ယူနိုက်တက်နဲ့ လီဗာပူးလ် အသင်းသား နှစ်ယောက်ကြောင့် ခေါင်းခြောက်နေရတဲ့ ဆောက်ဂိတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကလပ်အသင်းပွဲစဉ်တွေပြီးတော့ နိုင်ငံအသင်းပွဲစဉ်တွေအလှည့် ရောက်လာပါပြီ။

ကလပ်ပွဲမှာ ဒဏ်ရာရထားတဲ့ ကစားသမားတချို့ကြောင့် နိုင်ငံအသင်းက နည်းပြတွေ အခက်အခဲ အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်လည်း အပူလုံး တစ်ခုနဲ့ ကြုံနေရပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီက ဟယ်ရီမက်ဂွိုင်းယား နဲ့ ဂျော်ဒန်ဟန်ဒါဆန် တို့ ကြံ့ခိုင်မှု ပြဿနာတွေနဲ့

ရုန်းကန်နေရတာဟာ လာမယ့် European Championships မတိုင်မီ နည်းပြ ဆောက်ဂိတ် အတွက် အကြီးမားဆုံး စိတ်ပူပန်စရာ ဖြစ်နေတယ်လို့ ပြောထားပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပေါင်ခြံဒဏ်ရာ ခွဲစိတ်ထားခဲ့တာကြောင့် လက်ကျန် ဘောလုံးရာသီကို လွဲချော်ခဲ့ပြီး

မက်ဂွိုင်းယား ကတော့ မေလမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ယူရိုပါလိဂ် ဖိုင်နယ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။

ရွန်းနီက “ဆောက်ဂိတ်ဟာ ၃၃ ဦး ပဏာမ လူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

သူ့ခေါင်းထဲမှာ ယူရိုပြိုင်ပွဲကို ခေါ်သွားမယ့် ကစားသမား ၂၆ ယောက် ရှိနေလောက်ပါပြီ။

ဒဏ်ရာပြဿနာတွေဟာ ဆောက်ဂိတ်အတွက် တော့ တကယ့်ကို ခေါင်းခဲစရာပါပဲ။”

“အင်္ဂလန်ဟာ ဗိုလ်စွဲနိုင်ဖို့ အတွက် အခွင့်အရေးကောင်း တွေရှိနေပါတယ်။

ဒါပေမယ့် အဲဒီလို အောင်မြင်ဖို့ အတွက် မက်ဂွိုင်းယား နဲ့ ဟန်ဒါဆန် တို့ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ယူရိုပါလိဂ်ဖိုင်နယ် မနွှဲ နိုင်ခဲ့တဲ့ မက်ဂွိုင်းယား ရဲ့ ခြေကျင်းဝတ် ဒဏ်ရာဟာ လာမယ့် ပြိုင်ပွဲအတွက် သံသယ ဖြစ်စရာပါ။

ဂျော်ဒန်ကလည်း ပေါင်ခြံဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက မကစားနိုင်ခဲ့ပါဘူး။

အဲဒီကစားသမား ၂ ဦးက အင်္ဂလန် အသင်း အားထားရာပါ။

သူတို့ အပြင်ဟယ်ရီကိန်း ကလည်း အင်္ဂလန် အသင်းရဲ့ဒေါက်တိုင်ပါပဲ။”

“ဒါပေမယ့် တစ်ဖက်မှာ ဖိုဒန် ၊ ဂရီလစ်ချ် ၊ မောင့် နဲ့ ရပ်ဖို့ဒ် တို့အတွက် အရည်အသွေး ထုတ်ဖော်ခွင့် ရလာနိုင်ပါတယ်။

ဂျော်ဒန် နဲ့ မက်ဂွိုင်းယားတို့ဟာ အခြား ကစားသမားတွေ အားကိုးအားထားရမယ့် သူတွေ ဖြစ်တာကြောင့် ဆောက်ဂိတ် သေချာတော့စဉ်းစားမှာပါ” ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္နဲ႔ လီဗာပူးလ္ အသင္းသား ႏွစ္ေယာက္ေၾကာင့္ ေခါင္းေျခာက္ေနရတဲ့ ေဆာက္ဂိတ္

