ယူနိုက်တက်မှာ ဖရက်နေရာကို ဗန်ဒီဘိခ်နဲ့ အစားထိုးသင့်ပြီလား ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒွန်နီ ဗန်ဒီဘိခ် က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမား စာရင်းမှာ ဘရူနို ဖာနန်ဒက်စ်ကို အသာစီးရယူနိုင်ခြင်းမရှိပါဘူး။ တကယ်လို့ နယ်သာလန်ကစားသမားအနေနဲ့ ပေါ်တူဂီကွင်းလယ်ကစားသမားထက်ကျော်လွန်ပြီး ပွဲထွက်ခွင့်ရရှိချိန်မှာတောင် ဒါဟာ ခြွင်းချက်တစ်ခုသာ ဖြစ်တယ်လို့ သူ့အနေနဲ့ နားလည်ထားပြီးဖြစ်ပါလိမ့်မယ်။

ယူနိုက်တက်ရဲ့ ပေါင်သန်း ( ၄၀ ) တန်ကစားသမားဟာ အိုးထရတ်ဖို့ဒ် စူပါစတားရဲ့ backup အစီအစဥ်တစ်ခု အနေနဲ့သာ ရှိနေပါတယ်။ ဗန်ဒီဘိခ်ဟာ နောက်ဆုံးအနေနဲ့ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဥ်မှာ ပါဝင်ခွင့်ရထားပါတယ်။ အဆိုပါပွဲစဥ်မှာ အသက် ( ၂၃ ) နှစ်အရွယ် ကစားသမား အနေနဲ့ ကောင်းမွန်တဲ့ အလားအလာများစွာပြသခဲ့ပြီး မေဆန် ဂရင်းဝုဒ်ရဲ့ ကန်သွင်းမှုကို အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါက ယူနိုက်တက် အတွက် မလုံလောက်ခဲ့ပါဘူး။ ( ၃ – ၁ ) ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဗန်ဒီဘိခ်ကို ထုံးစံအတိုင်း ဘရူနို ဖာနန်ဒက်စ်နဲ့ လူစားလဲခဲ့ပါတယ်။ သူကလည်း အဆိုပါ ပွဲစဥ်မှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပြီးတော့ ယူနိုက်တက် ပွဲထွက် ကစားသမားစာရင်းမှာ အပြောင်းအလဲ ပြုလုပ်နိုင်မလား စဥ်းစားစရာရှိလာပါတယ်။ ဖရက်ဟာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့ များစွာကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ပွဲစဥ်မှာတော့ သူ့ရဲ့ ခြေစွမ်းက ဆိုးရွားခဲ့ပါတယ်။

မကြာခဏ ပေးပို့မှုမှားယွင်းခဲ့တာတွေ ရှိသလို စိုးရိမ်စရာ အခြေအနေက အိမ်ရှင်အသင်းကို အဖွင့်ဂိုး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိနစ် ( ၆၀ ) ‌ေနာက်ပိုင်း အိုလေ ဂန်နား ဆိုးရှားက အပြောင်းအလဲ ( ၄ ) ခုပြုလုပ်ပြီးချိန်မှာတောင် သူက ကွင်းထဲမှာပဲ ဆက်လက်ရှိနေခဲ့ပါသေးတယ်။ ဖရက်ရဲ့ တာဝန်က အသင်းဖော်တွေဆီ ဘောလုံးရောက်ရှိနိုင်ဖို့နဲ့ ဖိအားတွေအောက်မှာ အသင်းကို ထိန်း‌ကျောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။

သူက ပြီးခဲ့တဲ့ ပွဲစဥ်မှာ အဆိုပါ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို မကြာခဏလည်း အလားတူ အဖြစ်အပျက်တွေ ကြုံတွေခဲ့ရပါတယ်။ ဒတ်ချ်ကစားသမားက အများစုထက် ဘောလုံးပေးပို့ရာမှာ ကောင်းမွန်သလို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏ အမှားကျူးလွန်လေ့ရှိတဲ့ အသင်းဖော်တွေထက် ယုံကြည်မှု ပိုမိုပေးစွမ်နိုင်ပါတယ်။

