ယူနိုက်တက်ပရိသတ်(၆၉%)က နည်းပြရာထူးကနေ ဆိုးလ်ရှားထုတ်ပယ်ခံရဖို့ ဆန္ဒရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနောက်ပိုင်းပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့ရုန်းကန်နေရတာကြောင့် ပရိသတ်(၆၉%)က နည်းပြဆိုးလ်ရှား ရာထူးကထုတ်ပယ်ခံရဖို့ဆန္ဒရှိနေကြပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းစတဲ့ထိပ်တန်းကစားသမားတွေအတွက် ပေါင်(၁၂၆)သန်းသုံးစွဲခေါ်ယူခဲ့ပြီး

အသင်းက ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အသင့်ရှိနေပြီလို့ ပရိသတ်တွေက ယူဆခဲ့ကြပေမယ့် အခုအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်က စောစောစီးစီးထွက်ခွာရမယ့်အနေအထားဖြစ်နေသလို

ချန်ပီယံလိဂ်မှာလည်း အုပ်စုကတက်ဖို့ရုန်းကန်နေရတာကြောင့် နည်းပြဆိုးလ်ရှားတစ်ယောက် ဖိအားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်အများစုကတော့ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းအတွက် ဆုဖလားတွေရယူပေးနိုင်မယ့်အရည်အချင်းမရှိဘူးလို့ ယုံကြည်နေတဲ့အပြင် ရာထူးကထုတ်ပယ်ခံရဖို့ ဆန္ဒရှိနေကြတာပါ။

ဗြိတိန်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ The Athletic က ဆိုးလ်ရှားအပေါ် သဘောထားနဲ့ပတ်သက်လို့ ယူနိုက်တက်ပရိသတ်(၄၀၀၀)ကျော်ဆီကနေ မဲဆန္ဒကောက်ခံခဲ့ချိန်မှာ (၆၉%)က ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့မဲပေးခဲ့ကြတာဖြစ်ပါတယ်။

The Athletic က သူတို့ဝက်ဘ်ဆိုက်မှာ မေးခွန်းတွေထုတ်ပြန်ခဲ့ပြီး ‘မော်ရင်ဟိုနေရာမှာ အစားဝင်ပြီးကတည်းက ဆိုးလ်ရှားဟာ အကောင်းဆုံးလုပ်ဆောင်နိုင်သလား၊

အဆိုးဆုံးလုပ်ဆောင်နိုင်သလား’ဆိုတဲ့မေးခွန်းကို (၅၁%)က အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ မဲပေးခဲ့ပြီး (၄%)က အရမ်းကောင်းအဖြစ်မဲပေးခဲ့သလို (၁%)က အဆိုးရွားဆုံးအဖြစ်မဲပေးခဲ့ကြပါတယ်။

ဒုတိယမေးခွန်းအဖြစ် လက်ရှိဆိုးလ်ရှားရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့မဲဆန္ဒကောက်ခံချိန်မှာ (၄၇%)က ဆိုးရွားတယ်လို့မဲပေးခဲ့ပြီး (၄၄%)ကတော့ အရမ်းဆိုးရွားတယ်လို့ မဲပေးခဲ့တာကြောင့်

ပရိသတ်(၉၁%)ဟာ ဆိုးလ်ရှားရဲ့လက်ရှိစွမ်းဆောင်ရည်က အဆိုးဆုံးနဲ့အဆိုးရွားဆုံးအနေအထားမှာရှိနေတယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။

နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်သင့်လားဆိုတဲ့မေးခွန်းမှာတော့ (၆၉%)က ထောက်ခံခဲ့ပြီး (၁၃%)က ရာသီကုန်အထိအချိန်ပေးဖို့နဲ့ (၃%)သာ နည်းပြရာထူးမှာ ဆိုးလ်ရှား နှစ်ရှည်ဆက်ရှိသင့်တယ်လို့ ထောက်ခံခဲ့တာပါ။

