ယူနိုက်တက်မှာ ရိုမဲရိုး ခံစားခဲ့ရတဲ့ ရင်ထဲကဝေဒနာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် ရဲ့အပယ်ခံ ဂိုးသမားတစ်ဦးဖြစ်ခဲ့သူ အသက်(34)နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ဟောင်း ရိုမဲရိုးဟာ Series-A ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Venezia အသင်းရဲ့တရားဝင် ကစားသမားဖြစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ရိုမဲရိုး က သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘ၀ နောက်ဆုံး နှစ်တွေမှာ အသင်းက သူ့ အပေါ် ဘယ်လိုမျိုး ဆက်ဆံ ခဲ့သလဲ ဆိုတာကို ဖွင့်ဟ ပြောဆို ထားပါတယ်။
“ပြီးခဲ့တဲ့ ရာသီဟာ ကျွန်တော့် အတွက် ထူးဆန်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ ပါတယ်။”
“ဒါပေမယ့် ယူနိုက်တက် မှာ ကျွန်တော် လုပ်စရာ ရှိတာတွေကို အမြဲ လုပ်နေခဲ့ပါတယ်။
တချို့ နေ့တွေ မှာ ဆိုရင် ကျွန်တော် ကိုယ့်ဘာသာ တစ်ယောက်တည်း လေ့ကျင့်ခဲ့ရ တာပါ။
ဘာလို့လဲ ဆိုတော့ ကျန်တဲ့ အသင်းသားတွေက ပွဲအတွက် ပြင်ဆင် နေကြတာမို့လေ”
“ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော် ဟာ အရင်တုန်းက ရိုမဲရိုး ဖြစ်နေတုန်းပဲလို့ ခံစား မိနေတုန်း ပါပဲ။
အာဂျင်တီးနား မှာ ၊ နောက်တော့ ယူနိုက်တက် မှာ ဂိုးဖမ်း ခဲ့တဲ့ သူ အဖြစ်မှာ ရှိနေပါသေးတယ်လို့ ခံစားရပါတယ်။
ယူနိုက်တက် ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်းပါ ။”လို့ ရိုမဲရိုး က ပြောဆို သွားခဲ့ ပါတယ်။
ရိုမဲရိုး ဟာ ယူနိုက်တက် ကစားသမား ဘ၀ အချိန် အတော် များများမှာ ဒေးဗစ် ဒီဂီယာ ရဲ့ အရန်လူ အဖြစ် နဲ့သာ အချိန်ကုန် ခဲ့ရပြီး ၆ နှစ် အတွင်းမှာ စုစုပေါင်း ၆၂ ပွဲသာ ယူနိုက်တက် ကို ကိုယ်စားပြုခွင့် ရခဲ့ ပါတယ်။
ဒီလိုမျိုး အသင်းရဲ့ လေးစားမှု မရှိတဲ့ ဆက်ဆံမှုတွေ ဟာ ရိုမဲရိုး နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို စိတ်ပျက် စေခဲ့ပြီး ဂိုးသမားကြီးရဲ့ ဇနီးသည် ဟာ ဆိုရှယ်မီဒီယာ ထက်ကနေ ဝေဖန် ရေးသားတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi