ယူနိုက်တက်ပရိသတ်တွေ သဘောကျနေခဲ့တဲ့ အတ္တလန္တာနဲ့ပွဲကပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ အဆုတ်ပေါက်ကွဲ မတတ်ခံစစ်ကိုပြေးဆင်းကူခဲ့တဲ့ ရော်နယ်ဒို လုပ်အား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အတ္တလန္တာကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးအချိန်က

သူ့ရဲ့ အသင်းအနိုင်ရရှိအောင် နောက်တန်းအထိ ပြေးလွှားကာ ခံစစ်ပိုင်းကိုဆင်းကူပေးခဲ့တာနဲ့ ပတ်သက်ပြီး

ယူနိုက်တက်ပရိသတ်တွေက သူ့ရဲ့ စွမ်းဆောင်ခဲ့မှုကို သဘောကျနေခဲ့ပါတယ်။

ပထမပိုင်းမှာ (ဝ-၂)နဲ့ ရှုံးနေခဲ့ရာကနေ ဒုတိယပိုင်းမှာ ရက်ဖိုဒ်၊ မက်ဂွိုင်းယားတို့ရဲ့သွင်းဂိုးတွေနဲ့ (၂-၂)ရလဒ် ထွက်ပေါ်နေချိန်မှာ

ရမှတ် (၃)မှတ်ရရှိစေခဲ့တဲ့ အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ အတ္တလန္တာနဲ့ပွဲမှာလည်း သူရဲကောင်းထပ်မံဖြစ်ခဲ့ပါတယ်။

သူဟာ ယူနိုက်တက် အတွက်အနိုင်ဂိုးကို ပွဲပြီးခါနီး (၈၁) မိနစ်မှာ လုခ်ရှော ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ပါဝါပြင်းတဲ့ ခေါင်းတိုက်ချက်နဲ့သွင်းယူခဲ့တာပါ။

ဒီဂိုးဟာခရစ္စတီယာနိုရော်နယ်ဒိုအတွက်ယူနိုက်တက်ကိုတကျော့ပြန်ရောက်လာပြီးနောက် (၈)ပွဲကစားထားရာမှာ (၆)ဂိုးမြောက်သွင်းယူတဲ့ဂိုးလည်း ဖြစ်သလို

ချန်ပီယံလိဂ်သွင်းဂိုး (၁၃၇)ဂိုးမြောက်လည်းဖြစ်ခဲ့ပါတယ်။

အတ္တလန္တာကို သွင်းဂိုးရယူနိုင်ခဲ့တာကြောင့် သူဟာ အခုဆိုရင် ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်း (၃၈)သင်းကိုသွင်းယူထားနိုင်တဲ့ စံချိန်ကိုလည်း ရရှိသွားခဲ့ပါပြီ။

ရော်နယ်ဒိုဟာ အနိုင်ဂိုးသွင်းယူပြီးနောက် အတ္တလန္တာက ချေပဂိုးရရှိဖို့ ဘယ်ခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်လာချိန်မှာ

ရှေ့တန်းကနေ နောက်တန်းကို အဆုတ်ပေါက်ကွဲမတတ် တောက်လျှောက်ပြေးဆင်းလာခဲ့ပြီး လုခ်ရှောကိုအကူအညီပေးမှု နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်နာကျင်အချိန်ပိုမှာလည်း သူဟာ အတ္တလန္တာကချေပဂိုးရရှိရေးအတွက် ဖိအားပေးလာချိန်မှာ ခံစစ်ဇုန်ကနေ ဘောလုံးရှင်းထုတ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲအချို့မှာ ရော်နယ်ဒိုဟာ ရှေ့တန်းမှာ ပြိုင်ဘက်အသင်းကိုဖိအားပေးနိုင်မှုနည်းပါးခဲ့သလို၊

အသင်းလိုက်ကစားနိုင်မှုမှာလည်း အချိတ်အဆက်မမိခဲ့မှုတွေကြောင့် ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်ရေးသမားတွေရဲ့ဝေဖန်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းပွဲအပြီးမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ရော်နယ်ဒိုရဲ့လုပ်အားကို ဝေဖန်အပြစ်တင်သူတွေအနေနဲ့

အတ္တလန္တာပွဲမှာ သူဘယ်လိုပေးဆပ်ကစားခဲ့လည်းဆိုတာကို ကြည့်ကြဖို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ပရိသတ္ေတြ သေဘာက်ေနခဲ့တဲ့ အတၱလႏၲာနဲ႔ပြဲကပြဲၿပီးခါနီး ေနာက္ဆုံးမိနစ္မွာ အဆုတ္ေပါက္ကြဲ မတတ္ခံစစ္ကိုေျပးဆင္းကူခဲ့တဲ့ ေရာ္နယ္ဒို လုပ္အား

