ယူနိုက်တက်နဲ့ ဝုဗ်လ်ပွဲစဉ်အတွက် သုံးသပ်ချက်များ…..

photo internet

အပြောင်းအရွှေ့ကိစ္စတွေပြီးဆုံးသွားချိန်မှာတော့ ယူနိုက်တက်ပရိသတ်တွေမျှော်လင့်ခဲ့တဲ့ ဖာနန်ဒက်စ်တစ်ယောက်ကတော့ သရဲနီတပ်သားဖြစ်လာခဲ့ပါပြီ။ ဒီနေ့ညမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အဖြစ် ဝုဗ်ဗာဟမ်တန်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားသွားမှာပဲဖြစ်ပါတယ်။ အဲဒီပွဲမှာ သရဲနီတပ်သားသစ်လေး ဖာနန်ဒက်စ်တစ်ယောက်ပါဝင်လာ မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ဝုဗ်တို့ရဲ့တွေ့ဆုံမှုဟာဒီရာသီအတွင်း (၄)ကြိမ်မြောက်အဖြစ်တွေ့ဆုံ တာပဲဖြစ်ပါတယ်။ ပထမ(၃)ကြိမ် ကစားခဲ့စဉ်တုန်းက (၂)ပွဲသရေကျခဲ့ပြီး ယူနိုက်တက်အသင်းက (၁)ပွဲအနိုင်ရထားခဲ့တာဖြစ်ပါတယ်။

photo internet

ဝုဗ်လ်အသင်းနဲ့ပွဲစဉ်မတိုင်မှီမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဘရူနို ရဲ့ ကြံခိုင်ရေးအပြင် အခြားကစားသမားတွေရဲ့ အခြေအနေတွေကိုပါရှင်းလင်းပြောပြလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက်ဖာနန်ဒက်စ်ကိုခေါ်ယူအားဖြည့်ထားပြီးဖြစ်တာကြောင့် ကွင်းလယ်ပိုင်းက အရင်ကထက်စာရင်ပိုပြီးကောင်းလာဖို့ရှိနေသလို တိုက်စစ်ပိုင်းအတွက်လည်းဂိုးဖန်တီးမှုတွေ အများအပြားပြုလုပ်လာနိုင်ဖွယ်ရှိပါတယ်။ “ဖာနန်ဒက်စ်ကကြံခိုင်မှု့ အပြည့်ပါပဲ။ သူသေချာပေါက် လူစာရင်းမှာပါဝင်လာပါလိမ့်မယ်။အခုတော့သူလေ့ကျင့်ခန်းဆင်းနေပါတယ်။ ဒီရက်ပိုင်း ကတော့သူ့အတွက် ပင်ပန်းတဲ့နေ့တွေပါပဲ။ပြီးခဲ့တဲ့ရက်ကလည်း သူ့သမီးလေးရဲ့သုံးနှစ်ပြည့်မွေးနေ့ပွဲရှိခဲ့ပါတယ်။ ဝုဗ်လ်နဲ့ပွဲမှာသူဘယ်လောက်ထိပါဝင်နိုင်မလဲဆိုတာတော့သေချာမပြောနိုင်ဘူး။ ဒါပေမယ့် လူစာရင်းထဲမှာတော့ သူပါပါတယ်”ဆိုပြီး နည်းပြဆိုးလ်ရှားက ပြောပါတယ်။

photo internet

ယူနိုက်တက်တို့ဟာပြီးခဲ့တဲ့ရက်ကလည်းမြို့ခံပြိုင်ဘက်မန်စီးတီးကိုအဝေးကွင်းမှာအနိုင်ယူထားခဲ့တာကြောင့်အသင်းလိုက်ယုံကြည်မှုကလည်းမြင့်တက်လျက်ရှိနေပါတယ်။ဝုဗ်လ်အသင်းကတော့ထရာအိုရေးတစ်ယောက်သာရှိနေတာဖြစ်ပြီး၊(၂၀၂၀)အတွင်းကစားခဲ့တဲ့ (၆)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရှိထားသေးတာဖြစ်ပြီး၊ (၂၀၂၀)အတွင်းမှာ ရလဒ်ပိုင်းတွေကျဆင်းနေပါတယ်။

