ယူနိုက်တက်ပစ်မှတ် ဖာနန်ဒက်စ်ကို ခေါ်ယူပြီး ဗလန်စီယာအသင်းထံ အငှားပြန်ချဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

Photo Credit

Photo Credit

စပို့တင်းလစ္စဘွန်းအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရေး ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက အဆိုပါပေါ်တူဂီလက်ရွေးစင် ကစားသမားကို ယူနိုက်တက်ထက် ဦးအောင် ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက် ၂၅နှစ်အရွယ်ရှိ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ယူနိုက်တက်ကို ဖာနန်ဒက်စ် ရောက်ရှိရေးက မဖြစ်နိုင်တော့တဲ့သဘောမျိုးဖြစ်နေသလို ဘာစီလိုနာကလည်း ဖာနန်ဒက်စ်ကို ခေါ်ယူပြီးတာနဲ့ ချက်ချင်းအငှားပြန်ချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo Credit

Superdeporte သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဗလန်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူရေးကြိုးစားမှုမှာ အဆင်ပြေလာအောင်လို့ မက်စ်တဲလားအခြေစိုက်အသင်းကို ဖာနန်ဒက်စ်နဲ့ ဆွဲဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရိုဒရီဂိုရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖာနန်ဒက်စ်ကို အငှားနဲ့ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit

ဖာနန်ဒက်စ်ဟာ ဆောင်းရာသီဈေးကွက်ပိတ်မယ့် သောကြာနေ့မတိုင်ခင် ယူနိုက်တက်ကို ရောက်ရှိဖို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။ အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်လာတာ ကြာပြီဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ သဘောတူညီမှုမရသေးဘဲ အထူးသဖြင့် ကနဦးပြောင်းရွှေ့ကြေးညှိနှိုင်းမရဖြစ်နေတာပါ။

Photo Credit

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ စပို့တင်းအတွက် ပြိုင်ပွဲစုံ ၂၈ပွဲကစား ၁၅ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ဂျော့ချ်ဆီလက်စ်ကလည်း သူတို့ရဲ့အသင်းခေါင်းဆောင်အနေနဲ့ အသင်းအတွက် နောက်ဆုံးပွဲကစားပြီးသွားပြီလားဆိုတာ မိမိလည်း အတိအကျမသိကြောင်း ဝန်ခံထားပါတယ်။

Photo Credit

Zawgyi

ယူႏုိက္တက္ပစ္မွတ္ ဖာနန္ဒက္စ္ကို ေခၚယူၿပီး ဗလန္စီယာအသင္းထံ အငွားျပန္ခ်ဖို႔ စီစဥ္ေနတဲ့ ဘာစီလုိနာ

စပို႔တင္းလစၥဘြန္းအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူေရး ႀကိဳးစားေနတဲ့ ယူႏုိက္တက္အတြက္ ထုိးႏွက္ခ်က္တစ္ရပ္အျဖစ္ လာလီဂါခ်န္ပီယံ ဘာစီလုိနာအသင္းက အဆုိပါေပၚတူဂီလက္ေရြးစင္ ကစားသမားကို ယူႏုိက္တက္ထက္ ဦးေအာင္ ေခၚယူဖို႔ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ အသက္ ၂၅ႏွစ္အရြယ္ရွိ ဖာနန္ဒက္စ္ကို ေခၚယူႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနၿပီး ယူႏိုက္တက္ကို ဖာနန္ဒက္စ္ ေရာက္ရွိေရးက မျဖစ္ႏိုင္ေတာ့တဲ့သေဘာမ်ိဳးျဖစ္ေနသလုိ ဘာစီလိုနာကလည္း ဖာနန္ဒက္စ္ကို ေခၚယူၿပီးတာနဲ႔ ခ်က္ခ်င္းအငွားျပန္ခ်ဖို႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။
Superdeporte သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ဗလန္စီယာတိုက္စစ္မွဴး ႐ိုဒရီဂိုကို ေခၚယူေရးႀကိဳးစားမႈမွာ အဆင္ေျပလာေအာင္လုိ႔ မက္စ္တဲလားအေျခစုိက္အသင္းကို ဖာနန္ဒက္စ္နဲ႔ ဆြဲေဆာင္ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ႐ိုဒရီဂိုရဲ႕အေျပာင္းအေရႊ႕မွာ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ဖာနန္ဒက္စ္ကို အငွားနဲ႔ အလိုက္ေပးကမ္းလွမ္းဖြယ္ရွိေနပါတယ္။
ဖာနန္ဒက္စ္ဟာ ေဆာင္းရာသီေစ်းကြက္ပိတ္မယ့္ ေသာၾကာေန႔မတုိင္ခင္ ယူႏုိက္တက္ကို ေရာက္ရွိဖို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚေနပါတယ္။ အေျပာင္းအေရႊ႕အတြက္ အသင္းႏွစ္သင္းၾကား ေဆြးေႏြးမႈေတြ ျပဳလုပ္လာတာ ၾကာၿပီျဖစ္ေပမယ့္ ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္လုိ႔ သေဘာတူညီမႈမရေသးဘဲ အထူးသျဖင့္ ကနဦးေျပာင္းေရႊ႕ေၾကးညႇိႏိႈင္းမရျဖစ္ေနတာပါ။
ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ဒီရာသီမွာ စပုိ႔တင္းအတြက္ ၿပိဳင္ပြဲစုံ ၂၈ပြဲကစား ၁၅ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၄ႀကိမ္အထိ ျပဳလုပ္ေပးထားပါတယ္။ စပို႔တင္းလစၥဘြန္းအသင္းနည္းျပ ေဂ်ာ့ခ်္ဆီလက္စ္ကလည္း သူတုိ႔ရဲ႕အသင္းေခါင္းေဆာင္အေနနဲ႔ အသင္းအတြက္ ေနာက္ဆုံးပြဲကစားၿပီးသြားၿပီလားဆုိတာ မိမိလည္း အတိအက်မသိေၾကာင္း ၀န္ခံထားပါတယ္။