ယူနိုက်တက်မင်းသားနဲ့လူကြမ်းကို ဝေဖန်ပြောဆိုနေကြသူများ…..

M Cash 24 အကှောငြးသိလိုပါက M Cash 24 ကို နှိပပြါ။

ဘောလုံးကစားသမားတွေဟာ ချီးကျူးခံရသလို၊ ဝေဖန်ပြစ်တင်ခံရတဲ့အခြေအနေကနေလည်း မလွတ်ကြပါဘူး။ ယူနိုက်တက်အသင်းမှာအခုလောလောဆယ်ချီးကျူးခံနေရတဲ့ ကြယ်တစ်ပွင့်ကတော့ ဘရူနိုဖာနန်ဒက်စ်ဖြစ် ပါတယ်။ ဖာနန်ဒက်စ်တစ်ယောက်သရဲနီအသင်းသားဖြစ်လာကတည်းက ယူနိုက်တက်အသင်းဟာ ရလဒ်ပိုင်းမဆိုးဘူးလို့ပြောလို့ရပါတယ်။

photo internet

ဒါကြောင့်လည်း နည်းပြဆိုးလ်ရှားနဲ့တကွ အသင်းဖော်တွေက သူ့ကိုဝိုင်းဝန်းချီးကျူးနေကြတာဖြစ်ပါတယ်။ အရင်ဦးဆုံး လီဗာပူး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို အသင်း ခေါင်းဆောင် ဟောင်း တစ်ဦး လည်း ဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ် က ဖာနန်ဒက်စ်အကြောင်းပြောဆိုထားတာကိုတင်ဆက်ပေးပါမယ်။ “ဖာနန်ဒက်စ်ဟာ အချိန်တိုင်း တိုက်စစ်ပိုင်း ကိုပဲဘောလုံးပေးပို့နိုင်ဖို့ကြည့်ရှုနေတတ်ပါတယ်။

photo internet

သူကဝင့်ဝင့်ကြွားကြွားနဲ့တိုက်စစ်ပိုင်းကိုလိုက်ပါကစားသလို၊ ဂိုးပေါက်ခြိမ်းခြောက်တာတွေလိုဖို့အတွက်လည်း အမြဲစိတ်အားထက်သန်နေသူဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာဆိုရင်သူဟာ ဂိုးပေါက် ကန်သွင်း ခဲ့တဲ့ အချိန်မှာ ပြိုင်ဖက် ဂိုးသမား ဖြစ်သူ ရဲ့ စွမ်းဆောင်ရည် ကြောင့် ကံကောင်း ခဲ့တယ်လို့ ဆိုရ ပါ့မယ် ။ ယူနိုက်တက် အသင်း ရဲ့ အခြား ကစားသမား တွေလို ပါပဲ ၊ သူလည်း ပထမပိုင်း မှာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ယူနိုက်တက် ကစားသမားအများစု ခြေစွမ်းကောင်းကြပါတယ်။ သူတို့ ဟာ စစ်မှန်တဲ့ အသင်း တစ်သင်း လို ပုံစံ မျိုးနဲ့ ကစား နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ပွဲချိန် ဒုတိယပိုင်း မှာတော့ သူတို့ တွေမှာလိုအပ်ချက်ရှိတယ် လို့မြင်ပါတယ်။ ကစားပွဲတွေဆက်ပြီးပင်ပန်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖာနန်ဒက်စ်အပါအဝင် အခြားကစား သမားတွေလည်း ပွဲရဲ့ဒုတိယပိုင်းမှာ ပေါ်လိုက်၊ပျောက်လိုက်အနေ အထားမျိုးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ခြေစွမ်းကို နှစ်သက်ပါတယ် ။ သူ့ကိုခေါ်ယူတာဟာ ယူနိုက်တက် အသင်း အတွက် စစ်မှန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ရပ် ပါပဲ ။ သူဟာ ဂိုးတွေ ကိုလည်း သွင်းယူ နိုင်ပါ ဦးမယ် ။ ဒါကြောင့် သူ ပိုပြီး ကောင်းသထက် ကောင်းလာ စေနိုင်ဖို့ လိုအပ် နေတာ က ပွဲရှိန် ကို မိနစ် 90 အပြည့် မြိုင်ဆိုင် စေဖို့ ပါပဲ ။ ပေါ်တူဂီ ကနေ ယူနိုက်တက်ကို လာတဲ့ သူ တစ်ယောက် အတွက် တော့ ပွဲစဉ်တိုင်းခြေစွမ်းကောင်းပြသ နိုင်ရေး ဆိုတာ ဖိအား တစ်ခု ဖြစ်ချင် မှ ဖြစ်နေ ပါ လိမ့်မယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်း အတွက် ကစား ပေးနေ ရပြီ ဆိုရင် အဲဒီကစားသမားဟာ အကောင်းဆုံး ပုံစံ တွေကို အပါတ်စဉ် ပြသ နိုင်ဖို့ လိုအပ် နေပါ လိမ့်မယ် ”ဆိုပြီး ဂရေမီ ဆောင်းနက်စ်ကပြောပါတယ်။

