ယူနိုက်တက်ရောက် ဖာနန်ဒက်စ်နဲ့အခြားအပြောင်းအရွှေ့သတင်းများ

photo internet

အပြောင်းအရွှေ့သတင်းတွေကိုတင်ဆက်ရမယ်ဆိုရင် ပရိသတ်တွေအမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ ဖာနန်ဒက်စ်တစ်ယောက်ကတော့ ယူနိုက်တက်ကိုရောက်ရှိလာခဲ့ပါပြီ။ ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို 5နှစ်ခွဲစာချုပ်နဲ့ 2025 ခုနှစ်အထိခေါ်ယူနိုင်ခွင့်၊ 1 နှစ်ထပ် တိုးခွင့်နဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဖာနန်ဒက်စ် ယူနိုက်တက်မှာဝတ်ဆင်မယ့် ကျောနံပါတ်ကတော့ 18 ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင် ဖာနန်ဒက်စ်ဟာ သူ့ရဲ့စပို့တင်းပရိသတ်တွေ ကိုမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ပါတယ်။ ဘရူနိုဟာ ယူနိုက်တက်အသင်းရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း ပထမဆုံးခေါ်ယူတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ယူနိုက်တက်အသင်း အနေနဲ့ စပို့တင်းအသင်းကနေ ခေါ်ယူခဲ့တဲ့ ၄ ယောက်မြောက်ကစားသမားဖြစ် ပါတယ်။

photo internet

ဖာနန်ဒက်စ်ကိုခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ နည်းပြဆိုးလ်ရှားက အခုလိုပြောပါတယ်။ “ကျွန်တော် တို့ဟာ ဘရူနိုအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးလုပ်နေတာ လ အတော်ကြာခဲ့ပါပြီ ။ သူဟာစပို့တင်းအသင်း အပေါ် ဘယ်လိုအကျိုးပြုခဲ့သလဲ ၊ ယူနိုက်တက်အသင်းအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ ဆိုတာ နဲ့ ပတ်သက်လို့ ဒီမှာရှိတဲ့သူတွေ အတော်များများက သူ့ရဲ့အရည်အသွေး အပေါ်အထင်ကြီးခဲ့ကြပါတယ်။သူဟာ ကောင်းမွန်လှတဲ့ စိတ်နေစိတ်ထားကိုပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင်ခေါင်းဆောင်နိုင်မှုစွမ်းရည်လည်း ကောင်းပါတယ်။ ဘရူနိုနဲ့ပတ်သက်လို့ သူ့ရဲ့သွင်းဂိုးနဲ့ ဖန်တီးမှုမှတ်တမ်းတွေက စကားပြောပါလိမ့်မယ်။ သူဟာ ကျွန်တော်တို့ အသင်းအတွက်တော့ ကောင်းမွန်လှတဲ့ ကစားသမားအင်အား ဖြည့်တင်းနိုင်မှု တစ်ခုပါပဲ ။ သူဟာ ဒီဘောလုံးရာသီရဲ့ ဒုတိယအပိုင်းမှာ ကျွန်တော်တို့ကို ရှေ့ရောက်အောင် တွန်းပို့ပေးဖို့ ကူညီပေး နိုင်မယ့်သူတစ်ဦးပါပဲ။”ဆိုပြီး ပြောပါတယ်။

