ယူနိုက်တက်ရောက် ဖာနန်ဒက်စ်နဲ့ပတ်သက်ဆက်စပ်သမျှအကြောင်းအရာများ…….

photo internet

ယူနိုက်တက်အသင်းသားဖြစ်လာပြီဖြစ်တဲ့ ဖာနန်ဒက်စ်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက်အမှန်တကယ်လိုအပ်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ကွင်းလယ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဖာနန်ဒက်စ်ကိုပွဲစဉ်အတွင်း ဘယ်နေရာတွေမှာသုံးလို့ရမလဲဆိုတာ အရင်ဦးဆုံးပြောပြပေးပါမယ်။ဖာနန်ဒက်စ်တစ်ယောက်တည်းအားနဲ့ မဟုတ်ဘဲပိုပြီးအားကောင်းတဲ့ပုံစံဖြစ်စေဖို့အတွက်ကတော့ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊တိုမီနေး၊ရက်ရှ်ဖို့တို့ကွင်းထဲပြန်ဝင်ဖို့လိုနေပါတယ်။ (၄-၂-၃-၁) အခင်းအကျင်းနဲ့ဆိုရင် ဖာနန်ဒက်စ်က နံပါတ်နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နေရာ ကနေပွဲထွက်နိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးကို အထောင်ပုံစံထားမယ်ဆိုရင် အဲဒီနှစ်ယောက်ရဲ့နောက်မှာတော့ ဖာနန်ဒက်စ်ကိုထားပြီးကစားစေနိုင်ပါတယ်။

photo internet

(၄-၃-၃) ကစားကွက်မှာတော့ ဗဟိုကွင်းလယ်ကစားသမားတွေအဖြစ် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့က ပွဲထွက်လို့ရနိုင်ပြီးတော့သူတို့နောက်မှာတော့တိုမီနေးက ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပွဲထွက်လာနိုင်ပါတယ်။ ဘရူနိုကိုခေါ်ယူနိုင်ခဲ့တာက အသင်းရဲ့ကွင်းတွင်းမှာတင်မကပဲ ကွင်းပြင်ပမှာလည်း တိုးတက်မှုတွေအများပြားရရှိပါလိမ့်မယ်။ ပထမဆုံးနဲ့အရေးကြီးဆုံးတိုးတက်မှုက ပရိတ်သတ်တွေရဲ့ အမျက်ဒေါသလျှော့ချနိုင်ရေးပဲဖြစ်ပါတယ်။ အဒ်ဝုဒ်ဝဒ် ရဲ့ အိမ်အထိ တိုက်ခိုက်လာတဲ့ပရိတ်သတ်တွေရဲ့ အမုန်းတရားဟာ သိပ်ကိုကြီးမားလာတဲ့နောက်မှာတော့ ယူနိက်တက်အသင်းက ဘရူနို ကို မဖြစ်မနေ ခေါ်ယူခဲ့ရပြီး ဒီခေါ်ယူခဲ့မှုက ပရိတ်သတ်တွေရဲ့ဒေါသကို အချိန်အတိုင်းတာတစ်ခုထိထိန်းသိမ်းနိုင်ပါလိမ့်မယ်။

photo internet

ဘရူနိုဖာနန်ဒက်စ်ယူနိုက်တက်ရောက်လာတာနဲ့ပတ်သက်ပြီး စီရော်နယ်ဒိုနဲ့ လူးဝစ်နာနီတို့က ချီးကျူး စကားပြောထားပါတယ်။ “ဘရူနိုကအံဖွယ်ကစားသမားဖြစ်ပြီး၊ အခွင့်အရေးတွေဖန်တီးပေးနိုင်ပါတယ်။ သူကဘောလုံးကိုလုယူနိုင်စွမ်းရော၊ဖန်တီးနိုင်စွမ်းရောရှိပြီးယုံကြည်ချက်လည်းပြင်းထန်ပါတယ်။ ဘရူနို က ယူနိက်တက် လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်လို့ ခေါ်ယူနိုင်ခဲ့တာကရှယ်ပါပဲ”ဆိုပြီး စီရော်နယ်ဒို ကပြောပါတယ်။ လူးဝစ်နာနီကတော့ “ဘရူနို က အံဖွယ်ကစားသမားဖြစ်ပြီး အင်္ဂလန် နဲ့ သင့်တော်တဲ့ သူဖြစ်ပါတယ်။ ဘရူနိုမှာ ဘောလုံးအရည်အသွေးအားလုံးရှိနေပြီး ၊ စိတ်ပိုင်းဆိုင်ရာလည်း မာကျောပါတယ်”ဆိုပြီးပြောပါတယ်။