ကလပ္အသင္းပြဲစဥ္ေတြၿပီးေတာ့ ႏိုင္ငံအသင္းပြဲစဥ္ေတြအလွည့္ ေရာက္လာပါၿပီ။ ကလပ္ပြဲမွာ ဒဏ္ရာရထားတဲ့ ကစားသမားတခ်ိဳ႕ေၾကာင့္ ႏိုင္ငံအသင္းက နည္းျပေတြ အခက္အခဲ အနည္းနဲ႔ အမ်ားေတာ့ ရွိႏိုင္ပါတယ္။ အဂၤလန္နည္းျပ ေဆာက္ဂိတ္လည္း အပူလုံး တစ္ခုနဲ႔ ႀကဳံေနရပါတယ္။

ယူႏိုက္တက္ ကစားသမားေဟာင္း ဝိန္း႐ြန္းနီက ဟယ္ရီမက္ဂြိဳင္းယား နဲ႔ ေဂ်ာ္ဒန္ဟန္ဒါဆန္ တို႔ ႀကံ့ခိုင္မႈ ျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတာဟာ လာမယ့္ European Championships မတိုင္မီ နည္းျပ ေဆာက္ဂိတ္ အတြက္ အႀကီးမားဆုံး စိတ္ပူပန္စရာ ျဖစ္ေနတယ္လို႔ ေျပာထားပါတယ္။

ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ေပါင္ၿခံဒဏ္ရာ ခြဲစိတ္ထားခဲ့တာေၾကာင့္ လက္က်န္ ေဘာလုံးရာသီကို လြဲေခ်ာ္ခဲ့ၿပီး မက္ဂြိဳင္းယား ကေတာ့ ေမလမွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းက ယူ႐ိုပါလိဂ္ ဖိုင္နယ္မွာ မပါဝင္ႏိုင္ခဲ့ပါဘူး။

႐ြန္းနီက “ေဆာက္ဂိတ္ဟာ ၃၃ ဦး ပဏာမ လူစာရင္းကို ထုတ္ျပန္ခဲ့ပါတယ္။ သူ႔ေခါင္းထဲမွာ ယူ႐ိုၿပိဳင္ပြဲကို ေခၚသြားမယ့္ ကစားသမား ၂၆ ေယာက္ ရွိေနေလာက္ပါၿပီ။ ဒဏ္ရာျပႆနာေတြဟာ ေဆာက္ဂိတ္အတြက္ ေတာ့ တကယ့္ကို ေခါင္းခဲစရာပါပဲ။ အဂၤလန္ဟာ ဗိုလ္စြဲႏိုင္ဖို႔ အတြက္ အခြင့္အေရးေကာင္း ေတြရွိေနပါတယ္။ ဒါေပမယ့္ အဲဒီလို ေအာင္ျမင္ဖို႔ အတြက္ မက္ဂြိဳင္းယား နဲ႔ ဟန္ဒါဆန္ တို႔ ႀကံ့ခိုင္မႈ ျပည့္ဝေနဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”

“ယူ႐ိုပါလိဂ္ဖိုင္နယ္ မႏႊဲႏိုင္ခဲ့တဲ့ မက္ဂြိဳင္းယား ရဲ႕ ေျခက်င္းဝတ္ ဒဏ္ရာဟာ လာမယ့္ ၿပိဳင္ပြဲအတြက္ သံသယ ျဖစ္စရာပါ။ ေဂ်ာ္ဒန္ကလည္း ေပါင္ၿခံဒဏ္ရာေၾကာင့္ ေဖေဖာ္ဝါရီလကတည္းက မကစားႏိုင္ခဲ့ပါဘူး။ အဲဒီကစားသမား ၂ ဦးက အဂၤလန္အသင္း အားထားရာပါ။ သူတို႔ အျပင္ဟယ္ရီကိန္း ကလည္း အဂၤလန္ အသင္းရဲ႕​ေဒါက္တိုင္ပါပဲ။”

“ဒါ​ေပမယ့္ တစ္ဖက္မွာ ဖိုဒန္ ၊ ဂရီလစ္ခ်္ ၊ ေမာင့္ နဲ႔ ရပ္ဖို႔ဒ္တို႔အတြက္ အရည္အေသြး ထုတ္ေဖာ္ခြင့္ ရလာႏိုင္ပါတယ္။ေဂ်ာ္ဒန္ နဲ႔ မက္ဂြိဳင္းယားတို႔ဟာ အျခား ကစားသမားေတြ အားကိုးအားထားရမယ့္ သူေတြ ျဖစ္တာ​ေၾကာင့္ ​ေဆာက္ဂိတ္ ​ေသခ်ာ​ေတာ့စဥ္းစားမွာပါ” ဆိုၿပီး ​ေျပာထားပါတယ္။