photo internet

ဟာသာဘာလင်အသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ်ကို ယူရို 17 သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ် ပါတယ်။ ပီယာတက်ခ်ဟာ အေစီမီလန်အသင်းအတွက် ပွဲစဉ် 41 ပွဲကစားခဲ့ပြီး ဟာသာဘာလင်အသင်း မှာတော့ ကျောနံပါတ် 7 ကိုဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဗလန်စီယာအသင်းကတော့ ရိုးမားအသင်း ခေါင်းဆောင် ဖလိုရန်ဇီကို 2020 ရာသီကုန်အထိအငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဗီလာရီးရဲလ်အသင်း ကတော့ တိုက်စစ်မှူး အယ်လ်ကာဆာကို ဒေါ့မွန်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို 25 သန်းနဲ့ခေါ်ယူနိုင်ခဲ့ပါပြီ။ ဗီလာရီးရဲလ်အသင်းဟာ တိုက်စစ်မှူး အယ်လ်ကာဆာကို ကာလရှည် 5နှစ်ခွဲစာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။ နယူးကာဆယ်အသင်းကတော့ စပါးအသင်းရဲ့ ဘယ်အစွန်နောက်ခံလူ ဒန်နီရို့စ်ကို လက်ရှိ ရာသီကုန်အထိအငှားနဲ့ခေါ်ယူလိုက်ပါပြီ။ ဒန်နီရို့စ်ဟာ လက်ရှိရာသီမှာ နယူးကာဆယ်အသင်းရဲ့ 3 ယောက်မြောက်ကစားသမားအသစ်ဖြစ်ပါတယ်။

photo internet

ဇန်နဝါရီ အပြောင်းအရွှေ့အတွင်းမှာ ဥရောပတလွှားက ကလပ်အသင်းတွေအသီးသီးက ကိုယ်စီကိုယ်စီကစားသမားခေါ်ယူမှုတွေလုပ်ဆောင်နေပေမယ့် ချယ်လ်ဆီးအသင်းကတော့ ငြိမ်ချက်သားကောင်းနေပါတယ်။ Deadline Day ထဲရောက်ရှိနေပြီး ၊ အပြောင်းအရွှေ့လုပ်ဖို့ ၂၄ နာရီတောင် မလိုတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားအပြောင်းအရွှေ့ မလုပ်ဘူးလို့ထင်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ အသံထွက်ခဲ့တဲ့ကစားသမားကတော့ နာပိုလီအသင်းက ဒရိုင်းစ် မာတင်စ်ပဲ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ မာတင်စ်အတွက် ပေါင် 7သန်း နဲ့ ပထမ တစ်ကြိမ် စတင် ကမ်းလှမ်းထားပြီး ၊ နာပိုလီ ဘက်ကအဲဒီကမ်းလှမ်းမှု ကို ပယ်ချခဲ့တယ် လို့ သိရှိရပါတယ်။ ချယ်လ်ဆီးဖက်က နောက်ထပ် အလွန်ဆုံး ပေါင် ၁၀ သန်း အထိပဲ ကမ်းလှမ်း သွားဖို့ ရှိနေပြီး တကယ်လို့သာ နာပိုလီက ထပ်မံ ပယ်ချခဲ့မယ် ဆိုရင်တော့ အပြောင်းအရွှေ့က အဆုံးသတ်သွားမယ်လို့ ထင်ရပါတယ်။ ဒရိုင်းစ်မာတင်စ် မတိုင်မီ ချယ်လ်ဆီး နဲ့ သတင်းတွေထွက်ထားခဲ့တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီကတော့ ဘယ်အသင်းမှ ပြောင်းရွှေ့မှာ မဟုတ်ဘဲ ပဲရစ်မှာပဲ ဆက်လက်ရှိနေမယ်လို့ သိရပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ပိတ်သိမ်းချိန်မှာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့တော့ ပျော်ရွှင်နေမယ်လို့ထင်ပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္ေရာက္ ဖာနန္ဒက္စ္နဲ႔အျခားအေျပာင္းအေ႐ႊ႕သတင္းမ်ား

