ယူနိုက်တက်မှာ မရင်းနှီးတဲ့နေရာ ကစားရခြင်းအတွက် ခံစားချက်တွေကို ဖွင့်ဟလာတဲ့ ဗန်ဒီဘိခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒွန်နီ ဗန်ဒီဘိခ်က ဘာဆက်ဆီဟာ နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီးနောက် ကွင်းလယ်ခံစစ်သမား အဖြစ် ပျော်ပျော်ရွှင်ရွှင် ဆက်ကစားလိုကြောင်း ပြောခဲ့ပါတယ်။

နယ်သာလန်သားဟာ ယမန်နေ့ညက ဖရက်နဲ့အတူ ကွင်းလယ်အထိုင်မှာ ကစားခဲ့ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ၊ ဘောလုံးကိုင်ပြီး ဆွဲတက်မှုတွေက ပြိုင်ဘက်ကို ပြဿနာတွေ ဖြစ်ပွားစေခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ဘာဆက်ဆီဟာနဲ့ပွဲ ကို ကွင်းလယ်ကနေ ထိန်းချုပ်နိုင်ခဲ့ကာ ယမန်နေ့က ပွဲစဉ်အတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲ ပါဝင်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဘရူနို ဖာနန်ဒက်စ်နေရာမှာ ကစားတဲ့ နယ်သာလန်သားဟာ ယမန်နေ့ကတော့ ခံစစ်ပိုင်းကို ပိုအာရုံစိုက်ရတဲ့ ကွင်းလယ်လူအဖြစ် ကစားသွားခဲ့ပြီး အဆိုပါ Role အတိုင်း ဆက်ကစားချင်တယ်လို့ ဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်က“အဲ့ဒါက တော်တော် အဆင်ပြေပါတယ်။ အချို့ပွဲတွေမှာ ကျွန်တော် နံပါတ် ၁၀နေရာ ကစားခဲ့ပြီး တစ်ခါတစ်လေ နည်းပြက ကွင်းလယ်ကို ထိန်းချုပ်ဖို့ လိုအပ်လာတဲ့အခါ နောက်ဆင်းပြီး ကစားရပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် အဆင်ပြေပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဆိုပါ ပွဲစဉ် ပထမပိုင်းမှာတင် ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၂ဂိုး၊ ရက်ရှ်ဖို့်ဒ်ရဲ့ ပင်နယ်တီနဲ့အတူ ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘာဆက်ဆီဟာ က တူရက်ရဲ့ ဖရီးကစ်နဲ့အတူ ချေပဂိုး ၁ဂိုး ပြန်ရခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ဒန်နီရယ်ဂျိမ်းစ်က စတုတ္ထဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဗန်ဒီဘိခ်က “အဝေးကွင်းပွဲစဉ်တုန်းက ရှုံးပွဲကို အခု ၄-၁နဲ့ ပြန်နိုင်ပြီးတော့ ချေဖျက်နိုင်ခဲ့တာကြောင့် ပျော်ရွှင်မိပါတယ်။

ပထမပိုင်းက အထူးသဖြင့် ပထမ မိနစ်၃၀မှာ တော်တော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ကစားတာ ကောင်းခဲ့ပြီး ကောင်းမွန်တဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်”

“ဒုတိယပိုင်းမှာတော့ ဘောလုံးဆုံးရှုံးတာ များခဲ့ပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးခဲ့ရပေမဲ့ နောက်ဆုံး ၅မိနစ်မှာ ပွဲကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စတုတ္ထဂိုးကို ရခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏုိက္တက္မွာ မရင္းႏွီးတဲ့ေနရာ ကစားရျခင္းအတြက္ ခံစားခ်က္ေတြကို ဖြင့္ဟလာတဲ့ ဗန္ဒီဘိခ္

ဒြန္နီ ဗန္ဒီဘိခ္က ဘာဆက္ဆီဟာ နဲ႔ ပြဲစဥ္မွာ ေျခစြမ္းျပခဲ့ျပီးေနာက္ ကြင္းလယ္ခံစစ္သမား အျဖစ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဆက္ကစားလိုေၾကာင္း ေျပာခဲ့ပါတယ္။

