ယူနိုက်တက်မှာသူ့ရဲ့ခြေစွမ်းတွေ တိုးတက်ကောင်းမွန်လာတာက နည်းပြကြောင့်လို့ဖွင့်ဟလိုက်တဲ့ ဖရက်ဒ်

Photo Credit

Photo Credit

ယူနိုက်တက်ကွင်းလယ်ကစားသမားဖရက်ဒ်ကတော့ အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်လာတဲ့ အကြောင်းရင်းက နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့ကူညီပေးမှုကြောင့်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

Photo Credit

ဘရာဇီးသားဟာ ပြီးခဲ့တဲ့နွေရာသီကရှက်တာဒိုးနက်အသင်းကနေ အင်္ဂလန်ဘောလုံးလောကကို ပြောင်းရွှေ့လာကတည်းက အိုးထရက်ဖို့ဒ်မြေမှာ အသင်းနဲ့အထိုင်ကျပြီးခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ မကြာသေးခင် ရက်သတ္တပတ်တွေက ပေါလ်ပေါ့ဂ်ဘာမပါဝင်နိုင်တာကြောင့် ဖရက်ဒ်လည်း ပွဲထွက်ကစားခွင့်ရခဲ့ပြီး ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ကာ နည်းပြဆိုးလ်ရှားကို ကျေနပ်စေခဲ့ပါတယ်။

Photo Credit

သူ့ရဲ့တိုးတက်လာတဲ့ ခြေစွမ်းကောင်းတွေအကြောင်း မေးမြန်းရာမှာတော့ ဖရက်ဒ်က “နည်းပြရဲ့ ယုံကြည်မှုက အရေးကြီးဆုံးဖြစ်ပြီး ကျွန်တော့်ကိုယုံကြည်တယ်လို့ ခံစားရပါတယ်။ ကျွန်တော်လုပ်နိုင်တာတွေကိုဆက်လက် လုပ်ဆောင်သွားမှာပါ”

Photo Credit

”ပွဲစတင်ပြီဆိုတာနဲ့ ကောင်းကောင်းကစားမှာပါ။ ဒါပေမဲ့ ကျွန်တော် ဂိုးတွေလဲသွင်းချင်ပါသေးတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ကျွန်တော့်ရဲ့ ကန်ချက်က ဂိုးရရှိဖို့နီးစပ်ခဲ့ပေမယ့် တိုင်ထိသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂိုးသွင်းနိုင်ဖို့ ဆက်ကြိုးစားနေဦးမှာပါ“လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

ဆက်လက်ပြီး ဖရက်ဒ်က “ပထဦးဆုံးအနေနဲ့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ခဲ့ပြီး အချိတ်အဆက်မိမိနားလည်မှုရှိရှိကစားလာနိုင်ခဲ့ကာ ဖလားပြိုင်ပွဲမှာအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲမှာပိုပြီးကောင်းမွန်အောင် ကစားနိုင်ဖို့လိုအပ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်နိုင်အောင် ကျွန်တော်တို့ တိုက်ပွဲဝင်သွားကြရမှာပါ“လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္မွာသူ႕ရဲ႕ေျခစြမ္းေတြ တိုးတက္ေကာင္းမြန္လာတာက နည္းျပေၾကာင့္လို႔ဖြင့္ဟလိုက္တဲ့ ဖရက္ဒ္

ယူႏိုက္တက္ကြင္းလယ္ကစားသမားဖရက္ဒ္ကေတာ့ အေကာင္းဆံုးေျခစြမ္းေတြ ပိုင္ဆိုင္လာတဲ့ အေၾကာင္းရင္းက နည္းျပအိုလီဂန္နာဆိုးလ္ရွားရဲ႕ကူညီေပးမႈေၾကာင့္လို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။
ဘရာဇီးသားဟာ ၿပီးခဲ့တဲ့ေႏြရာသီကရွက္တာဒိုးနက္အသင္းကေန အဂၤလန္ေဘာလံုးေလာကကို ေျပာင္းေရႊ႕လာကတည္းက အိုးထရက္ဖို႔ဒ္ေျမမွာ အသင္းနဲ႔အထိုင္က်ၿပီးေျခစြမ္းေကာင္းေတြ ပိုင္ဆိုင္ဖို႔ ႐ုန္းကန္ခ့ဲရတာ ျဖစ္ပါတယ္။
ဒါေပမဲ့ မၾကာေသးခင္ ရက္သတၱပတ္ေတြက ေပါလ္ေပါ့ဂ္ဘာမပါဝင္ႏိုင္တာေၾကာင့္ ဖရက္ဒ္လည္း ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ေကာင္းမြန္တဲ့ေျခစြမ္းေတြျပသႏိုင္ခဲ့ကာ နည္းျပဆိုးလ္ရွားကို ေက်နပ္ေစခဲ့ပါတယ္။
သူ႕ရဲ႕တိုးတက္လာတဲ့ ေျခစြမ္းေကာင္းေတြအေၾကာင္း ေမးျမန္းရာမွာေတာ့ ဖရက္ဒ္က “နည္းျပရဲ႕ ယံုၾကည္မႈက အေရးႀကီးဆံုးျဖစ္ၿပီး ကၽြန္ေတာ့္ကိုယံုၾကည္တယ္လို႔ ခံစားရပါတယ္။ ကၽြန္ေတာ္လုပ္ႏိုင္တာေတြကိုဆက္လက္ လုပ္ေဆာင္သြားမွာပါ”
”ပြဲစတင္ၿပီဆိုတာနဲ႔ ေကာင္းေကာင္းကစားမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ္ ဂိုးေတြလဲသြင္းခ်င္ပါေသးတယ္။ ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ ကၽြန္ေတာ့္ရဲ႕ ကန္ခ်က္က ဂိုးရရွိဖို႔နီးစပ္ခဲ့ေပမယ့္ တိုင္ထိသြားခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ဂိုးသြင္းႏိုင္ဖို႔ ဆက္ႀကိဳးစားေနဦးမွာပါ“လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ဖရက္ဒ္က “ပထဦးဆံုးအေနနဲ႔ ကၽြန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ႏိုင္ခဲ့ၿပီး အခ်ိတ္အဆက္မိမိနားလည္မႈရွိရွိကစားလာႏိုင္ခဲ့ကာ ဖလားၿပိဳင္ပြဲမွာအေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ လိဂ္ၿပိဳင္ပြဲမွာပိုၿပီးေကာင္းမြန္ေအာင္ ကစားႏိုင္ဖို႔လိုအပ္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ျပန္လည္ဝင္ေရာက္ႏိုင္ေအာင္ ကၽြန္ေတာ္တုိ႔ တိုက္ပြဲဝင္သြားၾကရမွာပါ“လို႔ ေျပာၾကားသြားခဲ့ပါတယ္။