အေျပာင္းအေ႐ႊ႕သတင္းေတြကိုတင္ဆက္ရမယ္ဆိုရင္ ပရိသတ္ေတြအေမွ်ာ္လင့္ႀကီးေမွ်ာ္လင့္ခဲ့တဲ့ ဖာနန္ဒက္စ္တစ္ေယာက္ကေတာ့ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့ပါၿပီ။ ယူႏိုက္တက္အသင္းဟာ စပို႔တင္းကြင္းလယ္လူ ဖာနန္ဒက္စ္ကို 5ႏွစ္ခြဲစာခ်ဳပ္နဲ႔ 2025 ခုႏွစ္အထိေခၚယူႏိုင္ခြင့္၊ 1 ႏွစ္ထပ္ တိုးခြင့္နဲ႔ေခၚယူလိုက္တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ ယူႏိုက္တက္မွာဝတ္ဆင္မယ့္ ေက်ာနံပါတ္ကေတာ့ 18 ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းကို မေျပာင္းေ႐ႊ႕ခင္ ဖာနန္ဒက္စ္ဟာ သူ႔ရဲ႕စပို႔တင္းပရိသတ္ေတြ ကိုမ်က္ရည္ေတြနဲ႔ႏႈတ္ဆက္ခဲ့ပါတယ္။ ဘ႐ူႏိုဟာ ယူႏိုက္တက္အသင္းရဲ႕ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ကာလအတြင္း ပထမဆုံးေခၚယူတဲ့ ကစားသမားတစ္ဦးပဲျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ယူႏိုက္တက္အသင္း အေနနဲ႔ စပို႔တင္းအသင္းကေန ေခၚယူခဲ့တဲ့ ၄ ေယာက္ေျမာက္ကစားသမားျဖစ္ပါတယ္။

ဖာနန္ဒက္စ္ကိုေခၚယူႏိုင္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ နည္းျပဆိုးလ္ရွားက အခုလိုေျပာပါတယ္။ “ကြၽန္ေတာ္ တို႔ဟာ ဘ႐ူႏိုအေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီးလုပ္ေနတာ လ အေတာ္ၾကာခဲ့ပါၿပီ ။ သူဟာစပို႔တင္းအသင္း အေပၚ ဘယ္လိုအက်ိဳးျပဳခဲ့သလဲ ၊ ယူႏိုက္တက္အသင္းအတြက္ ဘာေတြလုပ္ေဆာင္ေပးႏိုင္မလဲ ဆိုတာ နဲ႔ ပတ္သက္လို႔ ဒီမွာရွိတဲ့သူေတြ အေတာ္မ်ားမ်ားက သူ႔ရဲ႕အရည္အေသြး အေပၚအထင္ႀကီးခဲ့ၾကပါတယ္။သူဟာ ေကာင္းမြန္လွတဲ့ စိတ္ေနစိတ္ထားကိုပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ေခါင္းေဆာင္ႏိုင္မႈစြမ္းရည္လည္း ေကာင္းပါတယ္။ ဘ႐ူႏိုနဲ႔ပတ္သက္လို႔ သူ႔ရဲ႕သြင္းဂိုးနဲ႔ ဖန္တီးမႈမွတ္တမ္းေတြက စကားေျပာပါလိမ့္မယ္။ သူဟာ ကြၽန္ေတာ္တို႔ အသင္းအတြက္ေတာ့ ေကာင္းမြန္လွတဲ့ ကစားသမားအင္အား ျဖည့္တင္းႏိုင္မႈ တစ္ခုပါပဲ ။ သူဟာ ဒီေဘာလုံးရာသီရဲ႕ ဒုတိယအပိုင္းမွာ ကြၽန္ေတာ္တို႔ကို ေရွ႕ေရာက္ေအာင္ တြန္းပို႔ေပးဖို႔ ကူညီေပး ႏိုင္မယ့္သူတစ္ဦးပါပဲ။”ဆိုၿပီးေျပာပါတယ္။

