ယူနိုက်တက်မှာတုန်းက ရွန်နီနဲ့ စီရော်နယ်ဒို တို့ရဲ့လောင်းရိပ်မမိခဲ့ဘူးဆိုတဲ့ နာနီ

photo internet

ကစားသမားအချို့ဟာ စီနီယာကစားသမားတွေ၊နာမည်ကြီး အသင်းဖော်တွေရဲ့လွှမ်းမိုးမှုကို တစ်ခါတလေခံကြရပါတယ်။ လူသိများပြီးနာမည်ကျော်တဲ့ကစားသမားဆိုရင်လည်း အလိုလိုရှိန်နေတတ်ကြပါတယ်။ ယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမားဟောင်း ဖြစ်သူနာနီကတော့ သူ့အနေနဲ့ ယူနိုက်တက်မှာရှိခဲ့တုန်းက ရွန်နီနဲ့ စီရော်နယ်ဒို တို့ရဲ့လောင်းရိပ်အောက်ကိုရောက်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုးမရှိခဲ့ကြောင်းပြောဆို လာခဲ့ပါတယ်။ လက်ရှိ အချိန်မှာ အသက်(33) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နာနီဟာ ယူနိုက်တက်အသင်းမှာ(2007) ခုနှစ်မှ (2015) ခုနှစ်အထိကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

photo internet

နာနီဟာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း 200ကျော်အထိပါဝင်ကစားပေးခဲ့ဖူးပြီး၊ ပရီးမီးယားလိဂ် ဖလား(4) ကြိမ် အထိရရှိအောင်လည်းထောက်ကူပေးနိုင်ခဲ့ပါတယ်။ နာနီယူနိုက်တက်အသင်း ကိုပြောင်းရွှေ့ပြီး(2) နှစ်အကြာမှာ ပေါ်တူဂီအသင်းဖော်စီရော်နယ်ဒိုမှာ ရီးရဲလ်မက်ဒရစ်အသင်း ကိုပြောင်းရွှေ့ခဲ့ပါတယ်။ “ကျွန်တော်စီရော်နယ်ဒိုနဲ့ရွန်နီတို့ရဲ့လောင်းရိပ်အောက်ရောက်ခဲ့တယ်လို့ မထင်မိပါဘူး။ အဲလိုလောင်းရိပ်မျိုးမရှိပါဘူး။ အဲဒီအချိန်တုန်းက ယူနိုက်တက်က ထူးခြားတဲ့အသင်းတစ်သင်းပါ”လို့ နာနီကပြောပါတယ်။

photo internet

“ကျွန်တော့်ရဲ့ဘောလုံးရာသီအစတုန်းက စီရော်နယ်ဒို နဲ့အတူ ပွဲပေါင်းများစွာကိုကစားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ကစားပုံက သုံးယောက် လေးယောက်လောက်တိုက်စစ်ကိုဆင်းဆော့တဲ့ပုံစံလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာ ကျွန်တော်နဲ့စီရော်နယ်ဒိုတောင်ပံတစ်ဖက်ချင်းစီမှာကစား ရင် ရွန်နီက တိုက်စစ်ဖြစ်သွားသလို ရွန်နီနဲ့စီရော်နယ်ဒို တောင်ပံမှာကစားရင်ကျွန်တော်က ကွင်းလယ် နေရာမှာရှိနေတတ်ပါတယ်။ ကျွန်တော် ယူနိုက်တက်အသင်းကိုရောက်သွား တုန်းကအရမ်းပဲ ကံကောင်းတယ်လို့ပြောလို့ရပါတယ်။”ဆိုပြီး နာနီကပြောပါတယ်။

photo internet

ယူနိုက်တက်အသင်းကိုနာနီစရောက်တဲ့အချိန်တုန်းက အသင်းရဲ့ဂန္တဝင်နည်းပြဖြစ်သူ ဖာဂူဆန်က စီရော်နယ်ဒို-နာနီ အတွဲ ကိုတောင်ပံနေရာများမှာ သုံးစွဲခဲ့ကြပါတယ်။ “ကျွန်တော်အဲဒီအချိန်တုန်းက ယူနိုက်တက်မှာရှိခဲ့တဲ့အချိန်ကိုကြိုက်ပါတယ်။ မကျေနပ်ဘူး ဆိုပြီးပြောရမယ့်အကြောင်းအရာမရှိပါဘူး။ ကျွန်တော့်ရဲ့ပထမဆုံး(2) နှစ်အတွင်းမှာတင်ကျွန်တော့်အနေနဲ့ ပွဲပေါင်းများစွာကိုကစားခွင့်တွေရခဲ့ပါတယ်။ အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် အသုံးပြုမှု အများဆုံးကစားသမား ကလည်းကျွန်တော်ပဲ ဖြစ်ခဲ့ပါတယ်။”လို့နာနီက ထပ်ပြောပါသေးတယ်။