တချို့သော ယူနိုက်တက် ပရိသတ်တွေကတော့ ဗန်ဒီဘိခ်ဟာ deeper role မှာ ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိကြပါတယ်။ ဖာနန်ဒက််စ်ဟာ ယူနိုက်တက်ရဲ့ နံပါတ် ( ၁ ) ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် ဗန်ဒီဘိခ်နဲ့ ချက်ချင်းလူစားလဲခဲ့တဲ့အပေါ် အသင်းအနေနဲ့ ပြန်လည် သုံးသပ်သင့်ပြီလို့ ယူဆမိပါတယ်။

ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာအတွင်း ဝင်ရောက်နိုင်ဖို့ ဆက်လက်ယှဥ်ပြိုင်ရန် လိုအပ်နေသေးသလို ယူရိုပါလိဂ်ပြိုင်ပွဲလည်း ကျန်ရှိနေပါသေးတယ်။ ဗန်ဒိဘိခ် နှင့် ဖာနန်ဒက်စ်ကို ပွဲထွက်ကစားသမားအနေနဲ့ ပြိုင်တူအသုံးပြုတာက အသင်းအတွက် အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ယူနိုက်တက်ရဲ့ ပေါင်သန်း ( ၄၀ ) တန် ကစားသမားက ဘောလုံးနဲ့ ပတ်သက်ပြီး အခြားသူတွေ မစွမ်းဆောင်နိုင်တာကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် သူက စိုးရိမ်စရာ အနေအထားမှာ ရှိနေတဲ့ ဖရက်နေရာ အကောင်းဆုံး အစားထိုးပြီး လာမယ့် မေလမှာ သရဲနီတို့ ဆုတံဆိပ် ရရှိရေးအတွက် တိုက်ပွဲဝင်သွာဖို့ ရှိနေကြောင်းပါ။ ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒြန္နီ ဗန္ဒီဘိခ္ က မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ပြဲထြက္ကစားသမား စာရင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ကို အသာစီးရယူႏိုင္ျခင္းမရွိပါဘူး။ တကယ္လို႔ နယ္သာလန္ကစားသမားအေနနဲ႔ ေပၚတူဂီကြင္းလယ္ကစားသမားထက္ေက်ာ္လြန္ၿပီး ပြဲထြက္ခြင့္ရရွိခ်ိန္မွာေတာင္ ဒါဟာ ႁခြင္းခ်က္တစ္ခုသာ ျဖစ္တယ္လို႔ သူ႔အေနနဲ႔ နားလည္ထားၿပီးျဖစ္ပါလိမ့္မယ္။

ယူႏိုက္တက္ရဲ႕ ေပါင္သန္း ( ၄၀ ) တန္ကစားသမားဟာ အိုးထရတ္ဖို႔ဒ္ စူပါစတားရဲ႕ backup အစီအစဥ္တစ္ခု အေနနဲ႔သာ ရွိေနပါတယ္။ ဗန္ဒီဘိခ္ဟာ ေနာက္ဆုံးအေနနဲ႔ လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ပါဝင္ခြင့္ရထားပါတယ္။ အဆိုပါပြဲစဥ္မွာ အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ ကစားသမား အေနနဲ႔ ေကာင္းမြန္တဲ့ အလားအလာမ်ားစြာျပသခဲ့ၿပီး ေမဆန္ ဂရင္းဝုဒ္ရဲ႕ ကန္သြင္းမႈကို အေကာင္းဆုံး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ယူႏိုက္တက္ အတြက္ မလုံေလာက္ခဲ့ပါဘူး။ ( ၃ – ၁ ) ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။

ဗန္ဒီဘိခ္ကို ထုံးစံအတိုင္း ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ လူစားလဲခဲ့ပါတယ္။ သူကလည္း အဆိုပါ ပြဲစဥ္မွာ ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ၿပီးေတာ့ ယူႏိုက္တက္ ပြဲထြက္ ကစားသမားစာရင္းမွာ အေျပာင္းအလဲ ျပဳလုပ္ႏိုင္မလား စဥ္းစားစရာရွိလာပါတယ္။ ဖရက္ဟာ ယူႏိုက္တက္မွာ ပြဲထြက္ခြင့္ရဖို႔ မ်ားစြာေက်ာ္ျဖတ္ခဲ့ရပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ အပတ္က ပြဲစဥ္မွာေတာ့ သူ႔ရဲ႕ ေျခစြမ္းက ဆိုး႐ြားခဲ့ပါတယ္။

