ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ သဘောတူညီမှုရထားတာကို ဖောက်ဖျက်ဖို့ ပေါ့ဂ်ဘာအသင့်ရှိနေဟုဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်စတား ပေါလ်ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်မှာရှိတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်လိုက်ပြီး ယခုအခါ အသင်းနဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့အထိ လမ်းဖွင့်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Photo Credit

အသက် ၂၇ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ ၂၀၁၆ နွေရာသီက ဂျူဗင်တပ်စ်ကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းနဲ့ ပြန်ရောက်လာပြီးနောက် နွေရာသီဈေးကွက် ၃ခုအနက် ၂ခုမှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်ဘုတ်အဖွဲ့က အသင်းရဲ့ပြောင်းလဲခြင်းကာလကို ဖြတ်သန်းနေရချိန်မှာ ပေါ့ဂ်ဘာကို ဆုံးရှုံးရရင် နောက်ထပ်ကြယ်ပွင့်တွေကိုပါ ဆုံးရှုံးရနိုင်တယ်လို့ တွေးကာ အပြောင်းအရွှေ့ကို တားဆီးခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ တယ်လီဂရပ်ဖ်သတင်းစာရဲ့ဖော်ပြချက်အရ ၂၀၁၉ နွေရာသီအတွင်း ပေါ့ဂ်ဘာနဲ့ ယူနိုက်တက်ဘုတ်အဖွဲ့တို့ကြား သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့ပြီး ယခုနွေရာသီအတွင်း တကယ်လို့ သင့်တော်တဲ့ကမ်းလှမ်းမှု လက်ခံရရှိရင် ပေါ့ဂ်ဘာကို ထွက်ခွာခွင့်ပေးရမယ့်အချက်ဖြစ်ပါတယ်။

Photo Credit

ပေါ့ဂ်ဘာဟာ သူ့ကို ခေါ်ယူဖို့ ရီးရဲလ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့က အပြိုင်ကြိုးစားလိမ့်မယ်လို့ ခံစားခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့အနေအထားကြောင့် အသင်းမှာ ဆက်ကစားဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Photo Credit

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံးမှာ ဘဏ္ဍာရေးအကျပ်အတည်းတွေဖြစ်ပေါ်နေရာ ပေါ့ဂ်ဘာအတွက် ရွေးချယ်မှုကန့်သတ်ချက်နဲ့ဖြစ်သွားရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါ့ဂ်ဘာရဲ့တန်ဖိုးကို ပေါင်သန်း ၁၀၀ ကျော်သတ်မှတ်ခဲ့ပြီး ပေါ့ဂ်ဘာရဲ့တစ်ပတ်လုပ်ခလစာက ပေါင် ၂၃၀၀၀၀ ရှိရာ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ လစာမျိုး ပေးချေနိုင်တဲ့အသင်းက လက်ရှိအခြေအနေအရ ရှားပါးနေပါတယ်။

Photo Credit

အဲဒီအချိန်မှာ စပို့တင်းလစ္စဘွန်းကနေ ရောက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်ကြောင့် ပေါ့ဂ်ဘာလည်း ယူနိုက်တက်အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ယုံကြည်သွားပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီလလယ်ကနေ ရာသီအဆုံးသတ်အထိ ၂ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး ပေါ့ဂ်ဘာကလည်း ကွင်းလယ်မှာ ဖာနန်ဒက်စ်နဲ့အတူ အသင်းရဲ့အဓိကဖန်တီးရှင်အဖြစ် ခြေစွမ်းပြနေပါတယ်။

Photo Credit

ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာကတည်း ”ပေါ့ဂ်ဘာဟာ ယူနိုက်တက်ရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီး အသင်းကလည်း အရေးကြီးတဲ့စီမံကိန်းတစ်ရပ်ရှိပါတယ်။ အဲဒီစီမံကိန်းမှာ ပေါ့ဂ်ဘာလည်း ရာနှုန်းပြည့်ပါဝင်ပြီး မကြာခင် စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးသွားမှာပါ”လို့ ယခုတစ်ပတ်အတွင်း ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူႏိုက္တက္ဘုတ္အဖြဲ႕နဲ႔ သေဘာတူညီမႈရထားတာကို ေဖာက္ဖ်က္ဖို႔ ေပါ့ဂ္ဘာအသင့္ရွိေနဟုဆို