photo internet

“စီရော်နယ်ဒို အသင်းကနေထွက်တုန်းက အသင်းမှာ အထင်မှားတဲ့အလုပ်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ လူတွေကပြောကြတယ်။ ကျွန်တော့် ကစားပုံက စီရော်နယ်ဒိုနဲ့တူတယ်လို့ပြောကြတယ်။ နှိုင်းယှဉ်ပြီးပြောဆိုကြတာတွေ အများကြီးပဲရှိခဲ့ပါတယ်။ စီရော်နယ်ဒိုအသင်းကနေထွက်တုန်းကကျွန်တော့်အတွက် အကောင်းဆုံးအချိန်တွေဖြစ် ခဲ့ပါတယ်။ ဒဏ်ရာ ရနေတဲ့ကစားသမားတွေရှိနေရင် ကျွန်တော်ကပဲအဓိက ကစားပေးနေရတာပါ။ဒါပေမယ့် ကျွန်တော်က စီရော်နယ်ဒိုနဲ့ ပုံစံတူကစားနိုင်တာမရှိသလိုဂိုးဖန်တီးမှုတွေကိုလည်း မလုပ်နိုင်ခဲ့ပါဘူး။”လို့ နာနီကပြောဆိုခဲ့ပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္မွာတုန္းက ရြန္နီနဲ႔ စီေရာ္နယ္ဒုိ တို႔ရဲ႕ေလာင္းရိပ္မမိခဲ့ဘူးဆိုတဲ့ နာနီ

ကစားသမားအခ်ဳိ႕ဟာ စီနီယာကစားသမားေတြ၊နာမည္ႀကီး အသင္းေဖာ္ေတြရဲ႕လႊမ္းမိုးမႈကို တစ္ခါတေလခံၾကရပါတယ္။ လူသိမ်ားၿပီးနာမည္ေက်ာ္တဲ့ကစားသမားဆိုရင္လည္း အလိုလိုရိွန္ေနတတ္ၾကပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ေတာင္ပံကစားသမားေဟာင္း ျဖစ္သူနာနီကေတာ့ သူ႔အေနနဲ႔ ယူႏိုက္တက္မွာရိွခဲ့တုန္းက ရြန္နီနဲ႔ စီေရာ္နယ္ဒို တို႔ရဲ႕ေလာင္းရိပ္ေအာက္ကိုေရာက္ရိွတယ္ဆိုတဲ့ ခံစားခ်က္မ်ဳိးမရိွခဲ့ေၾကာင္းေျပာဆိုလာခဲ့ပါတယ္။ လက္ရိွ အခ်ိန္မွာ အသက္(33) ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့ နာနီဟာ ယူႏိုက္တက္အသင္းမွာ(2007) ခုႏွစ္မွ (2015) ခုႏွစ္အထိကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

နာနီဟာယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း 200ေက်ာ္အထိပါ၀င္ကစားေပးခဲ့ဖူးၿပီး၊ ပရီးမီးယားလိဂ္ ဖလား(4) ႀကိမ္ အထိရရိွေအာင္လည္းေထာက္ကူေပးႏိုင္ခဲ့ပါတယ္။ နာနီယူႏိုက္တက္အသင္း ကိုေျပာင္းေရႊ႔ၿပီး(2) ႏွစ္အၾကာမွာ ေပၚတူဂီအသင္းေဖာ္စီေရာ္နယ္ဒုိမွာ ရီးရဲလ္မက္ဒရစ္အသင္း ကိုေျပာင္းေရႊ႔ခဲ့ပါတယ္။ “ကၽြန္ေတာ္စီေရာ္နယ္ဒိုနဲ႔ရြန္နီတို႔ရဲ႕ေလာင္းရိပ္ေအာက္ေရာက္ခဲ့တယ္လို႔ မထင္မိပါဘူး။ အဲလိုေလာင္းရိပ္မ်ဳိးမရိွပါဘူး။ အဲဒီအခ်ိန္တုန္းက ယူႏိုက္တက္က ထူးျခားတဲ့အသင္းတစ္သင္းပါ”လို႔ နာနီကေျပာပါတယ္။