photo internet

ဘရူနိုကို အခုလက်ရှိစပို့တင်းတစ်သင်းလုံးက သူ့ကို ခေါင်းဆောင်ကောင်းလို့သတ်မှတ်ထားသလို ဒေါသကြီးသူလို့လည်း ခေါ်ဝေါ်ကြပါတယ်။ဘရူနို က အသင်းရှုံးနိမ့်ခဲ့ရင် အဝတ်လဲခန်းထဲအပြင်းအထန် ပေါက်ကွဲလေ့ရှိသလို ကျိမ်းမောင်းဆူပူလေ့ရှိသူဖြစ်တယ်လို့ ပရီးမီးယားလိဂ်ကစားသမားဟောင်း ယာနခ်ဘိုလာစီ က ဆိုပါတယ်။ ယူနိုက်တက်ရဲ့ ဂန္တဝင်နောက်ခံလူလည်းဖြစ် ၊ ဘောလုံး ဝေဖန်သုံးသပ်သူတစ်ဦးလည်း ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်ဆီက စောစောစီး စီးနဲ့ အများကြီး မျှော်လင့်လို့ မရသေးဘူးဆိုတာကို သတိပေးထားပါတယ်။ “ပေါ့ဘာနဲ့ တော်မီနေးတို့ ၂ ဦးစလုံး မကစားနိုင်တာဟာ တော်တော်လေး သိသာပါတယ်။ ဒါကြောင့် ဒီနေရာအတွက် ကစားသမားခေါ်ယူတာဟာ အခြေခံကျပါတယ်။ ဒါပေမယ့် ဘရူနိုတစ်ယောက် အင်္ဂလန်ကိုလာပြီး အသားကျဖို့ အချိန်နည်းနည်းတော့ ယူရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ ကစားသမား ပြန်လည်တည်ဆောက်ရေးမှာ အရည်အသွေး မြင့်ကစားသမားတွေတော့ ရရှိထားပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ချက်ချင်းခြေစွမ်းပြဖို့ ခဲယဉ်းတယ်ဆိုတာတော့ သိသာပါတယ်။”ဆိုပြီး ပြောပါတယ်။
ဘရူနိုဖာနန်ဒက်စ် က ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ၁၃၂ပွဲမှာ ၅၉ဂိုးသွင်းယူထားကာ ၆၃ ကြိမ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ကြောက်မက်ဖွယ်ကန်ချက်တွေကို ကိုက်၃၀ပတ်လည်ကနေပြုလုပ်နိုင်ပြီး ကန်ချက်တိကျလွန်းတာကြောင့် ပေါလ်စခိုလ်း လက်သစ်လို့ တင်စားနေကြတာလည်းဖြစ်ပါတယ်။ ဘရူနိုကိုမန်ယူနိက်တက်အသင်း က ယူရို၅၅သန်း နဲ့ထပ်တိုးအပိုဆုကြေး ၁၅သန်းပေး‌ချေပြီးခေါ်ယူခဲ့ကာ တစ်ပတ်လုပ်ခပေါင် ၇၀၀၀၀ ပေးချေရမှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္ေရာက္ ဖာနန္ဒက္စ္နဲ႔ပတ္သက္ဆက္စပ္သမွ်အေၾကာင္းအရာမ်ား…….