ယူႏုိက္တက္စတား ေပါလ္ေပါ့ဂ္ဘာဟာ အုိးထရက္ဖို႔ဒ္မွာရွိတဲ့ သူ႕ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ဆုံးျဖတ္ခ်က္ ျပန္လည္ျပင္ဆင္လုိက္ၿပီး ယခုအခါ အသင္းနဲ႔ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔အထိ လမ္းဖြင့္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၂၇ နွစ္အရြယ္ရိွိ ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ ၂၀၁၆ ေႏြရာသီက ဂ်ဴဗင္တပ္စ္ကေန ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က) ေပါင္ ၈၉သန္းနဲ႔ ျပန္ေရာက္လာၿပီးေနာက္ ေႏြရာသီေစ်းကြက္ ၃ခုအနက္ ၂ခုမွာ အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚခဲ့ၿပီး ယူႏုိက္တက္ဘုတ္အဖြဲ႕က အသင္းရဲ႕ေျပာင္းလဲျခင္းကာလကို ျဖတ္သန္းေနရခ်ိန္မွာ ေပါ့ဂ္ဘာကို ဆုံး႐ံႈးရရင္ ေနာက္ထပ္ၾကယ္ပြင့္ေတြကိုပါ ဆုံး႐ံႈးရႏိုင္တယ္လုိ႔ ေတြးကာ အေျပာင္းအေရႊ႕ကို တားဆီးခဲ့ပါတယ္။

ဒါေပမဲ့ တယ္လီဂရပ္ဖ္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ၂၀၁၉ ေႏြရာသီအတြင္း ေပါ့ဂ္ဘာနဲ႔ ယူႏုိက္တက္ဘုတ္အဖြဲ႕တုိ႔ၾကား သေဘာတူညီမႈတစ္ခုျပဳလုပ္ခ့ဲၿပီး ယခုေႏြရာသီအတြင္း တကယ္လုိ႔ သင့္ေတာ္တဲ့ကမ္းလွမ္းမႈ လက္ခံရရွိရင္ ေပါ့ဂ္ဘာကို ထြက္ခြာခြင့္ေပးရမယ့္အခ်က္ျဖစ္ပါတယ္။

ေပါ့ဂ္ဘာဟာ သူ႕ကို ေခၚယူဖုိ႔ ရီးရဲလ္၊ ဘာစီလုိနာနဲ႔ ဂ်ဴဗင္တပ္စ္တုိ႔က အၿပိဳင္ႀကိဳးစားလိမ့္မယ္လုိ႔ ခံစားခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ယူႏုိက္တက္ရဲ႕အေနအထားေၾကာင့္ အသင္းမွာ ဆက္ကစားဖို႔ စိတ္ပိုင္းျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ ကို႐ိုနာဗုိင္းရပ္စ္ကပ္ေဘးေၾကာင့္ တစ္ကမၻာလုံးမွာ ဘ႑ာေရးအက်ပ္အတည္းေတြျဖစ္ေပၚေနရာ ေပါ့ဂ္ဘာအတြက္ ေရြးခ်ယ္မႈကန္႔သတ္ခ်က္နဲ႔ျဖစ္သြားရပါတယ္။ ယူႏုိက္တက္ဟာ ၿပီးခ့ဲတဲ့ေႏြရာသီက ေပါ့ဂ္ဘာရဲ႕တန္ဖုိးကို ေပါင္သန္း ၁၀၀ ေက်ာ္သတ္မွတ္ခဲ့ၿပီး ေပါ့ဂ္ဘာရဲ႕တစ္ပတ္လုပ္ခလစာက ေပါင္ ၂၃၀၀၀၀ ရွိရာ သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးနဲ႔ လစာမ်ိဳး ေပးေခ်ႏိုင္တဲ့အသင္းက လက္ရွိအေျခအေနအရ ရွားပါးေနပါတယ္။

အဲဒီအခ်ိန္မွာ စပို႔တင္းလစၥဘြန္းကေန ေရာက္လာတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ေၾကာင့္ ေပါ့ဂ္ဘာလည္း ယူႏုိက္တက္အေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီလုိ႔ ယုံၾကည္သြားပါတယ္။ ယူႏုိက္တက္ဟာ ဇန္န၀ါရီလလယ္ကေန ရာသီအဆုံးသတ္အထိ ၂ပြဲပဲ ႐ံႈးနိမ့္ခဲ့ၿပီး ေပါ့ဂ္ဘာကလည္း ကြင္းလယ္မွာ ဖာနန္ဒက္စ္နဲ႔အတူ အသင္းရဲ႕အဓိကဖန္တီးရွင္အျဖစ္ ေျခစြမ္းျပေနပါတယ္။

ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာကတည္း ”ေပါ့ဂ္ဘာဟာ ယူႏုိက္တက္ရဲ႕အဓိကကစားသမားတစ္ဦးျဖစ္ၿပီး အသင္းကလည္း အေရးႀကီးတဲ့စီမံကိန္းတစ္ရပ္ရွိပါတယ္။ အဲဒီစီမံကိန္းမွာ ေပါ့ဂ္ဘာလည္း ရာႏႈန္းျပည့္ပါ၀င္ၿပီး မၾကာခင္ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ေဆြးေႏြးသြားမွာပါ”လုိ႔ ယခုတစ္ပတ္အတြင္း ေျပာခဲ့ပါတယ္။