ယူနိုက်တက်နဲ့ LASK အသင်းတို့ရဲ့ပွဲစဉ်အခြေအနေ
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
တစ်ကမ္ဘာလုံးကို သောကပွေစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူနိုက်တက်နဲ့ LASK ပွဲစဉ်လည်း ပရိသတ်မပါဘဲ ကစားရမှာဖြစ်ပါတယ်။ LASK နဲ့ ယူနိုက်တက်တို့ဟာ ဒီနေ့ည(၁၂)နာရီ(၂၅)မိနစ်အချိန်မှာ ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို LASKအသင်းရဲ့ အိမ်ကွင်း Raiffeisen Arenaကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။ LASKနဲ့ယူနိုက်တက်တို့ရဲ့တွေ့ဆုံမှုဟာအရင်က တစ်ကြိမ်တစ်ခါမှတွေ့ဆုံခဲ့ဖူးခြင်းမရှိပဲ၊ ယခုတစ်ကြိမ်တွေ့ဆုံမှုဟာ သမိုင်းတစ်လျှောက်ပထမဆုံး အကြိမ်တွေ့ဆုံမှုပဲဖြစ်ပါတယ်။
photo internet
LASKဟာ ပြီးခဲ့တဲ့ (၃၂)သင်းအဆင့်မှာ ယူနိုက်တက်ရဲ့ အုပ်စုတွင်းပြိုင်ဘက် အယ်ခမာအသင်းကိုအနိုင်ယူပြီးတော့ ကျော်ဖြတ်လာခဲ့တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ LASKဟာလက်ရှိ သြစတြီးယား ဘွန်ဒက်လီဂါမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ အသင်းတစ်သင်းဖြစ် ပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာလည်း ရှုံးပွဲ (၂)ပွဲသာရှိထားခဲ့ပြီးတော့ (၇)ပွဲအထိအနိုင်ရရှိထားခဲ့တဲ့အသင်း တစ်သင်းပဲဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ခုနောက်ပိုင်းမှာ ခြေစွမ်းမှန်လာတဲ့အသင်းဖြစ်နေပါပြီ။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ပဲ နိုင်ပွဲ(၇)ပွဲအထိရရှိခဲ့တာဖြစ်ပါတယ်။ အရင်ဦးဆုံးယူနိုက်တက်ဘက်က ဒဏ်ရာရကစားသမားတွေရဲ့ အခြေအနေကိုပြောပြပေးပါမယ်။ ပေ့ါဘာကိုတော့ နောက်တစ်ပတ်မှာအသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေပါတယ်။
photo internet
ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ 26 ရက်နေ့ ကတည်းက ခြေချင်းဝတ် ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ ရတာ ကြောင့် ဒီ ရာသီ အသင်း ရဲ့ ပွဲစဉ် တွေကို ပြိုင်ပွဲစုံ 8 ပွဲသာ ကစား ပေးထား နိုင်ခဲ့ ပါတယ် ။ မန်စီးတီး အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက ဂိုးတိုင် နဲ့ ခိုက်မိ ခဲ့ပြီး ဒဏ်ရာ ပြဿနာ ကြုံတွေ့ ခဲ့တဲ့ အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် ဟာ LASK အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် ကိုလွဲချော်ရမှာဖြစ်ပါတယ်။ “တနင်္ဂနွေ နေ့ ပွဲမှာ တော့ မာရှယ် ပြန်လည် ပါဝင် ကစားပေး နိုင်ဖို့ မျှော်လင့် ပါတယ် ။ ဒါပေမယ့် သေချာပေါက် ပြောလို့ မရ နိုင်သေး ပါဘူး ။ ပေါလ်ပေါ့ဘာ ကတော့ အသင်း အတွက် ကစား ပေးနိုင် ဖို့ နီးစပ် နေ ပါပြီ ။ ဒါပေမယ့် သူဟာ အခု ထက်ထိ အသင်း နဲ့ လေ့ကျင့်ရေး အစီအစဉ် တွေကို မပြုလုပ်နိုင် သေးတဲ့ အတွက် အဆင်သင့် ဖြစ်ပြီ လို့ ပြောလို့ မရနိုင်သေး ပါဘူး ။ ဒါပေမယ့် နောက် တစ်ပတ် လောက်မှာ တော့ သူဟာ အဆင့်သင့် ဖြစ်နေ ပါ လိမ့်မယ် ။တံခါးပိတ်ကစားရပေမယ့် ကစားသမား တွေ ကတော့ အလုပ် အပေါ် ပဲ အပြည့်အဝ အာရုံစိုက် နိုင်ဖို့ ကြိုးစား နေကြ ပါတယ် ။ ဒါဟာ လူမှု ပတ်ဝန်းကျင် အတွက် ခက်ခဲ လှတဲ့ အနေအထား တစ်ရပ် ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ ကတော့ ညွှန်ကြား ခံထား ရတဲ့ အတိုင်းပဲ အလုပ်လုပ် ကြရင်း ပွဲစဉ် မှာ ရှိနေ ရပါ လိမ့်မယ် ။
photo internet
ဒါကြောင့် ကျွန်တော် တို့ဟာ ပရိသတ် မပါတဲ့ ကွင်းထဲမှာ ကိုယ်ပိုင် စိတ်ဓါတ် တက်ကြွ စရာ တွေကို ဖန်တီး ကြရ ပါ့မယ် ။ ကျွန်တော် တို့ တွေဟာ အရင်ကလည်း တံခါးပိတ် ကစား ရတဲ့ ခြေစမ်းပွဲ တွေကို ကစား ခဲ့ဖူး ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ရဲ့ ကစားသမား တွေက ပရိသတ် မပါရင်လည်း ခြေစွမ်း ပြနိုင် လိမ့်မယ် လို့ ယုံကြည် ပါတယ် ။ ပရိသတ် မပါပဲ ဒီလို ပြိုင်ပွဲ ကို ယှဉ်ပြိုင် ရတာ က ထူးဆန်း နေမှာ အသေအချာ ပါပဲ ။ ကျွန်တော် တို့ အနေနဲ့တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား သွား ကြမှာ ပါ ” လို့ နည်းပြဆိုးလ်ရှား ကပြောဆိုပါတယ်။
photo internet
သြစတီးယားကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်လူစာရင်းကတော့ ဒီဂီယာ၊ ရိုမဲရို၊ဘစ်ရှော့၊ ဝီလီယံ၊ လင်ဒီလော့ဒ်၊ မက်ဂွိုင်ယား၊ လုရှော့၊တွမ်ဇီဘီ၊ဘိုင်လီ၊ ဂိုးမက်၊ပါရဲယား၊ မာတစ်၊တိုမီနေး၊ဖာနန်ဒက်စ်၊ ဖရတ်၊ မာတာ၊ ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ဂျိမ်း၊အီဟာလို တို့ဖြစ်ပါတယ်။ လက်ခ် – ယူနိုက်တက် ပွဲစဉ်ကို ဒိုင်လူကြီးအဖြစ် ပေါ်တူဂီ ဒိုင်လူကြီး Artur Dias က ကိုင်တွယ်မှာဖြစ်ပါတယ်။ မိုက်ကယ်အိုဝင်ကတော့ ယူနိုက်တက်အနေနဲ့ LASK အသင်းကို နှစ်ဂိုး၊ဂိုးမရှိနဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ခြေလှမ်းသွက်နေတဲ့ ယူနိုက်တက်အသင်း အခုပွဲမှာလည်း ဘယ်လိုအနေအထားရှိမှာပါလဲ။ ပရိသတ်တွေရဲ့ထင်မြင်ချက်တွေကိုလည်း ဝေမျှခဲ့ကြပါအုံး။
photo internet
(Zawgyi Version)