ယူႏိုက္တက္အသင္းသားျဖစ္လာၿပီျဖစ္တဲ့ ဖာနန္ဒက္စ္နဲ႔ဆက္စပ္တဲ့အေၾကာင္းအရာေတြကို တင္ဆက္ေပးလုိက္ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အတြက္အမွန္တကယ္လိုအပ္ေနတ့ဲ ကစားသမားတစ္ေယာက္ျဖစ္ျပီးေတာ့ ကြင္းလယ္ပိုင္းအတြက္ အေရးပါတ့ဲ ကစားသမား တစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။ ဖာနန္ဒက္စ္ကိုပြဲစဥ္အတြင္းဘယ္ေနရာေတြမွာသုံးလို႔ရမလဲဆိုတာ အရင္ဦးဆုံးေျပာျပေပးပါမယ္။ဖာနန္ဒက္စ္တစ္ေယာက္တည္းအားနဲ႔မဟုတ္ဘဲပိုၿပီးအားေကာင္းတဲ့ပုံစံျဖစ္ေစဖုိ႔အတြက္ကေတာ့ ဒဏ္ရာရကစားသမားေတြျဖစ္တဲ့ ေပါ့ဘာ၊တိုမီေနး၊ရက္ရွ္ဖို႔တို႔ကြင္းထဲျပန္၀င္ဖို႔လုိေနပါတယ္။
(၄-၂-၃-၁) အခင္းအက်င္းနဲ႔ဆုိရင္ ဖာနန္ဒက္စ္က နံပါတ္ေနရာျဖစ္တ့ဲ ကြင္းလယ္တိုက္စစ္ေနရာ ကေနပြဲထြက္ႏုိင္ပါတယ္။ တိုက္စစ္ပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ႏွစ္ဦးကို အေထာင္ပုံစံထားမယ္ဆိုရင္ အဲဒီႏွစ္ေယာက္ရဲ႕ေနာက္မွာေတာ့ ဖာနန္ဒက္စ္ကိုထားျပီးကစားေစႏိုင္ပါတယ္။