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဗုဒၶဟူးေန႔ညတုန္းက အတၱလႏၲာကို (၃-၂)ဂိုးနဲ႕ အႏိုင္ရရွိတဲ့ပြဲစဥ္မွာ ပြဲၿပီးခါနီး အခ်ိန္က သူ႔ရဲ႕ အသင္းအႏိုင္ရရွိေအာင္ ေနာက္တန္းအထိ ေျပးလႊားကာ ခံစစ္ပိုင္းကိုဆင္းကူေပးခဲ့တာနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္ပရိသတ္ေတြက သူ႔ရဲ႕ စြမ္းေဆာင္ခဲ့မႈကို သေဘာက်ေနခဲ့ပါတယ္။

ပထမပိုင္းမွာ (ဝ-၂)နဲ႔ ရႈံးေနခဲ့ရာကေန ဒုတိယပိုင္းမွာ ရက္ဖိုဒ္၊ မက္ဂြိဳင္းယားတို႔ရဲ႕သြင္းဂိုးေတြနဲ႔ (၂-၂)ရလဒ္ ထြက္ေပၚေနခ်ိန္မွာ ရမွတ္ (၃)မွတ္ရရွိေစခဲ့တဲ့ အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူေပးခဲ့တဲ့ ေရာ္နယ္ဒိုဟာ အတၱလႏၲာနဲ႔ပြဲမွာလည္း သူရဲေကာင္းထပ္မံျဖစ္ခဲ့ပါတယ္။ သူဟာ ယူႏိုက္တက္ အတြက္အႏိုင္ဂိုးကို ပြဲၿပီးခါနီး (၈၁) မိနစ္မွာ လုခ္ေရွာ ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို ပါဝါျပင္းတဲ့ ေခါင္းတိုက္ခ်က္နဲ႔သြင္းယူခဲ့တာပါ။

ဒီဂိုးဟာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ယူႏိုက္တက္ကိုတေက်ာ့ျပန္ေရာက္လာၿပီးေနာက္ (၈)ပြဲကစားထားရာမွာ (၆)ဂိုးေျမာက္သြင္းယူတဲ့ဂိုးလည္း ျဖစ္သလို ခ်န္ပီယံလိဂ္သြင္းဂိုး (၁၃၇)ဂိုးေျမာက္လည္းျဖစ္ခဲ့ပါတယ္။ အတၱလႏၲာကို သြင္းဂိုးရယူႏိုင္ခဲ့တာေၾကာင့္ သူဟာ အခုဆိုရင္ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ အသင္း (၃၈)သင္းကိုသြင္းယူထားႏိုင္တဲ့ စံခ်ိန္ကိုလည္း ရရွိသြားခဲ့ပါၿပီ။

ေရာ္နယ္ဒိုဟာ အႏိုင္ဂိုးသြင္းယူၿပီးေနာက္ အတၱလႏၲာက ေခ်ပဂိုးရရွိဖို႔ ဘယ္ျခမ္းကေန တန္ျပန္တိုက္စစ္ဆင္လာခ်ိန္မွာ ေရွ႕တန္းကေန ေနာက္တန္းကို အဆုတ္ေပါက္ကြဲမတတ္ ေတာက္ေလွ်ာက္ေျပးဆင္းလာခဲ့ၿပီး လုခ္ေရွာကိုအကူအညီေပးမႈ ႏွစ္ႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္နာက်င္အခ်ိန္ပိုမွာလည္း သူဟာ အတၱလႏၲာကေခ်ပဂိုးရရွိေရးအတြက္ ဖိအားေပးလာခ်ိန္မွာ ခံစစ္ဇုန္ကေန ေဘာလုံးရွင္းထုတ္မႈေတြကိုလည္း ျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲအခ်ိဳ႕မွာ ေရာ္နယ္ဒိုဟာ ေရွ႕တန္းမွာ ၿပိဳင္ဘက္အသင္းကိုဖိအားေပးႏိုင္မႈနည္းပါးခဲ့သလို၊ အသင္းလိုက္ကစားႏိုင္မႈမွာလည္း အခ်ိတ္အဆက္မမိခဲ့မႈေတြေၾကာင့္ ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္ေရးသမားေတြရဲ႕ေဝဖန္မႈခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းပြဲအၿပီးမွာ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားက ေရာ္နယ္ဒိုရဲ႕လုပ္အားကို ေဝဖန္အျပစ္တင္သူေတြအေနနဲ႕ အတၱလႏၲာပြဲမွာ သူဘယ္လိုေပးဆပ္ကစားခဲ့လည္းဆိုတာကို ၾကည့္ၾကဖို႕ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာေျပာၾကားသြားပါတယ္။