ယူနိုက်တက်မှာ ကစားချင်လို့ ဖာဒီနန်ကို အကူအညီ တောင်းခဲ့ဖူးတဲ့ သီယေဂို အယ်ကန်တာရာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်လက်ရွေးစင် ကွင်းလယ် ကစားသမား သီယေဂို အယ်ကန်တာရာဟာ လီဗာပူးအသင်းထံ မရောက်ခင်က ယူနိုက်တက်မှာ ကစားချင်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်ထံ အကူအညီ တောင်းခဲ့ဖူးပါတယ်။

ဖာဒီနန်က ” ဘာစီလိုနာကနေ သီယေဂို မထွက်ခွာခင်တုန်းက သူ ကျွန်တော့်ဆီ ဖုန်းခေါ်ခဲ့တယ်။

သူက အင်္ဂလိပ်လိုလည်း တော်တော် လည်လည်ပတ်ပတ် ပြောနိုင်ပါတယ်။

အဲဒီအချိန်တုန်းက သူ့ အစွမ်းကိုကျွန်တော်တို့ သိထားခဲ့ပါတယ်။”

“ကျွန်တော် သီယေဂိုနဲ့ စကားလည်း မပြောဖူးဘူး။ သူ့ကို သိလည်း မသိဘူး။

ဒါပေမယ့် ဒေးဗစ် ဒီဂီယာက ကျွန်တော့် ဖုန်းနံပါတ် သူ့ကို ပေးလိုက်တယ်။”

“အဲဒီနောက် သူ ကျွန်တော့် ဆီ ဖုန်းဆက်တယ်။

ပြီးတော့ ‘ရီယို၊ ငါတော့ ယူနိုက်တက်ကို လာချင်တယ်ကွာ၊ မင်း တစ်ယောက်ယောက်ကို ငါ့အတွက် ပြောပေးလို့ ရမလား၊

ငါတော့ ယူနိုက်တက်ကို ပြောင်းခွင့် ရချင်နေပြီ။

ဒီတော့ အသင်း က တာဝန်ရှိသူ တစ်ယောက်ယောက်ကို ဘယ်လို သဘောရမလဲ ဘာညာ မေးပေးမလား? ‘ လို့ သူက ပြောပါတယ်။”

“အဲဒီတော့ ကျွန်တော်ကလည်း အသင်းကသူတွေကို တီးခေါက်ကြည့်တယ်။

နည်းပြ မိုယက်စ်ရယ် ၊ ဝုဒ်ဝပ် ရယ်ကို ကျွန်တော်ပြောခဲ့တယ်။

သူတို့က ‘ ဟာ မလိုတော့ဘူး။

ငါတို့ နောက်ထပ် ကစားသမား ခေါ်ယူမှု ၂ခုလောက် လာဖို့ စီစဉ်ထားပြီ ဆိုတော့ တော်ပါပြီ။’ လို့ ပြောပါတယ်။”

“အဲဒီတုန်းက သီယေဂို ဆုံးဖြတ်ဖို့ ၂၄ နာရီလား ပဲအချိန်ပေးခံရတယ် ထင်တယ်။

နောက်တစ်နေ့ မနက်ကျ သူ ကျွန်တော့်ဆီ ဖုန်းခေါ်ပြန်ရော။

‘ငါ အိပ်ပျော်နေလို့ကွာ၊ ယူနိုက်တက်ဘက် က အခြေအနေ ဘယ်လိုရှိလဲ ‘ လို့ ထပ်မေးတယ်။”

“သူက ‘ငါ ဆုံးဖြတ်ချက်ချဖို့ ၂၄ နာရီပဲ အချိန်ရတော့တယ်။

ဒီထက်ကြာရင် ပက်က ငါ့ကို ဘိုင်ယန်မြူးနစ်ကို ခေါ်မှာ မဟုတ်တော့ဘူး။’ လို့ ပြောတယ်။

နောက်တော့ သူ ဘိုင်ယန်ကိုပဲ ရောက်သွားခဲ့ပါတယ်။ ကျန်တာတော့ အားလုံး သိတဲ့ အတိုင်းပါပဲ။

သီယေဂိုက တကယ့်ကစားသမားကောင်းပါ။” လို့ ပြောဆိုပါတယ်။

ဘာစီလိုနာက သီယေဂို ကို ၂၀၁၃ မှာ ရောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က ၂၁.၆ သန်းနဲ့ ခေါ်ယူသွားခဲ့ပါတယ်။

သီယေဂို ဟာ လီဗာပူးအသင်းထံပြောင်းရွှေ့ခွင့်ရဖို့စပိန်ကလပ်တွေရဲ့ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချခဲ့တာဖြစ်ကြောင်းသိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္မွာ ကစားခ်င္လို႔ ဖာဒီနန္ကို အကူအညီ ​ေတာင္းခဲ့ဖူးတဲ့ သီ​ေယဂို အယ္ကန္တာရာ