နယ္သာလန္သားဟာ ယမန္ေန႔ညက ဖရက္နဲ႔အတူ ကြင္းလယ္အထုိင္မွာ ကစားခဲ့ျပီး သူ႕ရဲ႕ ေဘာလံုးေပးပို႔မႈေတြ၊ ေဘာလံုးကိုင္ျပီး ဆြဲတက္မႈေတြက ျပိဳင္ဘက္ကို ျပႆနာေတြ ျဖစ္ပြားေစခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ဘာဆက္ဆီဟာနဲ႔ပြဲ ကို ကြင္းလယ္ကေန ထိန္းခ်ဳပ္ႏို္င္ခဲ့ကာ ယမန္ေန႔က ပဲြစဥ္အတြင္း အေကာင္းဆံုး ေျခစြမ္းျပခဲ့တဲ့ ကစားသမားေတြထဲ ပါ၀င္ခဲ့ပါတယ္။

ပံုမွန္အားျဖင့္ ဘရူႏို ဖာနန္ဒက္စ္ေနရာမွာ ကစားတဲ့ နယ္သာလန္သားဟာ ယမန္ေန႔ကေတာ့ ခံစစ္ပုိင္းကို ပုိအာရံုစိုက္ရတဲ့ ကြင္းလယ္လူအျဖစ္ ကစားသြားခဲ့ျပီး အဆုိပါ Role အတုိင္း ဆက္ကစားခ်င္တယ္လို႔ ဆုိခဲ့ပါတယ္။

ဗန္ဒီဘိခ္က“အဲ့ဒါက ေတာ္ေတာ္ အဆင္ေျပပါတယ္။ အခ်ိဳ႕ပဲြေတြမွာ ကြ်န္ေတာ္ နံပါတ္ ၁၀ေနရာ ကစားခဲ့ျပီး တစ္ခါတစ္ေလ နည္းျပက ကြင္းလယ္ကို ထိန္းခ်ဳပ္ဖို႔ လုိအပ္လာတဲ့အခါ ေနာက္ဆင္းျပီး ကစားရပါတယ္။ အဲ့ဒါက ကြ်န္ေတာ့္အတြက္ အဆင္ေျပပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အဆုိပါ ပဲြစဥ္ ပထမပုိင္းမွာတင္ ဘရူႏို ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး ၂ဂိုး၊ ရက္ရွ္ဖို႔္ဒ္ရဲ႕ ပင္နယ္တီနဲ႔အတူ ၃ဂိုးျပတ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဘာဆက္ဆီဟာ က တူရက္ရဲ႕ ဖရီးကစ္နဲ႔အတူ ေခ်ပဂိုး ၁ဂိုး ျပန္ရခဲ့ေပမဲ့ ပဲြျပီးခါနီးမွာ ဒန္နီရယ္ဂ်ိမ္းစ္က စတုတၳဂိုး ထပ္သြင္းေပးခဲ့ပါတယ္။

ဆက္လက္ျပီး ဗန္ဒီဘိခ္က “အေ၀းကြင္းပဲြစဥ္တုန္းက ရႈံးပြဲကို အခု ၄-၁နဲ႔ ျပန္ႏိုင္ျပီးေတာ့ ေခ်ဖ်က္ႏုိင္ခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မိပါတယ္။ ပထမပုိင္းက အထူးသျဖင့္ ပထမ မိနစ္၃၀မွာ ေတာ္ေတာ္ေလး ေကာင္းခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ ကစားတာ ေကာင္းခဲ့ျပီး ေကာင္းမြန္တဲ့ သြင္းဂိုးေတြကို သြင္းယူႏို္င္ခဲ့ပါတယ္”

“ဒုတိယပုိင္းမွာေတာ့ ေဘာလံုးဆံုးရႈံးတာ မ်ားခဲ့ျပီး ျပိဳင္ဘက္ကို အခြင့္အေရးေတြ ေပးခဲ့ရေပမဲ့ ေနာက္ဆံုး ၅မိနစ္မွာ ပဲြကို ျပန္ထိန္းခ်ဳပ္ႏိုင္ခဲ့ျပီး စတုတၳဂိုးကို ရခဲ့ပါတယ္”လို႔ ဆုိခဲ့ပါတယ္။