
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းသမိုင်းတစ်လျောက် ကစားသမားရောင်းချရမှုကနေ ပြောင်းရွှေ့ကြေးအများဆုံးရခဲ့တဲ့စာရင်းမှာ ဒန်နီယဲလ်ဂျိမ်းစ်ဟာ ဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ခမ်ကို ကျော်ဖြတ်ပြီးတော့ အဆင့်(၄)နေရာချိတ်ခဲ့ပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဒန်နီယဲလ်ဂျိမ်းစ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးရက်မှာ လိဒ်စ်အသင်းကို ပေါင်(၂၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
ဒန်နီယဲလ်ဂျိမ်းစ်ရဲ့ပြောင်းရွှေ့ကြေးက ခြေစွမ်းနဲ့အောင်မြင်မှုအပေါ်လိုက်ပြီး ပေါင်သန်း(၃၀)အထိမြင့်တက်သွားဖို့ရှိနေသလို အခုဆိုရင် ယူနိုက်တက်အသင်းကစားသမားရောင်းချရမှုကနေ ပြောင်းရွှေ့ကြေးအများဆုံးရခဲ့တဲ့ကစားသမားစာရင်းဝင်ဖြစ်လာခဲ့ပါပြီ။
ယူနိုက်တက်ဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ခမ်ဟာ ၂၀၀၃ ခုနှစ်မှာ လာလီဂါထိပ်သီးရီးယဲလ်အသင်းဆီ ပေါင်(၂၄.၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အခုစာရင်းရဲ့အဆင့်(၄)နေရာရပ်တည်နေပေမယ့် ဒန်နီယဲလ်ဂျိမ်းစ်က ဘက်ခမ်ရဲ့နေရာကို လွှဲပြောင်းရယူခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရောင်းချခဲ့တဲ့ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးရခဲ့တာက စီရော်နယ်လ်ဒိုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ရီးယဲလ်အသင်းက ပေါင်သန်း(၈၀)နဲ့ခေါ်ယူခဲ့တာပါ။
အခုအချိန်မှာတော့ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတွေမှာ ကစားသမားဘဝဖြတ်သန်းခဲ့ပြီးတဲ့နောက် ယူနိုက်တက်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပါပြီ။
စီရော်နယ်လ်ဒိုပြီးရင် ပြောင်းရွှေ့ကြေးအများဆုံးရခဲ့တဲ့ ဒုတိယကစားသမားကတော့ အခု ချယ်လ်ဆီးအသင်းမှာကစားနေတဲ့ တိုက်စစ်မှူးလူကာကူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်အသင်းဆီ ပေါင်(၇၄)သန်းနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။
ကျောနံပါတ်(၇)ပိုင်ရှင်ကစားသမားတွေထဲမှာ ကျရှုံးခဲ့သူတစ်ဦးဖြစ်ခဲ့တဲ့ ဒီမာရီယာကတော့ အခုစာရင်းမှာ တတိယချိတ်ခဲ့ပြီး ဒီမာရီယာကို ယူနိုက်တက်အသင်းက ၂၀၁၄ ခုနှစ်မှာ
ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၅၉.၇)သန်းနဲ့ခေါ်ယူခဲ့ပေမယ့် (၁)နှစ်အကြာမှာပဲ PSG အသင်းကို ပေါင်(၄၄.၃)သန်းနဲ့ရောင်းချခဲ့တာကြောင့် အမြတ်မရဘဲ အရှုံးပေါ်ခဲ့ပါတယ်။
အခုစာရင်း ရှနိုက်ဒါလင်(အဲဗာတန်၊ ပေါင် ၂၄သန်း-၂၀၁၇)၊ ဒီပိုင်း (လိုင်ယွန်၊ ပေါင်၁၆သန်း-၂၀၁၇)၊ ဝဲလ်ဘက် (အာဆင်နယ်၊ ပေါင်၁၆သန်း-၂၀၁၄)၊ ယပ်စတန်း (လာဇီယို၊ ပေါင်၁၅.၂သန်း-၂၀၀၁)၊ ဗာရွန်(ချယ်လ်ဆီး – ပေါင်၁၅သန်း-၂၀၀၃)တို့ရဲ့အပြောင်းအရွှေ့တွေလည်းပါဝင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူႏိုက္တက္ရဲ႕ကစားသမားေရာင္းခ်ရမႈကေန ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တဲ့စာရင္းမွာ ဘက္ခမ္ကို ေက်ာ္ျဖတ္ၿပီး စတုတၳခ်ိတ္ခဲ့တဲ့ ဂ်ိမ္းစ္
