ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ကိစ္စအပါအဝင် အခြားအကြောင်းအရာများကိုပြောဆိုလာတဲ့ နည်းပြဆိုးလ်ရှား
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ အသင်းအနေနဲ့ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရပါက အသင်းအတွက် ဆုံးရှုံးတာတွေပိုရှိလာမယ်ဆိုပြီးပြောဆိုလာပါတယ်။ ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းက နောက်ဆုံး ဘဏ္ဍာရေး ရှင်းတန်းပြုလုပ်ခဲ့ပြီး ဒီနှစ်မှာ ဝင်ငွေ ပေါင် သန်း ၇၀ ခန့်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါတွေဟာ အသင်းက ချန်ပီယံလိဂ် မကစားရတာရဲ့ အကျိူးဆက်တွေဖြစ်ခဲ့ပါတယ်။
photo internet
အခုအခါမှာတော့ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေပြန်လည်ကောင်းမွန်လာခဲ့လို့ အဆင့် ၄ ထဲ ဝင်ရောက်နိုင်ဖို့ အလားအလာကောင်းလာခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ယူရိုပါလိဂ် ပြိုင်ပွဲတစ်ခုတည်းကိုပဲ အားစိုက်မှာမဟုတ်ကြောင်းပြောဆိုထားပါတယ်။ “ကျွန်တော်တို့ အသင်းဟာ အသင်းကြီးတစ်ခုပါ။ ငွေကြေးပိုင်းလည်းအင်အားရှိပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရရင်တော့ ဆုံးရှုံးနစ်နာတာတွေ ရှိပါလိမ့်မယ်။ ဒါကြောင့် အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့်ပြန်ရဖို့ပါပဲ။ ဒါမှ ဘဏ္ဍရေးအရလည်း ကလပ်အသင်းကို ပြန်လည်ကူညီနိုင်မှာ ဖြစ်ပါတယ်။”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းရုန်းကန်နေရပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ ကောင်းမွန်ကျစ်လစ်တဲ့ အစုအဖွဲ့ကိုတည်ဆောက်ပေးထားနိုင်ခဲ့ပါတယ်။
photo internet
“ကျွန်တော်တို့အခုတလော ကွင်းထဲမှာခြေစွမ်းကောင်းတာဟာ အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့်လည်းဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့နည်းနည်း ကံပိုကောင်းခဲ့တာတွေ လည်းရှိတာပေါ့။အဓိကကတော့ အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားတာမှန်ကန်ခဲ့လို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ တစ်ဂိုးလောက်သွင်းပြီး ကျေနပ်နေမယ့်အသင်းမျိုးတော့မဟုတ်ပါဘူး။ စိတ်လှုပ်ရှား ဖွယ်ကောင်းတဲ့ တိုက်စစ်ကစားဟန်ရှိတဲ့အသင်းကိုဖန်တီးချင်တာပါ။ ကစားသမားတွေရဲ့ရင့်ကျက်လာမှု့နဲ့ သုံးယောက်တန်း မှာဖြစ်စေလေးယောက်တန်းခံစစ်မှာဖြစ်စေ အံဝင်မှု့ကလည်း အလွန်ကိုအရေးပါခဲ့ပါတယ်။”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။ကစားသမား အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီ က လက်ရှိ အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား နဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ တို့ကို ထိပ်တိုက် တွေ့ဆုံ ၊ စကားတွေ ပြောစေလိုကြောင်း ပြောထားပါတယ်။ ပေါ့ဂ်ဘာဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ဒဏ်ရာ ပြသနာ တွေ ဆက်တိုက် ကြုံတွေ့ နေခဲ့ ရမှု တွေကြောင့် အသင်း အတွက် ပါဝင် ကစား ပေးနိုင် ဖို့ ရုန်းကန် နေခဲ့ ရသူပဲ ဖြစ်ပါတယ် ။ သူဟာ ဒီ ရာသီ အတွင်း ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 8 ပွဲ မျှသာ ပါဝင် ကစား ပေးရ ပါ သေးတယ် ။