(၄-၃-၃) ကစားကြက္မွာေတာ့ ဗဟိုကြင္းလယ္ကစားသမားေတြအျဖစ္ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔က ပြဲထြက္လို႔ရႏုိင္ျပီးေတာ့သူတို႔ေနာက္မွာေတာ့တိုမီေနးက ကြင္းလယ္ခံစစ္ကစားသမားအျဖစ္ ပြဲထြက္လာႏုိင္ပါတယ္။ ဘ႐ူႏိုကိုေခၚယူႏိုင္ခဲ့တာက အသင္းရဲ႕ကြင္းတြင္းမွာတင္မကပဲ ကြင္းျပင္ပမွာလည္း တိုးတက္မႈေတြအမ်ားျပားရရွိပါလိမ့္မယ္။ ပထမဆုံးနဲ႔အေရးႀကီးဆုံးတိုးတက္မႈက ပရိတ္သတ္ေတြရဲ႕ အမ်က္ေဒါသေလွ်ာ့ခ်ႏိုင္ေရးပဲျဖစ္ပါတယ္။ အဒ္ဝုဒ္ဝဒ္ ရဲ႕ အိမ္အထိ တိုက္ခိုက္လာတဲ့ပရိတ္သတ္ေတြရဲ႕ အမုန္းတရားဟာ သိပ္ကိုႀကီးမားလာတဲ့ေနာက္မွာေတာ့ ယူနိက္တက္အသင္းက ဘ႐ူႏို ကို မျဖစ္မေန ေခၚယူခဲ့ရၿပီး ဒီေခၚယူခဲ့မႈက ပရိတ္သတ္ေတြရဲ႕ေဒါသကို အခ်ိန္အတိုင္းတာတစ္ခုထိထိန္းသိမ္းႏိုင္ပါလိမ့္မယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ယူႏိုက္တက္ေရာက္လာတာနဲ႔ပတ္သက္ၿပီး စီေရာ္နယ္ဒိုနဲ႔ လူး၀စ္နာနီတို႔က ခ်ီးက်ဴး စကားေျပာထားပါတယ္။ “ဘ႐ူႏိုကအံဖြယ္ကစားသမားျဖစ္ၿပီး၊ အခြင့္အေရးေတြဖန္တီးေပးႏိုင္ပါတယ္။ သူကေဘာလုံးကိုလုယူႏိုင္စြမ္းေရာ၊ဖန္တီးႏိုင္စြမ္းေရာရွိၿပီးယုံၾကည္ခ်က္လည္းျပင္းထန္ပါတယ္။ ဘ႐ူႏို က ယူနိက္တက္ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္လို႔ ေခၚယူႏိုင္ခဲ့တာကရွယ္ပါပဲ”ဆိုၿပီး စီေရာ္နယ္ဒို ကေျပာပါတယ္။ လူး၀စ္နာနီကေတာ့ “ဘ႐ူႏို က အံဖြယ္ကစားသမားျဖစ္ၿပီး အဂၤလန္ နဲ႔ သင့္ေတာ္တဲ့ သူျဖစ္ပါတယ္။ ဘ႐ူႏိုမွာ ေဘာလုံးအရည္အေသြးအားလုံးရွိေနၿပီး ၊ စိတ္ပိုင္းဆိုင္ရာလည္း မာေက်ာပါတယ္”ဆိုၿပီးေျပာပါတယ္။
ဘ႐ူႏိုကို အခုလက္ရွိစပို႔တင္းတစ္သင္းလုံးက သူ႔ကို ေခါင္းေဆာင္ေကာင္းလို႔သတ္မွတ္ထားသလို ေဒါသႀကီးသူလို႔လည္း ေခၚေဝၚၾကပါတယ္။ဘ႐ူႏို က အသင္းရႈံးနိမ့္ခဲ့ရင္ အဝတ္လဲခန္းထဲအျပင္းအထန္ေပါက္ကြဲေလ့ရွိသလို က်ိမ္းေမာင္းဆူပူေလ့ရွိသူျဖစ္တယ္လို႔ ပရီးမီးယားလိဂ္ကစားသမားေဟာင္း ယာနခ္ဘိုလာစီ က ဆိုပါတယ္။ ယူႏိုက္တက္ရဲ႕ ဂႏၲ၀င္ေနာက္ခံလူလည္းျဖစ္ ၊ ေဘာလုံး ေ၀ဖန္သုံးသပ္သူတစ္ဦးလည္း ျဖစ္တဲ့ ဂယ္ရီနဗီးလ္ကေတာ့ ကစားသမားသစ္ ဘ႐ူႏိုဖာနန္ဒက္စ္ဆီက ေစာေစာစီး စီးနဲ႔ အမ်ားႀကီး ေမွ်ာ္လင့္လို႔ မရေသးဘူးဆိုတာကို သတိေပးထားပါတယ္။ “ေပါ့ဘာနဲ႔ ေတာ္မီေနးတို႔ ၂ ဦးစလုံး မကစားႏိုင္တာဟာ ေတာ္ေတာ္ေလး သိသာပါတယ္။ ဒါေၾကာင့္ ဒီေနရာအတြက္ ကစားသမားေခၚယူတာဟာ အေျခခံက်ပါတယ္။ ဒါေပမယ့္ ဘရူႏိုတစ္ေယာက္ အဂၤလန္ကိုလာၿပီး အသားက်ဖို႔ အခ်ိန္နည္းနည္းေတာ့ ယူရဦးမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူတို႔ဟာ ကစားသမား ျပန္လည္တည္ေဆာက္ေရးမွာ အရည္အေသြး ျမင့္ကစားသမားေတြေတာ့ ရရွိထားပါတယ္။ ဇန္နဝါရီအေျပာင္းအေရႊ႕အတြင္း ခ်က္ခ်င္းေျခစြမ္းျပဖို႔ ခဲယဥ္းတယ္ဆိုတာေတာ့ သိသာပါတယ္။”ဆိုၿပီး ေျပာပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ က ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္ၿပီး ၁၃၂ပြဲမွာ ၅၉ဂိုးသြင္းယူထားကာ ၆၃ ႀကိမ္ဂိုးဖန္တီးေပးထားႏိုင္ပါတယ္။ေၾကာက္မက္ဖြယ္ကန္ခ်က္ေတြကို ကိုက္၃၀ပတ္လည္ကေနျပဳလုပ္ႏိုင္ၿပီး ကန္ခ်က္တိက်လြန္းတာေၾကာင့္ ေပါလ္စခိုလ္း လက္သစ္လို႔ တင္စားေနၾကတာလည္းျဖစ္ပါတယ္။ ဘ႐ူႏိုကိုမန္ယူနိက္တက္အသင္း က ယူ႐ို၅၅သန္း နဲ႔ထပ္တိုးအပိုဆုေၾကး ၁၅သန္းေပး‌ေခ်ၿပီးေခၚယူခဲ့ကာ တစ္ပတ္လုပ္ခေပါင္ ၇၀၀၀၀ ေပးေခ်ရမွာျဖစ္ပါတယ္။