မန္ခ်က္စတာယူႏိုက္တက္အသင္းသမိုင္းတစ္ေလ်ာက္ ကစားသမားေရာင္းခ်ရမႈကေန ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တဲ့စာရင္းမွာ ဒန္နီယဲလ္ဂ်ိမ္းစ္ဟာ ဂႏၴဝင္ကစားသမားေဒးဗစ္ဘက္ခမ္ကို ေက်ာ္ျဖတ္ၿပီးေတာ့ အဆင့္(၄)ေနရာခ်ိတ္ခဲ့ပါတယ္။ အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒန္နီယဲလ္ဂ်ိမ္းစ္ဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလေနာက္ဆုံးရက္မွာ လိဒ္စ္အသင္းကို ေပါင္(၂၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။
ဒန္နီယဲလ္ဂ်ိမ္းစ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးက ေျခစြမ္းနဲ႔ေအာင္ျမင္မႈအေပၚလိုက္ၿပီး ေပါင္သန္း(၃၀)အထိျမင့္တက္သြားဖို႔ရွိေနသလို အခုဆိုရင္ ယူႏိုက္တက္အသင္းကစားသမားေရာင္းခ်ရမႈကေန ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တဲ့ကစားသမားစာရင္းဝင္ျဖစ္လာခဲ့ပါၿပီ။ ယူႏိုက္တက္ဂႏၴဝင္ကစားသမားေဒးဗစ္ဘက္ခမ္ဟာ ၂၀၀၃ ခုႏွစ္မွာ လာလီဂါထိပ္သီးရီးယဲလ္အသင္းဆီ ေပါင္(၂၄.၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အခုစာရင္းရဲ႕အဆင့္(၄)ေနရာရပ္တည္ေနေပမယ့္ ဒန္နီယဲလ္ဂ်ိမ္းစ္က ဘက္ခမ္ရဲ႕ေနရာကို လႊဲေျပာင္းရယူခဲ့တာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းေရာင္းခ်ခဲ့တဲ့ကစားသမားေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တာက စီေရာ္နယ္လ္ဒိုျဖစ္ၿပီး ၂၀၀၉ ခုႏွစ္မွာ ရီးယဲလ္အသင္းက ေပါင္သန္း(၈၀)နဲ႔ေခၚယူခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ စီေရာ္နယ္လ္ဒိုဟာ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္အသင္းေတြမွာ ကစားသမားဘဝျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ ယူႏိုက္တက္အသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့ပါၿပီ။ စီေရာ္နယ္လ္ဒိုၿပီးရင္ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တဲ့ ဒုတိယကစားသမားကေတာ့ အခု ခ်ယ္လ္ဆီးအသင္းမွာကစားေနတဲ့ တိုက္စစ္မႉးလူကာကူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ အင္တာမီလန္အသင္းဆီ ေပါင္(၇၄)သန္းနဲ႔ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။
ေက်ာနံပါတ္(၇)ပိုင္ရွင္ကစားသမားေတြထဲမွာ က်ရႈံးခဲ့သူတစ္ဦးျဖစ္ခဲ့တဲ့ ဒီမာရီယာကေတာ့ အခုစာရင္းမွာ တတိယခ်ိတ္ခဲ့ၿပီး ဒီမာရီယာကို ယူႏိုက္တက္အသင္းက ၂၀၁၄ ခုႏွစ္မွာ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၅၉.၇)သန္းနဲ႔ေခၚယူခဲ့ေပမယ့္ (၁)ႏွစ္အၾကာမွာပဲ PSG အသင္းကို ေပါင္(၄၄.၃)သန္းနဲ႔ေရာင္းခ်ခဲ့တာေၾကာင့္ အျမတ္မရဘဲ အရႈံးေပၚခဲ့ပါတယ္။ အခုစာရင္း ရွႏိုက္ဒါလင္(အဲဗာတန္၊ ေပါင္ ၂၄သန္း-၂၀၁၇)၊ ဒီပိုင္း (လိုင္ယြန္၊ ေပါင္၁၆သန္း-၂၀၁၇)၊ ဝဲလ္ဘက္ (အာဆင္နယ္၊ ေပါင္၁၆သန္း-၂၀၁၄)၊ ယပ္စတန္း (လာဇီယို၊ ေပါင္၁၅.၂သန္း-၂၀၀၁)၊ ဗာ႐ြန္(ခ်ယ္လ္ဆီး – ေပါင္၁၅သန္း-၂၀၀၃)တို႔ရဲ႕အေျပာင္းအေ႐ႊ႕ေတြလည္းပါဝင္ခဲ့ပါတယ္။