“ကြၽန္ေတာ့္ရဲ႕ေဘာလုံးရာသီအစတုန္းက စီေရာ္နယ္ဒုိ နဲ႔အတူ ပြဲေပါင္းမ်ားစြာကိုကစားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အသင္းရဲ႕ကစားပုံက သုံးေယာက္ ေလးေယာက္ေလာက္တိုက္စစ္ကိုဆင္းေဆာ့တဲ့ပုံစံလုိျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အသင္းမွာ ကြၽန္ေတာ္နဲ႔စီေရာ္နယ္ဒုိေတာင္ပံတစ္ဖက္ခ်င္းစီမွာကစား ရင္ ရြန္နီက တိုက္စစ္ျဖစ္သြားသလုိ ရြန္နီနဲ႔စီေရာ္နယ္ဒုိ ေတာင္ပံမွာကစားရင္ကြၽန္ေတာ္က ကြင္းလယ္ ေနရာမွာရိွေနတတ္ပါတယ္။ ကြၽန္ေတာ္ ယူႏိုက္တက္အသင္းကိုေရာက္သြား တုန္းကအရမ္းပဲ ကံေကာင္းတယ္လို႔ေျပာလုိ႔ရပါတယ္။”ဆိုၿပီး နာနီကေျပာပါတယ္။

ယူႏိုက္တက္အသင္းကိုနာနီစေရာက္တဲ့အခ်ိန္တုန္းက အသင္းရဲ႕ဂႏၱဝင္နည္းျပျဖစ္သူ ဖာဂူဆန္က စီေရာ္နယ္ဒို-နာနီ အတြဲ ကိုေတာင္ပံေနရာမ်ားမွာ သုံးစြဲခဲ့ၾကပါတယ္။ “ကၽြန္ေတာ္အဲဒီအခ်ိန္တုန္းက ယူႏိုက္တက္မွာရိွခဲ့တဲ့အခ်ိန္ကိုႀကိဳက္ပါတယ္။ မေက်နပ္ဘူး ဆိုၿပီးေျပာရမယ့္အေၾကာင္းအရာမရိွပါဘူး။ ကြၽန္ေတာ့္ရဲ႕ပထမဆုံး(2) ႏွစ္အတြင္းမွာတင္ကြၽန္ေတာ့္အေနနဲ႔ ပြဲေပါင္းမ်ားစြာက္ိုကစားခြင့္ေတြရခဲ့ပါတယ္။ အသင္းရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုရင္ အသုံးျပဳမႈ အမ်ားဆုံးကစားသမား ကလည္းကြၽန္ေတာ္ပဲ ျဖစ္ခဲ့ပါတယ္။”လုိ႔နာနီက ထပ္ေျပာပါေသးတယ္။

“စီေရာ္နယ္ဒုိ အသင္းကေနထြက္တုန္းက အသင္းမွာ အထင္မွားတဲ့အလုပ္တစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ လူေတြကေျပာၾကတယ္။ ကြၽန္ေတာ့္ ကစားပုံက စီေရာ္နယ္ဒိုနဲ႔တူတယ္လို႔ေျပာၾကတယ္။ ႏိႈင္းယွဥ္ၿပီးေျပာဆိုၾကတာေတြ အမ်ားႀကီးပဲရိွခဲ့ပါတယ္။ စီေရာ္နယ္ဒုိအသင္းကေနထြက္တုန္းကကြၽန္ေတာ့္အတြက္ အေကာင္းဆုံးအခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ ဒဏ္ရာ ရေနတဲ့ကစားသမားေတြရိွေနရင္ ကြၽန္ေတာ္ကပဲအဓိက ကစားေပးေနရတာပါ။ဒါေပမယ့္ ကြၽန္ေတာ္က စီေရာ္နယ္ဒုိနဲ႔ ပုံစံတူကစားႏုိင္တာမရိွသလုိဂိုးဖန္တီးမႈေတြကိုလည္း မလုပ္ႏုိင္ခဲ့ပါဘူး။”လုိ႔ နာနီကေျပာဆိုခဲ့ပါတယ္။