photo internet
အခုအခါ ပေါ့ဂ်ဘာ ဟာ ဒဏ်ရာ ပြဿနာ သက်သာ ကောင်းမွန် နေပြီ ဖြစ်ကြောင်း လူမှု ကွန်ယက် မှ တစ်ဆင့် ဖော်ပြ ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ် အချို့က ပေါ့ဂ်ဘာ ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ တော်မီနေး တို့ရဲ့ ကွင်းလယ် ကစားကွက် ကို မြင်တွေ့ လိုနေကြပါတယ်။ အချို့ ပရိသတ် တွေက တော့ ခြေစွမ်း ကောင်း ပြသ နေတဲ့ ဘရူနို ဖာနန်ဒက်စ် ကြောင့် ပေါ့ဂ်ဘာ ကို လွမ်းဆွတ် နေစရာ မလိုတော့ဘူး လို့တောင် ပြောကြပါတယ်။ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဖြစ်သူ ဗန်ပါစီ က နည်းပြ ဖြစ်သူ နဲ့ ကစားသမား တို့ ထိပ်တိုက် တွေ့ဆုံ ပြီး သူတို့ ရဲ့ အနာဂတ် plan တွေ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြား ကြဖို့ လိုအပ် နေကြောင်းပြောထားပါတယ်။
photo internet
” ပေါ့ဂ်ဘာ ရဲ့ လက်ရှိ အနေအထား တွေက စိတ်ဝင်စား စရာ ပါပဲ ။ ကျွန်တော့် ရဲ့ အမြင် မှာတော့ သူဟာ ကမ္ဘာ့ အဆင့် ကွင်းလယ် ကစားသမား တစ်ဦး ပါ ။ သူဟာ အရင် နှစ်တွေ က အဲ့တာ ကို သက်သေ ပြခဲ့ပြီး ပါပြီ ။ သူ့ဆီ မှာ ကွင်းလယ် ကစားသမား တစ်ဦး ရဲ့ အရည်အသွေး အကုန် ရှိနေ ပါတယ် ။ဒါပေမယ့် ပထမဆုံး အနေနဲ့ ဘယ် နေရာ မှာ ကစား ရတာ အကြိုက်ဆုံးလဲ ဆိုတာကို သူ ဖွင့်ပြော သင့်ပြီ ထင်ပါတယ် ။ အဲ့တာ ကိုသာ သူဖက် က ဖွင့်ပြော လိုက်မယ် ဆိုရင် အဲ့ဒီ နေရာမှာ ဘယ်လောက် ကောင်းသလဲ ဆိုတာ လူတွေ ချင့်ချိန် တွက်ဆ ငြင်းခုံ နိုင်ကြ ပါ လိမ့်မယ် ။ လက်ရှိ ပြဿနာ က သူဟာ နံပါတ် 6 ကစားသမား လား ၊ နံပါတ် 10 ကစားသမား လား ဆိုတာ ကို လူတွေ မသိရှိ ကြတာပါပဲ။ လူတွေ က သူနဲ့ ပတ်သက်လို့ ဝေဖန် ကြတာ သိပ်ပြီး မမျှတ ဘူးလို့ ကျွန်တော် ခံစား နေရ ပါတယ် ။ နောက်ပြီးတော့ သူဟာ ယူနိုက်တက် အသင်း မှာ တကယ်ပဲ ပျော်ရွှင် နေသလား ဆိုတာလည်းအရေးကြီးပါတယ်။သူနဲ့ ပတ်သက် တဲ့ ကောလာဟလ သတင်းတွေ အများကြီး ပါပဲ ။ နည်းပြ ကလည်း အဲ့ဒီ အကြောင်းတွေကို အင်တာဗျူး အစီအစဉ် တိုင်းမှာ ဖြေကြားပေး နေရ ပါတယ် ။ လူအများစု က ကစားသမား ရဲ့ ကွင်းထဲ က ခြေစွမ်း အကြောင်း ကို ဝေဖန် ချိန်ထိုး နေကြ တာ မဟုတ် ပါဘူး ။ အခြား အကြောင်း တွေကို ပါ ဆွဲထည့် ပြီး ထင်ရာ ဝေဖန် ပြောဆိုနေကြတာပါ။ ဒါကြောင့်ကာယကံရှင်နှစ်ယောက်အကျေအလည်ပြောဆိုဖို့လိုပါတယ်။
အဲလိုမှ မဟုတ်ရင် သို့လောသို့လောနဲ့ပြဿနာတွေဆက်ရှိနေမှာပါ ”ဆိုပြီးဗန်ပါစီကပြောပါတယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)