ယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ဂိုဟက်ဇ်ကာ ဘိုင်ယန်မြူးနစ်အသင်းနဲ့စာချုပ်သက်တမ်းတိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်အသင်းက ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဂိုဟက်ဇ်ကာဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မျှော်လင့်ချက်အဆုံးသတ်ခဲ့ရပါပြီ။

ရီးယဲလ်အသင်းရဲ့ပစ်မှတ်ထားခံခဲ့ဖူးတဲ့ ဂျာမန်လက်ရွေးစင်ကွင်းလယ်လူဂိုဟက်ဇ်ကာဟာ အခုဆိုရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ (၅)နှစ်စာချုပ်သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဂိုဟက်ဇ်ကာရဲ့စာချုပ်က အခုရာသီကုန်ကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ယူနိုက်တက်အသင်းက သူ့ကိုအလွတ်နဲ့ခေါ်ယူနိုင်ဖို့မျှော်လင့်နေပေမယ့် ဂိုဟက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာသာ ဆက်ကစားဖို့ဆုံးဖြတ်ခဲ့ပြီး

(၅)နှစ်သက်တမ်းတိုးခဲ့သလို အဲဒီစာချုပ်တန်ဖိုးက (၁)နှစ်ကို ပေါင်(၁၀)သန်းကနေ ပေါင်(၁၂.၈)သန်းအကြားရှိနိုင်တယ်လို့ Goal ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် ဂိုဟက်ဇ်ကာက “အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ ပြီးခဲ့တဲ့(၃)နှစ်ကျော်ကာလအတွင်း ကျွန်တော်တို့အသင်းဟာ ရှိသမျှဆုဖလားတွေအားလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီလို အောင်မြင်မှုမျိုး ထပ်ပြီးရယူနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေ့ါ။

လာမယ့်နှစ်တွေမှာလည်း အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ဆက်ရှိနေအောင် ကြိုးစားတည်ဆောက်သွားမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းမှာသာမက ဒီပတ်ဝန်းကျင်မှာ ထိတွေ့ဆက်ဆံရတဲ့သူတွေဟာ ပရော်ဖက်ရှင်နယ်ပီသသူတွေဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေးဆက်ဆံကြသူတွေဖြစ်ပါတယ်။

အဲဒီအချက်ကလည်း ကျွန်တော်တို့အသင်း အခုလိုအောင်မြင်မှုရနေတဲ့အကြောင်းတရားတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ”လို့ပြောကြားခဲ့ပါတယ်။

ဂိုဟက်ဇ်ကာဟာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လတုန်းက ရှော်လ်ကေးအသင်းကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကစားသမားဘဝ (၃)နှစ်တာကာလအတွင်း ဘွန်ဒစ်လီဂါ(၃)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအဝင် အဓိကဆုဖလားတွေအများကြီးရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ပစ္မွတ္ထားေနတဲ့ ဂိုဟက္ဇ္ကာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုး

မန္ခ်က္စတာယူႏိုက္အသင္းက ေခၚယူဖို႔ပစ္မွတ္ထားေနတဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူဂိုဟက္ဇ္ကာဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္အဆုံးသတ္ခဲ့ရပါၿပီ။ ရီးယဲလ္အသင္းရဲ႕ပစ္မွတ္ထားခံခဲ့ဖူးတဲ့ ဂ်ာမန္လက္ေ႐ြးစင္ကြင္းလယ္လူဂိုဟက္ဇ္ကာဟာ အခုဆိုရင္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၂၀၂၆ ခုႏွစ္အထိ (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္တာျဖစ္ပါတယ္။ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂိုဟက္ဇ္ကာရဲ႕စာခ်ဳပ္က အခုရာသီကုန္က်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းက သူ႔ကိုအလြတ္နဲ႔ေခၚယူႏိုင္ဖို႔ေမွ်ာ္လင့္ေနေပမယ့္ ဂိုဟက္ဇ္ကာဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာသာ ဆက္ကစားဖို႔ဆုံးျဖတ္ခဲ့ၿပီး (၅)ႏွစ္သက္တမ္းတိုးခဲ့သလို အဲဒီစာခ်ဳပ္တန္ဖိုးက (၁)ႏွစ္ကို ေပါင္(၁၀)သန္းကေန ေပါင္(၁၂.၈)သန္းအၾကားရွိႏိုင္တယ္လို႔ Goal ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးတဲ့ေနာက္ ဂိုဟက္ဇ္ကာက “အသင္းနဲ႔ ၂၀၂၆ ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့လို႔ ကြၽန္ေတာ္ဝမ္းေျမာက္မိပါတယ္။ ၿပီးခဲ့တဲ့(၃)ႏွစ္ေက်ာ္ကာလအတြင္း ကြၽန္ေတာ္တို႔အသင္းဟာ ရွိသမွ်ဆုဖလားေတြအားလုံး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အဲဒီလို ေအာင္ျမင္မႈမ်ိဳး ထပ္ၿပီးရယူႏိုင္မယ္ဆိုရင္ေတာ့ အေကာင္းဆုံးေပ့ါ။ လာမယ့္ႏွစ္ေတြမွာလည္း အသင္းကို ေအာင္ျမင္မႈလမ္းေၾကာင္းေပၚမွာ ဆက္ရွိေနေအာင္ ႀကိဳးစားတည္ေဆာက္သြားမွာပါ။ ဘိုင္ယန္ျမဴးနစ္အသင္းမွာသာမက ဒီပတ္ဝန္းက်င္မွာ ထိေတြ႕ဆက္ဆံရတဲ့သူေတြဟာ ပေရာ္ဖက္ရွင္နယ္ပီသသူေတြျဖစ္သလို တစ္ေယာက္နဲ႔တစ္ေယာက္ ေႏြးေႏြးေထြးေထြးဆက္ဆံၾကသူေတြျဖစ္ပါတယ္။ အဲဒီအခ်က္ကလည္း ကြၽန္ေတာ္တို႔အသင္း အခုလိုေအာင္ျမင္မႈရေနတဲ့အေၾကာင္းတရားေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။ ဂိုဟက္ဇ္ကာဟာ ၂၀၁၈ခုႏွစ္၊ ဇူလိုင္လတုန္းက ေရွာ္လ္ေကးအသင္းကေန ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကစားသမားဘဝ (၃)ႏွစ္တာကာလအတြင္း ဘြန္ဒစ္လီဂါ(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္အပါအဝင္ အဓိကဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့ပါတယ္