ယူနိုက်တက်မှာ ပြသနေတဲ့ခြေစွမ်းကြောင့် နိုင်ငံအတွက် ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ ဒီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဒီယာလိုဟာ ကလပ်အသင်းမှာ ခြေစွမ်းပြကစားနိုင်တာကြောင့် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါပြီ။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဒီယာလိုဟာ ယူနိုက်တက်-၂၃အသင်းအတွက် အကောင်းဆုံးကစားနိုင်တာကြောင့် မကြာခင်မှာပဲ စီနီယာအသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ကစားခွင့်ရတဲ့ပွဲတိုင်းလိုလို နည်းပြဆိုးလ်ရှား စိတ်ကျေနပ်မှုရအောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် အိုင်ဗရီကို့စ်အသင်းနည်းပြပက်ထရစ်ဘွန်မဲလ်က အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲအတွက် အသင်းလူစာရင်းမှာ ဒီယာလိုကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးသူ ဒီယာလိုဟာ ဇန်နဝါရီ(၁၈)ရက်တုန်းက ဆိုစီဒက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပထမအကျော့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးပါဝင်ကစားခွင့်ရခဲ့ပြီး အေစီမီလန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူခဲ့သူပါ။

ဒီယာလိုအနေနဲ့ အခုလောလောဆယ် ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်မရသေးဘူးဆိုပေမယ့် လူစားဝင်အဖြစ်မကြာခဏ ပါဝင်ခွင့်ရနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လက်စတာနဲ့ကစားခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်မှာလည်း လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။

အိုင်ဗရီကို့စ်အသင်းဟာ အခုသောကြာနေ့မှာ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲအဖြစ် နိုက်ဂျားအသင်းနဲ့ ကစားရမှာဖြစ်ပြီး အုပ်စုပထမရဖို့အတွက် မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပါတယ်။ တကယ်လို့ ဒီယာလိုဟာ နိုက်ဂျားနဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ရင်တောင် မတ်လ(၃၀)ရက်မှာ အီသီယိုးပီယားနဲ့ကစားမယ့်ပွဲမှာတော့ ဝင်ကစားခွင့်ရဖို့ရှိနေပါပြီ။

အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲအတွက် အိုင်ဗရီကို့စ်အသင်းထုတ်ပြန်ခဲ့တဲ့ ကစားသမား(၃၀)စာရင်းမှာ ဒီယာလိုအပြင် ယူနိုက်တက်နောက်ခံလူ ဘာယီလည်းရွေးချယ်ခံခဲ့ရပါတယ်။ ယူနိုက်တက်နဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဘာယီဟာ ကလပ်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပေမယ့် လက်ရွေးစင်အသင်းမှာတော့ ပုံမှန်ရွေးချယ်ခံနေရသူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္မွာ ျပသေနတဲ့ေျခစြမ္းေၾကာင့္ ႏိုင္ငံအတြက္ ပထမဆုံးေ႐ြးခ်ယ္ခံခဲ့ရတဲ့ ဒီယာလို

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမား ဒီယာလိုဟာ ကလပ္အသင္းမွာ ေျခစြမ္းျပကစားႏိုင္တာေၾကာင့္ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းအတြက္ ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံခဲ့ရပါၿပီ။ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အတၱလန္တာအသင္းကေန ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဒီယာလိုဟာ ယူႏိုက္တက္-၂၃အသင္းအတြက္ အေကာင္းဆုံးကစားႏိုင္တာေၾကာင့္ မၾကာခင္မွာပဲ စီနီယာအသင္းမွာ ပါဝင္ကစားခြင့္ရခဲ့ၿပီး ကစားခြင့္ရတဲ့ပြဲတိုင္းလိုလို နည္းျပဆိုးလ္ရွား စိတ္ေက်နပ္မႈရေအာင္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ အိုင္ဗရီကို႔စ္အသင္းနည္းျပပက္ထရစ္ဘြန္မဲလ္က အာဖရိကႏိုင္ငံမ်ားဖလားေျခစစ္ပြဲအတြက္ အသင္းလူစာရင္းမွာ ဒီယာလိုကို ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးသူ ဒီယာလိုဟာ ဇန္နဝါရီ(၁၈)ရက္တုန္းက ဆိုစီဒက္နဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပထမအေက်ာ့ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးပါဝင္ကစားခြင့္ရခဲ့ၿပီး ေအစီမီလန္နဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းက ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးဂိုးကို သြင္းယူခဲ့သူပါ။ ဒီယာလိုအေနနဲ႔ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားခြင့္မရေသးဘူးဆိုေပမယ့္ လူစားဝင္အျဖစ္မၾကာခဏ ပါဝင္ခြင့္ရေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက လက္စတာနဲ႔ကစားခဲ့တဲ့ FA ဖလားကြာတားဖိုင္နယ္မွာလည္း လူစားဝင္ကစားခြင့္ရခဲ့ပါတယ္။ အိုင္ဗရီကို႔စ္အသင္းဟာ အခုေသာၾကာေန႔မွာ အာဖရိကႏိုင္ငံမ်ားဖလားေျခစစ္ပြဲအျဖစ္ ႏိုက္ဂ်ားအသင္းနဲ႔ ကစားရမွာျဖစ္ၿပီး အုပ္စုပထမရဖို႔အတြက္ မျဖစ္မေနအႏိုင္ကစားရမွာျဖစ္ပါတယ္။ တကယ္လို႔ ဒီယာလိုဟာ ႏိုက္ဂ်ားနဲ႔ပြဲမွာ ပါဝင္ကစားခြင့္မရခဲ့ရင္ေတာင္ မတ္လ(၃၀)ရက္မွာ အီသီယိုးပီယားနဲ႔ကစားမယ့္ပြဲမွာေတာ့ ဝင္ကစားခြင့္ရဖို႔ရွိေနပါၿပီ။

အာဖရိကႏိုင္ငံမ်ားဖလားေျခစစ္ပြဲအတြက္ အိုင္ဗရီကို႔စ္အသင္းထုတ္ျပန္ခဲ့တဲ့ ကစားသမား(၃၀)စာရင္းမွာ ဒီယာလိုအျပင္ ယူႏိုက္တက္ေနာက္ခံလူ ဘာယီလည္းေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ယူႏိုက္တက္နဲ႔လမ္းခြဲေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့ ဘာယီဟာ ကလပ္အသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနေပမယ့္ လက္ေ႐ြးစင္အသင္းမွာေတာ့ ပုံမွန္ေ႐ြးခ်ယ္ခံေနရသူလည္းျဖစ္ပါတယ္။