photo internet

ယူနိုက်တက် အသင်း ဟာ အဲဗာတန် အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ ရပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ အဲဗာတန် တိုက်စစ်မှူး လီဝင် ဟာ အသင်း အတွက် အဖွင့် ဂိုးကို ဒီဂီယာ ရဲ့ အမှားက တစ်ဆင့် ပွဲချိန် 3 မိနစ် မှာ သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား သစ် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် က ပွဲချိန် 31 မိနစ် မှာ ခြေပဂိုး သွင်းယူ ပေးနိုင် ခဲ့ပြီး အသင်း ကို တစ်မှတ် ရရှိ စေခဲ့ ပါတယ် ။ ဒါဟာ ဘရူနို ဖာနန်ဒက်စ်အတွက် တော့ နောက်ဆုံး ပွဲထွက် ကစား ပေးတဲ့ ပွဲစဉ် သုံးပွဲဆက် ဂိုးသွင်း နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ယူနိုက်တက် အတွက် 2 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါ သေးတယ် ။
အဲဒီပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက်အတွက်လူကြမ်းဖြစ်သွားခဲ့ရသူကတော့ ဂိုးသမား ဒီဂီယာဖြစ်ပါတယ်။

photo internet

ယူနိုက်တက်ရဲ့ ဂန္ဓဝင်ဂိုးသမားကြီးဖြစ်သူ ပီတာရှမိုက်ကယ် ကတော့ ဒီဂီယာ ရဲ့ အမှားဟာ လက်သင့်ခံနိုင်စရာမရှိဘဲအာရုံစူးစိုက်မှု့လျော့ရဲလွန်းတာကြောင့် တစ်ဖက်အသင်းအခွင့်အရေးရသွား တာဖြစ်တယ်လို့ဝေဖန်ပြောဆိုထားပါတယ်။ အဲဗာတန်အသင်းအတွက် အဖွင့်ဂိုးဖြစ်စေခဲ့တဲ့ ဒီဂီယာရဲ့ အမှား ကြောင့် ယူနိုက်တက်အသင်းဟာ ရုန်းကန်ခဲ့ရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့်ပြိုင်ဆိုင်ရေး မှာလည်း ချဲလ်ဆီးကိုအကောင်းဆုံးဖိအားပေးနိုင်မယ့် အခွင့်အရေးတစ်ရပ်ကို လက်လွှတ်ခဲ့ရပါတယ်။

photo internet

“ကျွန်တော်ထင်တာကတော့ သူ့မှာအချိန်ပိုရတယ်လို့ တွက်ဆခဲ့ပုံပါပဲ။ သူ့မှာရွေးစရာတွေရှိတယ်လေ။ မက်ဂွိုင်းယားဆီပဲပြန်ပေးပြီး ပွဲစလိုက်မလား၊ဒါမှမဟုတ် လင်ဒီလောဖ့်ဆီထိုးပေးလို့ရသလို မာတစ် ဆီကိုလည်းပေးလို့ရနေတာပဲလေ။သူနဲ့ ပြိုင်ဘက်ကစားသမားက ဘယ်လောက်ထိနီးစပ်နေသလဲ သူသတိမထားမိခဲ့ပုံပဲ။ သူ့ကိုကြည့်ရတာ အာရုံစူးစိုက်မှု့အားနည်းလွန်း ပါတယ်။အသင်းကြီးတွေအတွက်ချန်ပီယံဆုယှဉ်ပြိုင်နေရတဲ့ အချိန်မှာ ဒီလိုအမှားအယွင်းတွေ၊ အခွင့်အရေးတွေပေးလိုက်လို့မရပါဘူး။ ဒါမျိုးမလုပ်သင့်ပါဘူး။ ပွဲတိုင်းမှာအမှားတစ်ခုလုပ်မယ်ဆိုရင် ပွဲစဉ်များလာတာနဲ့အမှတ်တွေပိုလျော့လာပါလိမ့်မယ်။ ဒါကအသင်းကြီးတစ်သင်းအတွက် သိပ်ဆိုးရွားပါတယ်။ ကိုယ့်ကိုပရိသတ်တွေ၊တာဝန်ရှိသူတွေက ဝေဖန်ပြောဆိုနေပြီဆိုရင် ကိုယ့်ရဲ့အခြေအနေတွေ၊လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်သင့်ပါပြီ”ဆိုပြီး ပီတာရှမိုက်ကယ်ကပြောဆိုပါတယ်။ ဒီဂီယာဟာ ယူနိက်တက်အသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံးကစားသမားဆု သုံးကြိမ်အထိရထားဖူးပါတယ်။

photo internet

M Cash 24 အကှောငြးသိလိုပါက M Cash 24 ကို နှိပပြါ။

(Zawgyi Version)

