ယူနိုက်တက်မှာ ဗန်ဒီဘိခ် အနေနဲ့ ပုံမှန်ကစားခွင့် မရတာ ရှက်စရာလို့ မယူဆဖို့ ဗန်ဒါဆားပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပေမယ့် ဗန်ဒီဘိခ်ဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ နယ်သာလန်နဲ့ ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆားက အခိုင်အမာယုံကြည်နေပါတယ်။

အေဂျက်စ်အသင်းနဲ့ ထင်ရှားလာခဲ့သူ ဗန်ဒီဘိခ်ကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ ပေါင်(၃၅)သန်းနဲ့ လက်ဦးမှုရယူ ခေါ်နိုင်ခဲ့ပြီး ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ဗန်ဒါဆားက တစ်ဖက်တစ်လမ်းကနေ အကူအညီပေးခဲ့တာပါ။

ဒါပေမဲ့လည်း နယ်သာလန်လူငယ်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ထင်သလောက် ဖြစ်မလာသေးဘဲ ဒီရာသီပရီးမီးယားလိဂ်မှာ (၂)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သလို လူစားဝင်အဖြစ် (၈)ပွဲသာ ကစားခဲ့ရပါတယ်။ ဗန်ဒီဘိခ်အနေနဲ့ ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲစလုံးမှာ ပါဝင်ခွင့် မရခဲ့ပေမယ့်လည်း ဗန်ဒါဆားကတော့ ဗန်ဒီဘိခ်ဟာ အသင်းနဲ့အတူ အောင်မြင်လိမ့်မယ်လို့ အားပေးစကားပြောခဲ့ပါတယ်။

ဗန်ဒါဆားက “ဗန်ဒီဘိခ်ဟာ စိတ်ဓာတ်ခိုင်မာတဲ့သူဖြစ်ပြီး လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ကောင်းကောင်း ကစားနိုင်ပါတယ်။ လောလောဆယ်တော့ ယူနိုက်တက်အသင်း ကွင်းလယ်မှာ သူ့အတွက်နေရာတစ်ခုရဖို့က ခက်ခဲပါတယ်။ ပေ့ါဘာက အသင်းအတွက် ပြန်ကစားနိုင်နေပြီ၊ ဖာနန်ဒက်စ်ကလည်း မရှိမဖြစ်ကစားသမားဖြစ်နေတယ်၊ နောက်ပြီး မာတစ်၊ တွမ်မီနေးတို့ကလည်း အရန်သင့်ရှိနေပြန်တယ်။

ဒါကြောင့် ဗန်ဒီဘိခ်အနေနဲ့ ပုံမှန်ကစားခွင့် မရတာ ရှက်စရာ၊ စိတ်ပျက်စရာကောင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ယူနိုက်တက်အသင်းက အသင်းကြီးတစ်သင်းဖြစ်လို့ ကစားသမားတစ်ဦး ပုံမှန်ပွဲထွက်ခွင့်ရဖို့က တခြားသူတွေနဲ့အပြိုင် တိုက်ပွဲဝင်ရမှာမဟုတ်လား။

ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်အတွက် ငွေကြေးအများကြီး သုံးစွဲခဲ့ရပြီး အဲဒီငွေတန်ဖိုးနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး သူပြသနိုင်လိမ့်မယ်လို့ ယုံကြည်ထားဆဲပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္မွာ ဗန္ဒီဘိခ္ အေနနဲ႔ ပုံမွန္ကစားခြင့္ မရတာ ရွက္စရာလို႕ မယူဆဖို႕ ဗန္ဒါဆားေျပာ

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနေပမယ့္ ဗန္ဒီဘိခ္ဟာ အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏိုင္မယ္လို႔ နယ္သာလန္နဲ႔ ယူႏိုက္တက္ဂႏၴဝင္ဂိုးသမားႀကီး ဗန္ဒါဆားက အခိုင္အမာယုံၾကည္ေနပါတယ္။ ေအဂ်က္စ္အသင္းနဲ႔ ထင္ရွားလာခဲ့သူ ဗန္ဒီဘိခ္ကို လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဟာ ေပါင္(၃၅)သန္းနဲ႔ လက္ဦးမႈရယူ ေခၚႏိုင္ခဲ့ၿပီး ဗန္ဒီဘိခ္ရဲ႕ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ ဗန္ဒါဆားက တစ္ဖက္တစ္လမ္းကေန အကူအညီေပးခဲ့တာပါ။ ဒါေပမဲ့လည္း နယ္သာလန္လူငယ္ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္အသင္းမွာ ထင္သေလာက္ ျဖစ္မလာေသးဘဲ ဒီရာသီပရီးမီးယားလိဂ္မွာ (၂)ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့သလို လူစားဝင္အျဖစ္ (၈)ပြဲသာ ကစားခဲ့ရပါတယ္။ ဗန္ဒီဘိခ္အေနနဲ႔ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံး (၅)ပြဲစလုံးမွာ ပါဝင္ခြင့္ မရခဲ့ေပမယ့္လည္း ဗန္ဒါဆားကေတာ့ ဗန္ဒီဘိခ္ဟာ အသင္းနဲ႔အတူ ေအာင္ျမင္လိမ့္မယ္လို႔ အားေပးစကားေျပာခဲ့ပါတယ္။

ဗန္ဒါဆားက “ဗန္ဒီဘိခ္ဟာ စိတ္ဓာတ္ခိုင္မာတဲ့သူျဖစ္ၿပီး ေလ့က်င့္ခန္းအစီအစဥ္မွာလည္း ေကာင္းေကာင္း ကစားႏိုင္ပါတယ္။ ေလာေလာဆယ္ေတာ့ ယူႏိုက္တက္အသင္း ကြင္းလယ္မွာ သူ႔အတြက္ေနရာတစ္ခုရဖို႔က ခက္ခဲပါတယ္။ ေပ့ါဘာက အသင္းအတြက္ ျပန္ကစားႏိုင္ေနၿပီ၊ ဖာနန္ဒက္စ္ကလည္း မရွိမျဖစ္ကစားသမားျဖစ္ေနတယ္၊ ေနာက္ၿပီး မာတစ္၊ တြမ္မီေနးတို႔ကလည္း အရန္သင့္ရွိေနျပန္တယ္။ ဒါေၾကာင့္ ဗန္ဒီဘိခ္အေနနဲ႔ ပုံမွန္ကစားခြင့္ မရတာ ရွက္စရာ၊ စိတ္ပ်က္စရာေကာင္းတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။ ယူႏိုက္တက္အသင္းက အသင္းႀကီးတစ္သင္းျဖစ္လို႔ ကစားသမားတစ္ဦး ပုံမွန္ပြဲထြက္ခြင့္ရဖို႔က တျခားသူေတြနဲ႔အၿပိဳင္ တိုက္ပြဲဝင္ရမွာမဟုတ္လား။

ယူႏိုက္တက္အသင္းဟာ ဗန္ဒီဘိခ္အတြက္ ေငြေၾကးအမ်ားႀကီး သုံးစြဲခဲ့ရၿပီး အဲဒီေငြတန္ဖိုးနဲ႔ထိုက္တန္တဲ့ စြမ္းေဆာင္ရည္မ်ိဳး သူျပသႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားဆဲပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။