မၾကာခဏ ေပးပို႔မႈမွားယြင္းခဲ့တာေတြ ရွိသလို စိုးရိမ္စရာ အေျခအေနက အိမ္ရွင္အသင္းကို အဖြင့္ဂိုး လက္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိနစ္ ( ၆၀ ) ‌ေနာက္ပိုင္း အိုေလ ဂန္နား ဆိုးရွားက အေျပာင္းအလဲ ( ၄ ) ခုျပဳလုပ္ၿပီးခ်ိန္မွာေတာင္ သူက ကြင္းထဲမွာပဲ ဆက္လက္ရွိေနခဲ့ပါေသးတယ္။ ဖရက္ရဲ႕ တာဝန္က အသင္းေဖာ္ေတြဆီ ေဘာလုံးေရာက္ရွိႏိုင္ဖို႔နဲ႔ ဖိအားေတြေအာက္မွာ အသင္းကို ထိန္း‌ေက်ာင္းေပးႏိုင္ဖို႔ ျဖစ္ပါတယ္။

သူက ၿပီးခဲ့တဲ့ ပြဲစဥ္မွာ အဆိုပါ စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရသလို မၾကာခဏလည္း အလားတူ အျဖစ္အပ်က္ေတြ ႀကဳံေတြခဲ့ရပါတယ္။ ဒတ္ခ်္ကစားသမားက အမ်ားစုထက္ ေဘာလုံးေပးပို႔ရာမွာ ေကာင္းမြန္သလို တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိန္းခ်ဳပ္ကစားႏိုင္သူ ျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာခဏ အမွားက်ဴးလြန္ေလ့ရွိတဲ့ အသင္းေဖာ္ေတြထက္ ယုံၾကည္မႈ ပိုမိုေပးစြမ္ႏိုင္ပါတယ္။

တခ်ိဳ႕ေသာ ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ ဗန္ဒီဘိခ္ဟာ deeper role မွာ ေျခစြမ္းျပ ကစားႏိုင္လိမ့္မယ္လို႔ ယုံၾကည္လ်က္ရွိၾကပါတယ္။ ဖာနန္ဒက္္စ္ဟာ ယူႏိုက္တက္ရဲ႕ နံပါတ္ ( ၁ ) ကစားသမားတစ္ဦး ျဖစ္တဲ့အတြက္ ဗန္ဒီဘိခ္နဲ႔ ခ်က္ခ်င္းလူစားလဲခဲ့တဲ့အေပၚ အသင္းအေနနဲ႔ ျပန္လည္ သုံးသပ္သင့္ၿပီလို႔ ယူဆမိပါတယ္။

ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာအတြင္း ဝင္ေရာက္ႏိုင္ဖို႔ ဆက္လက္ယွဥ္ၿပိဳင္ရန္ လိုအပ္ေနေသးသလို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲလည္း က်န္ရွိေနပါေသးတယ္။ ဗန္ဒိဘိခ္ ႏွင့္ ဖာနန္ဒက္စ္ကို ပြဲထြက္ကစားသမားအေနနဲ႔ ၿပိဳင္တူအသုံးျပဳတာက အသင္းအတြက္ အေျပာင္းအလဲေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ယူႏိုက္တက္ရဲ႕ ေပါင္သန္း ( ၄၀ ) တန္ ကစားသမားက ေဘာလုံးနဲ႔ ပတ္သက္ၿပီး အျခားသူေတြ မစြမ္းေဆာင္ႏိုင္တာကို ေပးစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ သူက စိုးရိမ္စရာ အေနအထားမွာ ရွိေနတဲ့ ဖရက္ေနရာ အေကာင္းဆုံး အစားထိုးၿပီး လာမယ့္ ေမလမွာ သရဲနီတို႔ ဆုတံဆိပ္ ရရွိေရးအတြက္ တိုက္ပြဲဝင္သြာဖို႔ ရွိေနေၾကာင္းပါ။ ။