photo internet

အခြားကစားသမားတွေနဲ့ပတ်သက်လို့တော့ နည်းပြဆိုးလ်ရှားက အခုလိုပြောပါတယ်။ “မာတစ်က အရမ်းကောင်းအောင်ကစားပြနိုင်ခဲ့တာပါ။သူ့နေရာကိုပြန်ပြီးအစားထိုးဖို့ကျွန်တော်တို့ကြိုးစားရပါမယ်။ မားကိုစ်ရိုဂျိုကပွဲကစားခွင့်ရဖို့လိုအပ်နေတာပါ။သူက ကိုပါအမေရိကမှာ ဝင်ရောက်ကစားချင်နေ တာပါ။ဒါကြောင့်လည်းကျွန်တော်တို့ကသူ့ကိုအခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဗာရွန်က သူ့ကိုသေချာဂရုစိုက်ပြီး ပွဲထွက်ခွင့်ပေးမှာမလို့ မားကိုစ့်ရိုဂျို အစစ်အမှန်ကိုပြန်လည်မြင်တွေ့ရပါလိမ့်မယ်။ ဂျိမ်စ်းဂါနာနဲ့ ဂိုးမတ်ဇ်တို့အတွက် ပွဲကစားချိန်တွေလိုအပ်နေပါတယ်။သူတို့ U23 နဲ့အတူ Carrow Road မှာ နော်ဝှခ်ျ အသင်းကိုသွားရောက်ရင်ဆိုင်ပါလိမ့်မယ်။ ပေါဂ့်ဘာ၊တော်မနေးတို့ကတော့လာမယ့် ရာသီဝက်နားရက်ပြီးမှသာပြန်လည်ပါဝင်နိုင်မှာဖြစ်ပြီးတော့ ရက်ရှ်ဖို့ ကတော့ မတ်လဆန်းထိပြန်လည် မပါဝင်နိုင်သေးဘူး”ဆိုပြီးပြောပါတယ်။

photo internet

ယူနိုက်တက်နဲ့ဝုဗ်လ်ပွဲစဉ်ကို အချုပ်အားဖြင့်သုံးသပ်ရမယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ FA ဖလားနဲ့ EFL ဖလားပွဲစဉ်တို့မှာတော့ သူတို့ဟာ နိုင်ပွဲတွေ ပြန်လည်ရရှိထားပါတယ်။ ဒါ့အပြင် ဒီအပတ်မှာတော့ ကစားသမားအသစ် ဘရူနိုဖာနန်ဒက်စ်ကိုလည်း မိနစ်အနည်းငယ်လောက် တွေ့မြင်ရဖွယ် ရှိနေပါတယ်။ ဝုဗ်လ်အသင်းကတော့ တိုက်စစ် ခံစစ်မျှတတဲ့အသင်း ဖြစ်ပါတယ်။ သူတို့ဟာ အသင်းကြီးတွေနဲ့ တွေ့ရင်လည်း ပိုမိုကောင်းမွန်သွားတတ်တဲ့အသင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ၂ သင်း တွေ့ချိန်တိုင်းမှာလည်း ဂိုးနည်းတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် ဒီအပတ်မှာလည်း နှစ်သင်းပေါင်း ဂိုးနည်းနည်းကိုပဲ တွေ့မြင်ရဖွယ်ရှိနေပါတယ်။ ဒါ့အပြင် အိမ်ကွင်းဖြစ်တဲ့အတွက် ယူနိုက်တက်တို့ အနိုင်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက် ဖာနန်ဒက်စ်ရဲ့ခြေစွမ်းကိုလည်းစောင့်ကြည့်ရမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေမျှော်လင့်ထားသလို ဖြစ်မဖြစ်နဲ့ပွဲရဲ့အဆုံးသတ်ရလဒ်ကဘယ်လိုဖြစ်မလဲဆိုတာမကြာမီအ ဖြေထွက်ပါတော့မယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ ၀ုဗ္လ္ပြဲစဥ္အတြက္ သုံးသပ္ခ်က္မ်ား…..

