ယူနိုက်တက်ပရိသတ်တွေကို တောင်းပန်စကားပြောဖို့ အက်ဗ်ရန်ဂလေဇာ ငြင်းဆန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဝင်တစ်ဦးဖြစ်တဲ့ အက်ဗ်ရန်ဂလေဇာဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့တာနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေကို တောင်းပန်စကားပြောဖို့ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အမေရိကန်လူမျိုး စီးပွားရေးသမား၊ သန်းကြွယ်သူဌေးဖြစ်သူ အက်ဗ်ရန်ဂလေဇာဟာ ညီဖြစ်တဲ့ဂျိုးလ်ဂလေဇာနဲ့အတူ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူဖြစ်ပေမယ့် အသင်းနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို အက်ဗရန်ဂလေဇာကပဲ အဓိကကိုင်တွယ်နေတာဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ပြိုင်ပွဲရဲ့ ဒုဥက္ကဌအဖြစ်တာဝန်ယူခဲ့သူ ဂျိုးဂလေဇာက ဥရောပစူပါလိဂ်ပြိုင်ပွဲနဲ့ပတ်သက်လို့ အသင်းပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပြီး ယူနိုက်တက်အသင်းပိုင်ရှင်တွေနဲ့ ပရိသတ်တွေကြားမှာ ဆက်ဆံရေးကောင်းတွေရှိဖို့ လိုအပ်နေပါတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုးဂလေဇာက အသင်းပရိသတ်တွေအပေါ် တောင်းပန်စကားဆိုခဲ့ပေမယ့်လည်း အက်ဗ်ရန်ဂလေဇာကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဆိုတာမျိုးမရှိဘူးလို့ ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ဖိအားပေးတောင်းဆိုမှုကြောင့် နောက်ပိုင်းမှာ ပြိုင်ပွဲကနေနုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ပြိုင်ပွဲကနေ ယူနိုက်တက်အသင်း နုတ်ထွက်ဖို့ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ မီဒီယာတွေက ဂျိုးဂလေဇာရဲ့တောင်းပန်စကားနဲ့ပတ်သက်လို့ အက်ဗ်ရန်ဂလေဇာရဲ့ထင်မြင်ချက်ကို မေးမြန်းခဲ့ကြပေမယ့် သူက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဥရောပစူပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ထိပ်သီး(၅)သင်းက သဘောတူညီခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် ပြိုင်ပွဲကနေ အသီးသီးနုတ်ထွက်ခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်အတွက် လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီ၊ အာဆင်နယ်အသင်းရဲ့ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသူ ကရွန်ကီတို့က သူတို့ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ကြသလို ယူနိုက်တက်အသင်းကလည်း ဂျိုးဂလေဇာကလည်း ကြေညာချက်ထုတ်ပြန်ပြီး ယူနိုက်တက်ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ပရိသတ္ေတြကို ေတာင္းပန္စကားေျပာဖို႔ အက္ဗ္ရန္ဂေလဇာ ျငင္းဆန္

မန္ခ်က္စတာယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုဝင္တစ္ဦးျဖစ္တဲ့ အက္ဗ္ရန္ဂေလဇာဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ သေဘာတူညီခဲ့တာနဲ႔ပတ္သက္ၿပီး အသင္းပရိသတ္ေတြကို ေတာင္းပန္စကားေျပာဖို႔ျငင္းဆန္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အေမရိကန္လူမ်ိဳး စီးပြားေရးသမား၊ သန္းႂကြယ္သူေဌးျဖစ္သူ အက္ဗ္ရန္ဂေလဇာဟာ ညီျဖစ္တဲ့ဂ်ိဳးလ္ဂေလဇာနဲ႔အတူ ယူႏိုက္တက္အသင္းရဲ႕ ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားသူျဖစ္ေပမယ့္ အသင္းနဲ႔သက္ဆိုင္တဲ့ကိစၥေတြကို အက္ဗရန္ဂေလဇာကပဲ အဓိကကိုင္တြယ္ေနတာျဖစ္ပါတယ္။ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲရဲ႕ ဒုဥကၠဌအျဖစ္တာဝန္ယူခဲ့သူ ဂ်ိဳးဂေလဇာက ဥေရာပစူပါလိဂ္ၿပိဳင္ပြဲနဲ႔ပတ္သက္လို႔ အသင္းပရိသတ္ေတြကို ေတာင္းပန္စကားဆိုခဲ့ၿပီး ယူႏိုက္တက္အသင္းပိုင္ရွင္ေတြနဲ႔ ပရိသတ္ေတြၾကားမွာ ဆက္ဆံေရးေကာင္းေတြရွိဖို႔ လိုအပ္ေနပါတယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဂ်ိဳးဂေလဇာက အသင္းပရိသတ္ေတြအေပၚ ေတာင္းပန္စကားဆိုခဲ့ေပမယ့္လည္း အက္ဗ္ရန္ဂေလဇာကေတာ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွေျပာဆိုတာမ်ိဳးမရွိဘူးလို႔ ၿဗိတိန္သတင္းစာ The Mirror က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ သေဘာတူညီခဲ့ေပမယ့္လည္း ပရိသတ္ေတြရဲ႕ဖိအားေပးေတာင္းဆိုမႈေၾကာင့္ ေနာက္ပိုင္းမွာ ၿပိဳင္ပြဲကေနႏုတ္ထြက္ခဲ့တာလည္းျဖစ္ပါတယ္။ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကေန ယူႏိုက္တက္အသင္း ႏုတ္ထြက္ဖို႔ေၾကညာခဲ့ၿပီး ေနာက္တစ္ရက္မွာ မီဒီယာေတြက ဂ်ိဳးဂေလဇာရဲ႕ေတာင္းပန္စကားနဲ႔ပတ္သက္လို႔ အက္ဗ္ရန္ဂေလဇာရဲ႕ထင္ျမင္ခ်က္ကို ေမးျမန္းခဲ့ၾကေပမယ့္ သူက ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ပါဘူး။ ဥေရာပစူပါလိဂ္မွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ ယူႏိုက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ထိပ္သီး(၅)သင္းက သေဘာတူညီခဲ့ၾကေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ပရိသတ္ေတြရဲ႕ကန႔္ကြက္ဆႏၵျပမႈေတြေၾကာင့္ ၿပိဳင္ပြဲကေန အသီးသီးႏုတ္ထြက္ခဲ့ရပါတယ္။

အဲဒီအျဖစ္အပ်က္အတြက္ လီဗာပူးလ္အသင္းပိုင္ရွင္ ဂြၽန္ဟင္နရီ၊ အာဆင္နယ္အသင္းရဲ႕ရွယ္ယာအမ်ားစုကို ပိုင္ဆိုင္ထားသူ က႐ြန္ကီတို႔က သူတို႔ပရိသတ္ေတြကို ျပန္လည္ေတာင္းပန္ခဲ့ၾကသလို ယူႏိုက္တက္အသင္းကလည္း ဂ်ိဳးဂေလဇာကလည္း ေၾကညာခ်က္ထုတ္ျပန္ၿပီး ယူႏိုက္တက္ပရိသတ္ေတြကို ေတာင္းပန္စကားဆိုခဲ့တာလည္းျဖစ္ပါတယ္။