ဟာသာဘာလင္အသင္းဟာ ေအစီမီလန္တိုက္စစ္မႉး ပီယာတက္ခ္ကို ယူ႐ို 17 သန္းနဲ႔ေခၚယူႏိုင္ခဲ့ၿပီျဖစ္ ပါတယ္။ ပီယာတက္ခ္ဟာ ေအစီမီလန္အသင္းအတြက္ ပြဲစဥ္ 41 ပြဲကစားခဲ့ၿပီး ဟာသာဘာလင္အသင္း မွာေတာ့ ေက်ာနံပါတ္ 7 ကိုဝတ္ဆင္သြားမွာျဖစ္ပါတယ္။ ဗလန္စီယာအသင္းကေတာ့ ႐ိုးမားအသင္း ေခါင္းေဆာင္ ဖလိုရန္ဇီကို 2020 ရာသီကုန္အထိအငွားနဲ႔ေခၚယူလိုက္ၿပီျဖစ္ပါတယ္။ ဗီလာရီးရဲလ္အသင္း ကေတာ့ တိုက္စစ္မႉး အယ္လ္ကာဆာကို ေဒါ့မြန္အသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို 25 သန္းနဲ႔ေခၚယူႏိုင္ခဲ့ပါၿပီ။ ဗီလာရီးရဲလ္အသင္းဟာ တိုက္စစ္မႉး အယ္လ္ကာဆာကို ကာလရွည္ 5ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုသြားခဲ့ပါတယ္။ နယူးကာဆယ္အသင္းကေတာ့ စပါးအသင္းရဲ႕ ဘယ္အစြန္ေနာက္ခံလူ ဒန္နီ႐ို႕စ္ကို လက္ရွိ ရာသီကုန္အထိအငွားနဲ႔ေခၚယူလိုက္ပါၿပီ။ ဒန္နီ႐ို႕စ္ဟာ လက္ရွိရာသီမွာ နယူးကာဆယ္အသင္းရဲ႕ 3 ေယာက္ေျမာက္ကစားသမားအသစ္ျဖစ္ပါတယ္။ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အတြင္းမွာ ဥေရာပတလႊားက ကလပ္အသင္းေတြအသီးသီးက ကိုယ္စီကိုယ္စီကစားသမားေခၚယူမႈေတြလုပ္ေဆာင္ေနေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့ ၿငိမ္ခ်က္သားေကာင္းေနပါတယ္။ Deadline Day ထဲေရာက္ရွိေနၿပီး ၊ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ ၂၄ နာရီေတာင္ မလိုတဲ့အခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းဟာ ကစားသမားအေျပာင္းအေ႐ႊ႕ မလုပ္ဘူးလို႔ထင္ပါတယ္။ ခ်ယ္လ္ဆီးအသင္းနဲ႔ အသံထြက္ခဲ့တဲ့ကစားသမားကေတာ့ နာပိုလီအသင္းက ဒ႐ိုင္းစ္ မာတင္စ္ပဲ ျဖစ္ပါတယ္။ သတင္းေတြ အရေတာ့ ခ်ယ္လ္ဆီးအသင္းဟာ မာတင္စ္အတြက္ ေပါင္ 7သန္း နဲ႔ ပထမ တစ္ႀကိမ္ စတင္ ကမ္းလွမ္းထားၿပီး ၊ နာပိုလီ ဘက္ကအဲဒီကမ္းလွမ္းမႈ ကို ပယ္ခ်ခဲ့တယ္ လို႔ သိရွိရပါတယ္။ ခ်ယ္လ္ဆီးဖက္က ေနာက္ထပ္ အလြန္ဆုံး ေပါင္ ၁၀ သန္း အထိပဲ ကမ္းလွမ္း သြားဖို႔ ရွိေနၿပီး တကယ္လို႔သာ နာပိုလီက ထပ္မံ ပယ္ခ်ခဲ့မယ္ ဆိုရင္ေတာ့ အေျပာင္းအေ႐ႊ႕က အဆုံးသတ္သြားမယ္လို႔ ထင္ရပါတယ္။ ဒ႐ိုင္းစ္မာတင္စ္ မတိုင္မီ ခ်ယ္လ္ဆီး နဲ႔ သတင္းေတြထြက္ထားခဲ့တဲ့ ပီအက္စ္ဂ်ီ တိုက္စစ္မႉး အက္ဒီဆင္ ကာဗာနီကေတာ့ ဘယ္အသင္းမွ ေျပာင္းေ႐ႊ႕မွာ မဟုတ္ဘဲ ပဲရစ္မွာပဲ ဆက္လက္ရွိေနမယ္လို႔ သိရပါတယ္။ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ပိတ္သိမ္းခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ေတာ့ ေပ်ာ္႐ႊင္ေနမယ္လို႔ထင္ပါတယ္။