အေျပာင္းအေရႊ႕ကိစၥေတြၿပီးဆုံးသြားခ်ိန္္မွာေတာ့ ယူႏို္က္တက္ပရိသတ္ေတြေမွ်ာ္လင့္ခဲ့တဲ့ ဖာနန္ဒက္စ္တစ္ေယာက္ကေတာ့ သရဲနီတပ္သားျဖစ္လာခဲ့ပါၿပီ။ ဒီေန႔ညမွာေတာ့ ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၂၅)အျဖစ္ ၀ုဗ္ဗာဟမ္တန္အသင္းကို အိ္မ္ကြင္းအိုးထရက္ဖို႕ဒ္မွာ လက္ခံ ကစားသြားမွာပဲျဖစ္ပါတယ္။ အဲဒီပြဲမွာ သရဲနီတပ္သားသစ္ေလး ဖာနန္ဒက္စ္တစ္ေယာက္ပါ၀င္လာ မွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ၀ုဗ္တို႔ရဲ႕ေတြ႔ဆံုမႈဟာဒီရာသီအတြင္း (၄)ၾကိမ္ေျမာက္အျဖစ္ေတြ႔ဆံု တာပဲျဖစ္ပါတယ္။ ပထမ(၃)ၾကိမ္ ကစားခဲ့စဥ္တုန္းက (၂)ပြဲသေရက်ခ့ဲျပီး ယူႏိုက္တက္အသင္းက (၁)ပြဲအႏိုင္ရထားခ့ဲတာျဖစ္ပါတယ္။