စပိန္လက္ေ႐ြးစင္ ကြင္းလယ္ ကစားသမား သီေယဂို အယ္ကန္တာရာဟာ လီဗာပူးအသင္းထံ မေရာက္ခင္က ယူႏိုက္တက္မွာ ကစားခ်င္လို႔ ယူႏိုက္တက္ ကစားသမားေဟာင္းႀကီး ဖာဒီနန္ထံ အကူအညီ ေတာင္းခဲ့ဖူးပါတယ္။

ဖာဒီနန္က ” ဘာစီလိုနာကေန သီေယဂို မထြက္ခြာခင္တုန္းက သူ ကြၽန္​ေတာ့္ဆီ ဖုန္းေခၚခဲ့တယ္။ သူက အဂၤလိပ္လိုလည္း ေတာ္ေတာ္ လည္လည္ပတ္ပတ္ ေျပာႏိုင္ပါတယ္။ အဲဒီအခ်ိန္တုန္းက သူ႔ အစြမ္းကိုကြၽန္​ေတာ္တို႔ သိထားခဲ့ပါတယ္။”

“ကြၽန္​ေတာ္ သီေယဂိုနဲ႔ စကားလည္း မေျပာဖူးဘူး။ သူ႔ကို သိလည္း မသိဘူး။ ဒါေပမယ့္ ေဒးဗစ္ ဒီဂီယာက ကြၽန္​ေတာ့္ ဖုန္းနံပါတ္ သူ႔ကို ေပးလိုက္တယ္။”

“အဲဒီေနာက္ သူ ကြၽန္​ေတာ့္ ဆီ ဖုန္းဆက္တယ္။ ၿပီးေတာ့ ‘ရီယို၊ ငါေတာ့ ယူႏိုက္တက္ကို လာခ်င္တယ္ကြာ၊ မင္း တစ္ေယာက္ေယာက္ကို ငါ့အတြက္ ေျပာေပးလို႔ ရမလား၊ ငါေတာ့ ယူႏိုက္တက္ကို ေျပာင္းခြင့္ ရခ်င္ေနၿပီ။ ဒီေတာ့ အသင္း က တာဝန္ရွိသူ တစ္ေယာက္ေယာက္ကို ဘယ္လို သေဘာရမလဲ ဘာညာ ေမးေပးမလား? ‘ လို႔ သူက ေျပာပါတယ္။”

“အဲဒီေတာ့ ကြၽန္​ေတာ္ကလည္း အသင္းကသူေတြကို တီးေခါက္ၾကည့္တယ္။ နည္းျပ မိုယက္စ္ရယ္ ၊ ဝုဒ္ဝပ္ ရယ္ကို ကြၽန္​ေတာ္ေျပာခဲ့တယ္။ သူတို႔က ‘ ဟာ မလိုေတာ့ဘူး။ ငါတို႔ ေနာက္ထပ္ ကစားသမား ေခၚယူမႈ ၂ခုေလာက္ လာဖို႔ စီစဥ္ထားၿပီ ဆိုေတာ့ ေတာ္ပါၿပီ။’ လို႔ ေျပာပါတယ္။”

“အဲဒီတုန္းက သီေယဂို ဆုံးျဖတ္ဖို႔ ၂၄ နာရီလား ပဲအခ်ိန္ေပးခံရတယ္ ထင္တယ္။ ေနာက္တစ္ေန႔ မနက္က် သူ ကြၽန္​ေတာ့္ဆီ ဖုန္းေခၚျပန္ေရာ။ ‘ငါ အိပ္ေပ်ာ္ေနလို႔ကြာ၊ ယူႏိုက္တက္ဘက္ က အေျခအေန ဘယ္လိုရွိလဲ ‘ လို႔ ထပ္ေမးတယ္။”

“သူက ‘ငါ ဆုံးျဖတ္ခ်က္ခ်ဖို႔ ၂၄ နာရီပဲ အခ်ိန္ရေတာ့တယ္။ ဒီထက္ၾကာရင္ ပက္က ငါ့ကို ဘိုင္ယန္ျမဴးနစ္ကို ေခၚမွာ မဟုတ္ေတာ့ဘူး။’ လို႔ ေျပာတယ္။ ေနာက္ေတာ့ သူ ဘိုင္ယန္ကိုပဲ ေရာက္သြားခဲ့ပါတယ္။ က်န္တာေတာ့ အားလုံး သိတဲ့ အတိုင္းပါပဲ။ သီေယဂိုက တကယ့္ကစားသမားေကာင္းပါ။” လို႔ ေျပာဆိုပါတယ္။

ဘာစီလိုနာက သီေယဂို ကို ၂၀၁၃ မွာ ေရာင္းဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္က ၂၁.၆ သန္းနဲ႔ ေခၚယူသြားခဲ့ပါတယ္။ သီ​ေယဂို ဟာ လီဗာပူးအသင္းထံေျပာင္းေ႐ႊ႕ခြင့္ရဖို႔စပိန္ကလပ္ေတြရဲ႕ကမ္းလွမ္းမႈေတြကိုလည္း ပယ္ခ်ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။