ယူနိုက်တက်ပစ်မှတ် ဆန်ချိုကို ဘိုင်ယန်မြူးနစ်ထံ ဒေ့ါမွန်မရောင်းချလိုဟု ESPN ဖော်ပြ
Photo Credit
Photo Credit
ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေမရပ်နားခင်မှာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖု့ိ စိတ်ဝင်စားလာခဲ့ပေမယ့် ဒေါ့မွန်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကို ပြည်တွင်းပြိုင်ဘက်အသင်းထံ ရောင်းချဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။
Photo Credit
အင်္ဂလန်လက်ရွေးစင် ဆန်ချိုရဲ့လက်ရှိစာခုျုပ်သက်တမ်းက ၂၀၂၂ နွေရာသီမှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဒေါ့မွန်အသင်းအနေနဲ့ သင့်တင့်မျှတတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် ဆန်ချိုကို ထုတ်ရောင်းဖွယ်ရှိနေပါတယ်။
Photo Credit
လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းကြီးတွေရဲ့ငွေကြေးသုံးစွဲမှု ထိခိုက်လာမှာသေချာပေမယ့် ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဒေါ့မွန်အနေနဲ့ ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ အထိ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Photo Credit
ဘိုင်ယန်က စီးတီးတောင်ပံကစားသမား ဆာနေးကို မခေါ်ယူနိုင်ရင် အရန်သင့်ခေါ်ယူမှုအဖြစ် အသက် ၂၀အရွယ်ရှိ ဆန်ချိုကို ခေါ်ယူဖို့ စီစဉ်လာတာဖြစ်ပြီး ဂျာမနီလက်ရွေးစင် ဆာနေးကလည်း သြဂုတ်လက ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအချိန်အထိ ပြန်လည်မကစားနိုင်သေးပါဘူး။
Photo Credit
ဒါပေမဲ့ ဒေါ့မွန်ဟာ ဒီတစ်ခါတော့ ဘိုင်ယန်အသင်းထံ သူတို့ရဲ့အကောင်းဆုံးကစားသမားကို အဆုံးရှုံးမခံလိုတော့ဘဲ ပြည်ပကလပ်အသင်းတွေကိုသာ ရောင်းချလိုနေတယ်လု့ိ အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါတယ်။ ဒေါ့မွန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လီဝန်ဒေါစကီး၊ ဂေါ့ဇီနဲ့ ဟမ်းမဲလ်တို့လို အဓိကကြယ်ပွင့်တွေကို ဘိုင်ယန်အသင်းထံ ထွက်ခွာခွင့်ပြုခဲ့ရပါတယ်။
Photo Credit
Zawgyi
ယူနိုက်တက်ပစ်မှတ် ဆန်ချိုကို ဘိုင်ယန်မြူးနစ်ထံ ဒေါ့မွန်မရောင်းချလိုဟု ESPN ဖော်ပြ
ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေမရပ်နားခင်မှာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပေမယ့် ဒေါ့မွန်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကို ပြည်တွင်းပြိုင်ဘက်အသင်းထံ ရောင်းချဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင် ဆန်ချိုရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ နွေရာသီမှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဒေါ့မွန်အသင်းအနေနဲ့ သင့်တင့်မျှတတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် ဆန်ချိုကို ထုတ်ရောင်းဖွယ်ရှိနေပါတယ်။