ယူနိုက်တက်ပရိသတ်တွေ ပိုကြွေသွားတဲ့ ဖာနန်ဒက်စ်ရဲ့ အပြုအမူ

Photo Credit

Photo Credit

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကို စတင်ရောက်ရှိလာချိန်ကတည်းက ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်ကစားသမားအဖြစ် ရပ်တည်နေသလို အခုလည်း မန်ချက်စတာဒါဘီပွဲမှာ ကွင်းတွင်းခြေစွမ်းနဲ့သာမက သူ့ရဲ့အပြုအမူတစ်ခုကြောင့်လည်း ပရိသတ်တွေ ပိုမိုသဘောကျသွားပါတယ်။

Photo Credit

ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ သူ့အတွက် ပထမဆုံးမန်ချက်စတာဒါဘီပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး မာရှယ်ရဲ့ဦးဆောင်ဂိုးအတွက် လှပတဲ့ဖန်တီးပေးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်လည်း ပွဲအပြီးမှာ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ယခုရာသီ ၄ပွဲမြောက် မန်ချက်စတာဒါဘီပွဲမှာ ၃ကြိမ်မြောက်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit

ဖာနန်ဒက်စ်ဟာ အဲဒီလိုအကောင်းဆုံးဂိုးဖန်တီးပေးခဲ့တဲ့အပြင် ယူနိုက်တက်ပရိသတ်တွေ သူ့ကိုပိုမိုချစ်ခင်လာအောင် လုပ်ဆောင်ပြခဲ့ပြီး ဒုတိယပိုင်းမှာ ကွင်းဘေးစည်းအနား စီးတီးနည်းပြ ဂွါဒီယိုလာကို တိတ်တိတ်နေဖို့ အမူအရာနဲ့ လုပ်ပြခဲ့တာပါ။

Photo Credit

စပိန်နိုင်ငံသား ဂွါဒီယိုလာကို ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ် ဘာတွေပြောလိုက်လဲဆိုတာ ရှင်းရှင်းမသိရပေမယ့် သူ့ပါးစပ်အပေါ် လက်ညှိုးတင်ကာ ရှူးတိုးတိုး တိတ်တိတ်နေဆိုတဲ့အမူအရာ လုပ်ပြခဲ့တာပါ။

Photo Credit

အဲဒီပွဲမတိုင်ခင်မှာ စီးတီးနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်ကို ဖာနန်ဒက်စ်မရောက်ခင် မိမိတို့အသင်းအနေနဲ့ သူ့ကို ခေါ်ယူဖို့ တစ်ခါမှစိတ်ဝင်စားခဲ့ဖူးခြင်းမရှိကြောင်း ဆိုခဲ့ပါသေးတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္ပရိသတ္ေတြ ပိုေႂကြသြားတဲ့ ဖာနန္ဒက္စ္ရဲ႕ အျပဳအမူ

ယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းကို စတင္ေရာက္ရွိလာခ်ိန္ကတည္းက ယူႏုိက္တက္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ကစားသမားအျဖစ္ ရပ္တည္ေနသလို အခုလည္း မန္ခ်က္စတာဒါဘီပဲြမွာ ကြင္းတြင္းေျခစြမ္းနဲ႔သာမက သူ႕ရဲ႕အျပဳအမူတစ္ခုေၾကာင့္လည္း ပရိသတ္ေတြ ပိုမိုသေဘာက်သြားပါတယ္။
ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ဟာ သူ႕အတြက္ ပထမဆုံးမန္ခ်က္စတာဒါဘီပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး မာရွယ္ရဲ႕ဦးေဆာင္ဂိုးအတြက္ လွပတဲ့ဖန္တီးေပးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ယူႏုိက္တက္လည္း ပြဲအၿပီးမွာ ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ယခုရာသီ ၄ပဲြေျမာက္ မန္ခ်က္စတာဒါဘီပဲြမွာ ၃ႀကိမ္ေျမာက္အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ အဲဒီလုိအေကာင္းဆုံးဂိုးဖန္တီးေပးခဲ့တဲ့အျပင္ ယူႏိုက္တက္ပရိသတ္ေတြ သူ႕ကုိပိုမိုခ်စ္ခင္လာေအာင္ လုပ္ေဆာင္ျပခဲ့ၿပီး ဒုတိယပိုင္းမွာ ကြင္းေဘးစည္းအနား စီးတီးနည္းျပ ဂြါဒီယိုလာကို တိတ္တိတ္ေနဖို႔ အမူအရာနဲ႔ လုပ္ျပခဲ့တာပါ။
စပိန္ႏိုင္ငံသား ဂြါဒီယိုလာကို ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ ဘာေတြေျပာလုိက္လဲဆုိတာ ရွင္းရွင္းမသိရေပမယ့္ သူ႔ပါးစပ္အေပၚ လက္ညႇိဳးတင္ကာ ႐ွဴးတိုးတုိး တိတ္တိတ္ေနဆိုတဲ့အမူအရာ လုပ္ျပခဲ့တာပါ။
အဲဒီပဲြမတုိင္ခင္မွာ စီးတီးနည္းျပ ဂြါဒီယိုလာက ယူႏိုက္တက္ကို ဖာနန္ဒက္စ္မေရာက္ခင္ မိမိတုိ႔အသင္းအေနနဲ႔ သူ႕ကို ေခၚယူဖုိ႔ တစ္ခါမွစိတ္၀င္စားခဲ့ဖူးျခင္းမရွိေၾကာင္း ဆုိခဲ့ပါေသးတယ္။