အခုလောလောဆယ် ဆိုးလ်ရှားနေရာမှာအစားထိုးခံဖို့ရှိနေတဲ့ နည်းပြတွေနဲ့ပတ်သက်လို့ သတင်းတွေအမျိုးမျိုးထွက်နေပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ကတော့ အခုအချိန်အထိ ဘာမှလှုပ်ရှားမှုမရှိသေးတာကြောင့် ဆိုးလ်ရှားနဲ့ဆက်ပြီးလက်တွဲသွားမယ့်အခြေအနေပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ပရိသတ္(၆၉%)က နည္းျပရာထူးကေန ဆိုးလ္ရွားထုတ္ပယ္ခံရဖို႔ ဆႏၵရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုေနာက္ပိုင္းပြဲေတြမွာ ရလဒ္ဆိုးေတြနဲ႔႐ုန္းကန္ေနရတာေၾကာင့္ ပရိသတ္(၆၉%)က နည္းျပဆိုးလ္ရွား ရာထူးကထုတ္ပယ္ခံရဖို႔ဆႏၵရွိေနၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းစတဲ့ထိပ္တန္းကစားသမားေတြအတြက္ ေပါင္(၁၂၆)သန္းသုံးစြဲေခၚယူခဲ့ၿပီး အသင္းက ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ဖို႔အသင့္ရွိေနၿပီလို႔ ပရိသတ္ေတြက ယူဆခဲ့ၾကေပမယ့္ အခုအခ်ိန္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚက ေစာေစာစီးစီးထြက္ခြာရမယ့္အေနအထားျဖစ္ေနသလို ခ်န္ပီယံလိဂ္မွာလည္း အုပ္စုကတက္ဖို႔႐ုန္းကန္ေနရတာေၾကာင့္ နည္းျပဆိုးလ္ရွားတစ္ေယာက္ ဖိအားေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္အမ်ားစုကေတာ့ ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းအတြက္ ဆုဖလားေတြရယူေပးႏိုင္မယ့္အရည္အခ်င္းမရွိဘူးလို႔ ယုံၾကည္ေနတဲ့အျပင္ ရာထူးကထုတ္ပယ္ခံရဖို႔ ဆႏၵရွိေနၾကတာပါ။ ၿဗိတိန္အားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ The Athletic က ဆိုးလ္ရွားအေပၚ သေဘာထားနဲ႔ပတ္သက္လို႔ ယူႏိုက္တက္ပရိသတ္(၄၀၀၀)ေက်ာ္ဆီကေန မဲဆႏၵေကာက္ခံခဲ့ခ်ိန္မွာ (၆၉%)က ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ဖို႔မဲေပးခဲ့ၾကတာျဖစ္ပါတယ္။

The Athletic က သူတို႔ဝက္ဘ္ဆိုက္မွာ ေမးခြန္းေတြထုတ္ျပန္ခဲ့ၿပီး ‘ေမာ္ရင္ဟိုေနရာမွာ အစားဝင္ၿပီးကတည္းက ဆိုးလ္ရွားဟာ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္သလား၊ အဆိုးဆုံးလုပ္ေဆာင္ႏိုင္သလား’ဆိုတဲ့ေမးခြန္းကို (၅၁%)က အေကာင္းဆုံးလုပ္ေဆာင္ႏိုင္တယ္လို႔ မဲေပးခဲ့ၿပီး (၄%)က အရမ္းေကာင္းအျဖစ္မဲေပးခဲ့သလို (၁%)က အဆိုး႐ြားဆုံးအျဖစ္မဲေပးခဲ့ၾကပါတယ္။

ဒုတိယေမးခြန္းအျဖစ္ လက္ရွိဆိုးလ္ရွားရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔မဲဆႏၵေကာက္ခံခ်ိန္မွာ (၄၇%)က ဆိုး႐ြားတယ္လို႔မဲေပးခဲ့ၿပီး (၄၄%)ကေတာ့ အရမ္းဆိုး႐ြားတယ္လို႔ မဲေပးခဲ့တာေၾကာင့္ ပရိသတ္(၉၁%)ဟာ ဆိုးလ္ရွားရဲ႕လက္ရွိစြမ္းေဆာင္ရည္က အဆိုးဆုံးနဲ႔အဆိုး႐ြားဆုံးအေနအထားမွာရွိေနတယ္လို႔ ယူဆေနၾကတာျဖစ္ပါတယ္။ ေနာက္ဆုံးေမးခြန္းျဖစ္တဲ့ ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္သင့္လားဆိုတဲ့ေမးခြန္းမွာေတာ့ (၆၉%)က ေထာက္ခံခဲ့ၿပီး (၁၃%)က ရာသီကုန္အထိအခ်ိန္ေပးဖို႔နဲ႔ (၃%)သာ နည္းျပရာထူးမွာ ဆိုးလ္ရွား ႏွစ္ရွည္ဆက္ရွိသင့္တယ္လို႔ ေထာက္ခံခဲ့တာပါ။

အခုေလာေလာဆယ္ ဆိုးလ္ရွားေနရာမွာအစားထိုးခံဖို႔ရွိေနတဲ့ နည္းျပေတြနဲ႔ပတ္သက္လို႔ သတင္းေတြအမ်ိဳးမ်ိဳးထြက္ေနေပမယ့္ ယူႏိုက္တက္ဘုတ္အဖြဲ႕ကေတာ့ အခုအခ်ိန္အထိ ဘာမွလႈပ္ရွားမႈမရွိေသးတာေၾကာင့္ ဆိုးလ္ရွားနဲ႔ဆက္ၿပီးလက္တြဲသြားမယ့္အေျခအေနပါပဲ။