်း ပြည့်မြောက်ခဲ့ပါတယ်။


ဘယ်လင်ဂမ်ရော ဆန်ချိုပါ ဂိုးတွေသွင်းယူနိုင်ခဲ့လို့ ဒေါ့မွန်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲတစ်ပွဲတည်းမှာ အင်္ဂလိပ်ကစားသမား နှစ်ဦးက အသင်းအတွက် ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်မှုအဖြစ် စံချိန်သစ်တင်သွားခဲ့ပါတယ်။ ဘယ်လင်ဂမ်ဆိုရင် အသက် ၁၇ နှစ်၊ ၇၇ ရက်နဲ့ အသင်းသက်တမ်း နှစ်ပေါင်း ၁၁၀ အတွင်း ဒေါ့မွန်အသင်းရဲ့ ထာဝရအသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။


ဘာမင်ဂမ်ကနေ ရောက်ရှိလာခဲ့တဲ့ ဂယ်လင်ဂမ်ဟာ ဒုတိယပိုင်းမှာတော့ လူစားလဲခြင်းခံခဲ့ရပြီး ဒေါ့မွန်အသင်းအတွက် လက်ကျန်ဂိုးတွေကို ဟာဇက်၊ ရေညာနဲ့ မာကိုရူးစ်တို့က သွင်းယူပေးခဲ့ပါတယ်။


နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းပေးချေဖို့ ငြင်းဆန်ခဲ့ပြီးနောက် အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဒေါ့မွန်နဲ့ ဆွေးနွေးနေမှုကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူႏိုက္တက္ရဲ႕ဒဏ္ရာထဲ ဆားထည့္ေပးလိုက္တဲ့ ေဒါ့မြန္ရဲ႕စံခ်ိန္ေရးထိုးပြဲ

လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြလည္း ဂ်ာမန္ေဘာလုံးေလာကဘက္ လွည့္ၾကည့္ခ်င္မွာမဟုတ္ပါဘူး။ အဂၤလန္လူငယ္ကစားသမား ဂ်ိတ္ဘယ္လင္ဂမ္ဟာ ေဒါ့မြန္အတြက္ ပထမဆုံးၿပိဳင္ပြဲအသြင္ပြဲအျဖစ္ တနလၤာညက ဒြိဳက္စ္ဘတ္ကို ဝ-၅ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပိုကယ္ဖလား ပထမအဆင့္မွာ ပါဝင္ကစားသြားခဲ့ၿပီး အသင္းသစ္အတြက္ သူ႔ရဲ႕ ေဗြေဆာ္ဦးဂိုးပါ သြင္းယူႏိုင္ခဲ့ပါတယ္။

ဂယ္လင္ဂမ္ဟာ ယခုေႏြရာသီအတြင္း ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားျခင္း ခံခဲ့ရေပမယ့္ ေဒါ့မြန္ကို ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီး ပြဲခ်ိန္မိနစ္ ၃၀ မွာ ေသာ္ဂန္ဟာဇက္ရဲ႕ ေပးပို႔မႈကေန ေဒါ့မြန္အသင္းအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

အဲဒီဂိုးမတိုင္ခင္ ေနာက္ထပ္ယူႏိုက္တက္အသင္းရဲ႕ပစ္မွတ္ျဖစ္တဲ့ ေတာင္ပံကစားသမား ဆန္ခ်ိဳက ပြဲခ်ိန္ ၁၄ မိနစ္မွာ ပင္နယ္တီကေန ေဒါ့မြန္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေဒါ့မြန္ကစားသမားဘ၀ ပြဲ ၁၀၀ လည္း ျပည့္ေျမာက္ခဲ့ပါတယ္။

ဘယ္လင္ဂမ္ေရာ ဆန္ခ်ိဳပါ ဂိုးေတြသြင္းယူႏိုင္ခဲ့လို႔ ေဒါ့မြန္အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ပြဲတစ္ပြဲတည္းမွာ အဂၤလိပ္ကစားသမား ႏွစ္ဦးက အသင္းအတြက္ ပထမဆုံးအႀကိမ္ ဂိုးသြင္းႏိုင္မႈအျဖစ္ စံခ်ိန္သစ္တင္သြားခဲ့ပါတယ္။ ဘယ္လင္ဂမ္ဆိုရင္ အသက္ ၁၇ ႏွစ္၊ ၇၇ ရက္နဲ႔ အသင္းသက္တမ္း ႏွစ္ေပါင္း ၁၁၀ အတြင္း ေဒါ့မြန္အသင္းရဲ႕ ထာဝရအသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ပါ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ဘာမင္ဂမ္ကေန ေရာက္ရွိလာခဲ့တဲ့ ဂယ္လင္ဂမ္ဟာ ဒုတိယပိုင္းမွာေတာ့ လူစားလဲျခင္းခံခဲ့ရၿပီး ေဒါ့မြန္အသင္းအတြက္ လက္က်န္ဂိုးေတြကို ဟာဇက္၊ ေရညာနဲ႔ မာကို႐ူးစ္တို႔က သြင္းယူေပးခဲ့ပါတယ္။ ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းေတြအရ ယူႏိုက္တက္ဟာ ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္းက သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၈ သန္းေပးေခ်ဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေရးအတြက္ ေဒါ့မြန္နဲ႔ ေဆြးေႏြးေနမႈကေန ႏုတ္ထြက္ေတာ့မယ္လို႔ သိရပါတယ္။