ယူနိုက်တက်နဲ့ (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဂရင်းဝုဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ၂၀၂၅ ခုနှစ်အထိ (၄)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်သက်တမ်းပြည့်သွားရင် နောက်ထပ်(၁)နှစ်ထပ်ချုပ်သွားမယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားပြီး အခုလက်ရှိအချိန်အထိ အသင်းအတွက် (၈၂)ပွဲကစားခဲ့ပြီးပါပြီ။ ဒါ့အပြင် ဂရင်းဝုဒ်ဟာ ဒီရာသီမှာအသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲကစား၊ (၄)ဂိုးသွင်းထားသလို ပုံမှန်ပွဲထွက်ခွင့် မရသေးပေမယ့် လူစားဝင်အဖြစ် မကြာခဏ ပါဝင်ကစားနေသူလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် ဂရင်းဝုဒ်က “အသက်(၇)နှစ်အရွယ်လောက်ကတည်းက ဒီအသင်းကို ရောက်ရှိခဲ့ပြီး တစ်ချိန်မှာ စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ။ ဒီအဆင့်အထိရောက်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ရပြီး ပြီးခဲ့တဲ့(၂)နှစ်တာကာလကတော့ ကျွန်တော့်အတွက် မမေ့နိုင်စရာအချိန်တွေဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားနဲ့ တခြားနည်းပြအဖွဲ့ဝင်တွေရဲ့ ကူညီပေးမှု၊ စီနီယာကစားသမားတွေဆီကနေလည်း ပညာသင်ယူနေတာကြောင့် ကျွန်တော့်ရဲ့ခြေစွမ်းက တစ်နေ့တခြားပိုတိုးတက်လာတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့တဲ့ အသင်းအတွက်သာမက ပရိသတ်တွေအတွက်ပါ ကျွန်တော် ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်လဲဆိုတာ ပြသပြီး အကောင်းဆုံးပြန်ပေးဆပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း ဂရင်းဝုဒ်ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း၊ အကယ်ဒမီက လူငယ်ကစားသမားတွေအတွက်လည်း အတုယူစရာ ကစားသမားဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ၂၀၁၉၊ မတ်လတုန်းက PSG အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ကစားခွင့်ရခဲ့ပြီး အဲဒီအချိန်က သူ့အသက်ဟာ (၁၇)နှစ်၊ (၁၅၆)ရက်သာရှိသေးလို့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမား၊ ဥရောပပြိုင်ပွဲတွေမှာ နော်မန်ဝှိုက်ဆိုက်ဒ်နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဆိုတဲ့ မှတ်တမ်းတွေပိုင်ဆိုင်ခဲ့ပါတယ်။

ဒ့ါအပြင် ၂၀၁၉၊ စက်တင်ဘာလတုန်းက အက်စ်တာနာနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ ဂရင်းဝုဒ်ဟာ အသက်(၁၇)နှစ်၊ (၃၅၃)ရက်နဲ့ ဥရောပပြိုင်ပွဲမှာ ယူနိုက်တက်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းခဲ့သူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္နဲ႔ (၄)ႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ ဂရင္းဝုဒ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား ဂရင္းဝုဒ္ကို ၂၀၂၅ ခုႏွစ္အထိ (၄)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး အဲဒီစာခ်ဳပ္သက္တမ္းျပည့္သြားရင္ ေနာက္ထပ္(၁)ႏွစ္ထပ္ခ်ဳပ္သြားမယ္ဆိုတဲ့အခ်က္လည္း ပါဝင္ခဲ့ပါတယ္။ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ ဥေရာပၿပိဳင္ပြဲမွာ အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ထားၿပီး အခုလက္ရွိအခ်ိန္အထိ အသင္းအတြက္ (၈၂)ပြဲကစားခဲ့ၿပီးပါၿပီ။ ဒါ့အျပင္ ဂရင္းဝုဒ္ဟာ ဒီရာသီမွာအသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၉)ပြဲကစား၊ (၄)ဂိုးသြင္းထားသလို ပုံမွန္ပြဲထြက္ခြင့္ မရေသးေပမယ့္ လူစားဝင္အျဖစ္ မၾကာခဏ ပါဝင္ကစားေနသူလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးတဲ့ေနာက္ ဂရင္းဝုဒ္က “အသက္(၇)ႏွစ္အ႐ြယ္ေလာက္ကတည္းက ဒီအသင္းကို ေရာက္ရွိခဲ့ၿပီး တစ္ခ်ိန္မွာ စီနီယာအသင္းအတြက္ ပါဝင္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ဒီအဆင့္အထိေရာက္ေအာင္ ကြၽန္ေတာ္ အစြမ္းကုန္ႀကိဳးစားခဲ့ရၿပီး ၿပီးခဲ့တဲ့(၂)ႏွစ္တာကာလကေတာ့ ကြၽန္ေတာ့္အတြက္ မေမ့ႏိုင္စရာအခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ ဆိုးလ္ရွားနဲ႔ တျခားနည္းျပအဖြဲ႕ဝင္ေတြရဲ႕ ကူညီေပးမႈ၊ စီနီယာကစားသမားေတြဆီကေနလည္း ပညာသင္ယူေနတာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ေျခစြမ္းက တစ္ေန႔တျခားပိုတိုးတက္လာတယ္လို႔ ထင္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကြၽန္ေတာ့္ကို ယုံၾကည္မႈေပးခဲ့တဲ့ အသင္းအတြက္သာမက ပရိသတ္ေတြအတြက္ပါ ကြၽန္ေတာ္ ဘယ္ေလာက္အထိ စြမ္းေဆာင္ျပႏိုင္လဲဆိုတာ ျပသၿပီး အေကာင္းဆုံးျပန္ေပးဆပ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကလည္း ဂရင္းဝုဒ္ဟာ အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္း၊ အကယ္ဒမီက လူငယ္ကစားသမားေတြအတြက္လည္း အတုယူစရာ ကစားသမားျဖစ္ေၾကာင္း ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

ဂရင္းဝုဒ္ဟာ၂၀၁၉၊ မတ္လတုန္းက PSG အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းႀကီးအတြက္ ပထမဆုံးအႀကိမ္ကစားခြင့္ရခဲ့ၿပီး အဲဒီအခ်ိန္က သူ႔အသက္ဟာ (၁၇)ႏွစ္၊ (၁၅၆)ရက္သာရွိေသးလို႔ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးကစားသမား၊ ဥေရာပၿပိဳင္ပြဲေတြမွာ ေနာ္မန္ဝႈိက္ဆိုက္ဒ္ေနာက္ပိုင္း ယူႏိုက္တက္အသင္းရဲ႕ ဒုတိယေျမာက္အသက္အငယ္ဆုံးကစားသမားဆိုတဲ့ မွတ္တမ္းေတြပိုင္ဆိုင္ခဲ့ပါတယ္။ ဒ့ါအျပင္ ၂၀၁၉၊ စက္တင္ဘာလတုန္းက အက္စ္တာနာနဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့လို႔ ဂရင္းဝုဒ္ဟာ အသက္(၁၇)ႏွစ္၊ (၃၅၃)ရက္နဲ႔ ဥေရာပၿပိဳင္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ အသက္အငယ္ဆုံး ဂိုးသြင္းခဲ့သူအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။