ဝုဗ္လ္အသင္းနဲ႔ပြဲစဥ္မတိုင္မွီမွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ဘ႐ူႏို ရဲ႕ ႀကံခိုင္ေရးအျပင္ အျခားကစားသမားေတြရဲ႕ အေျခအေနေတြကိုပါရွင္းလင္းေျပာျပလာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ကြင္းလယ္ပိုင္းအတြက္ဖာနန္ဒက္စ္ကိုေခၚယူအားျဖည့္ထားျပီးျဖစ္တာေၾကာင့္ ကြင္းလယ္ပိုင္းက အရင္ကထက္စာရင္ပိုျပီးေကာင္းလာဖို႔ရွိိေနသလို တိုက္စစ္ပိုင္းအတြက္လည္းဂိုးဖန္တီးမႈေတြ အမ်ားအျပားျပဳလုပ္လာႏိုင္ဖြယ္ရိွပါတယ္။ “ဖာနန္ဒက္စ္ကႀကံခိုင္မႈ႕ အျပည့္ပါပဲ။ သူေသခ်ာေပါက္ လူစာရင္းမွာပါဝင္လာပါလိမ့္မယ္။အခုေတာ့သူေလ့က်င့္ခန္းဆင္းေနပါတယ္။ ဒီရက္ပိုင္း ကေတာ့သူ႔အတြက္ ပင္ပန္းတဲ့ေန႔ေတြပါပဲ။ၿပီးခဲ့တဲ့ရက္ကလည္း သူ႔သမီးေလးရဲ႕သုံးႏွစ္ျပည့္ေမြးေန႔ပြဲရိွခဲ့ပါတယ္။ ၀ုဗ္လ္နဲ႔ပြဲမွာသူဘယ္ေလာက္ထိပါဝင္ႏိုင္မလဲဆိုတာေတာ့ေသခ်ာမေျပာႏိုင္ဘူး။ ဒါေပမယ့္ လူစာရင္းထဲမွာေတာ့ သူပါပါတယ္”ဆိုၿပီး နည္းျပဆိုးလ္ရွားက ေျပာပါတယ္။
ယူႏုိက္တက္တို႔ဟာျပီးခ့ဲတ့ဲရက္ကလည္းျမိဳ႕ခံျပိဳင္ဘက္မန္စီးတီးကိုအေ၀းကြင္းမွာအႏိုင္ယူထားခ့ဲတာေၾကာင့္အသင္းလုိုက္ယံုၾကည္မႈကလည္းျမင့္တက္လ်က္ရွိေနပါတယ္။၀ုဗ္လ္အသင္းကေတာ့ထရာအိုေရးတစ္ေယာက္သာရွိေနတာျဖစ္ျပီး၊(၂၀၂၀)အတြင္းကစားခ့ဲတ့ဲ (၆)ပြဲမွာ ႏိုင္ပြဲ(၁)ပြဲသာရွိထားေသးတာျဖစ္ျပီး၊ (၂၀၂၀)အတြင္းမွာ ရလဒ္ပိုင္းေတြက်ဆင္းေနပါတယ္။
အျခားကစားသမားေတြနဲ႔ပတ္သက္လို႔ေတာ့ နည္းျပဆိုးလ္ရွားက အခုလိုေျပာပါတယ္။ “မာတစ္က အရမ္းေကာင္းေအာင္ကစားျပႏိုင္ခဲ့တာပါ။သူ႔ေနရာကိုျပန္ၿပီးအစားထိုးဖို႔ကၽြန္ေတာ္တို႔ႀကိဳးစားရပါမယ္။ မားကိုစ္ရိုဂ်ဳိကပြဲကစားခြင့္ရဖို႔လိုအပ္ေနတာပါ။သူက ကိုပါအေမရိကမွာ ဝင္ေရာက္ကစားခ်င္ေန တာပါ။ဒါေၾကာင့္လည္းကၽြန္ေတာ္တို႔ကသူ႔ကိုအခြင့္အေရးေပးခဲ့တာျဖစ္ပါတယ္။ ဗာ႐ြန္က သူ႔ကိုေသခ်ာဂ႐ုစိုက္ၿပီး ပြဲထြက္ခြင့္ေပးမွာမလို႔ မားကိုစ့္႐ိုဂ်ိဳ အစစ္အမွန္ကိုျပန္လည္ျမင္ေတြ႕ရပါလိမ့္မယ္။ ဂ်ိမ္စ္းဂါနာနဲ႔ ဂိုးမတ္ဇ္တို႔အတြက္ ပြဲကစားခ်ိန္ေတြလိုအပ္ေနပါတယ္။သူတို႔ U23 နဲ႔အတူ Carrow Road မွာ ေနာ္ဝွခ္် အသင္းကိုသြားေရာက္ရင္ဆိုင္ပါလိမ့္မယ္။ ေပါဂ့္ဘာ၊ေတာ္မေနးတို႔ကေတာ့လာမယ့္ ရာသီဝက္နားရက္ၿပီးမွသာျပန္လည္ပါဝင္ႏိုင္မွာျဖစ္ၿပီးေတာ့ ရက္ရွ္ဖို႔ ကေတာ့ မတ္လဆန္းထိျပန္လည္ မပါဝင္ႏိုင္ေသးဘူး”ဆိုၿပီးေျပာပါတယ္။
ယူႏိုက္တက္နဲ႔၀ုဗ္လ္ပြဲစဥ္ကို အခ်ဳပ္အားျဖင့္သုံးသပ္ရမယ္ဆိုရင္ေတာ့ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၂ ပြဲဆက္ ရႈံးနိမ့္ထားပါတယ္။ ဒါေပမယ့္ ေနာက္ဆုံး ကစားခဲ့တဲ့ FA ဖလားနဲ႔ EFL ဖလားပြဲစဥ္တို႔မွာေတာ့ သူတို႔ဟာ ႏိုင္ပြဲေတြ ျပန္လည္ရရွိထားပါတယ္။ ဒါ့အျပင္ ဒီအပတ္မွာေတာ့ ကစားသမားအသစ္ ဘ႐ူႏိုဖာနန္ဒက္စ္ကိုလည္း မိနစ္အနည္းငယ္ေလာက္ ေတြ႕ျမင္ရဖြယ္ ရွိေနပါတယ္။ ဝုဗ္လ္အသင္းကေတာ့ တိုက္စစ္ ခံစစ္မွ်တတဲ့အသင္း ျဖစ္ပါတယ္။ သူတို႔ဟာ အသင္းႀကီးေတြနဲ႔ ေတြ႕ရင္လည္း ပိုမိုေကာင္းမြန္သြားတတ္တဲ့အသင္းပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ ၂ သင္း ေတြ႕ခ်ိန္တိုင္းမွာလည္း ဂိုးနည္းတာကို ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ ဒီအပတ္မွာလည္း ႏွစ္သင္းေပါင္း ဂိုးနည္းနည္းကိုပဲ ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ အိမ္ကြင္းျဖစ္တဲ့အတြက္ ယူႏိုက္တက္တို႔ အႏိုင္ရဖြယ္ရိွေနပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ဖာနန္ဒက္စ္ရဲ႕ေျခစြမ္းကိုလည္းေစာင့္ၾကည့္ရမယ့္ပြဲတစ္ပြဲျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြေမွ်ာ္လင့္ထားသလိုျဖစ္မျဖစ္နဲ႔ပြဲရဲ႕အဆုံးသတ္ရလဒ္ကဘယ္လိုျဖစ္မလဲဆုိတာမၾကာမီအ ေျဖထြက္ပါေတာ့မယ္။