ယူနိုက်တက်နဲ့ ရင်ဘတ်စပွန်ဆာ TeamViewer 2026 ကုန်တာနဲ့ လမ်းခွဲမယ်

လက်ရှိယူနိုက်တက်ရင်ဘတ်စပွန်ဆာ TeamViewer က (2026)ခုနှစ်

ကုန်တာနဲ့ စာချုပ်သက်တမ်းတိုးတော့ မှာမဟုတ်ဘဲ ယူနိုက်တက်နှင့်

လမ်းခွဲမှာ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ တစ်နှစ်စပွန်ဆာတန်ဖိုး

ပေါင်(47)သန်းရှိတဲ့ TeamViewer ဘက်က အဲဒီလို ကြေညာမှုကို

ယူနိုက်တက်ဘက်မှ စိတ်သက်သာမှုရှိပြီး TeamViewer နှင့် လမ်းခွဲပြီးပါက

သူ့ထက်စပွန်ဆာ ကြေးမြင့်တဲ့ ကုမ္ပဏီ နှင့်လက်တွဲနိုင်ဖို့ ယူနိုက်တက်ဘက်က

မျှော်လင့်ထားပါတယ်။ Team Viewer က ယူနိုက်တက်အသင်းရဲ့ မူလ ဂျာစီ

စပွန်ဆာ Chevrolet နေရာမှာ အစားထိုး နေရာယူခဲ့ပြီးနောက် ကုမ္ပဏီရဲ့

ရှယ်ယာတန်ဖိုးက ၅ပုံ ၄ပုံ လောက်ထိကို ထိုးဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းအရေးအခင်းကြောင့် ဂျာမန်ရှယ်ယာ ဈေးကွက်အတွင်းမှာ နည်းပညာ

ကုမ္ပဏီတွေရဲ့ ဈေးကွက် ထိုးဆင်းနေတဲ့ အချိန် မှာ ယူနိုက်တက်အသင်းနဲ့

ချူပ်ဆိုခဲ့တဲ့ စာချူပ်က သူတို့ ကုမ္ပဏီရဲ့ ငွေကုန်ဆုံးမှုများပြားတဲ့

အကြောင်းအရင်းဖြစ် သုံးသပ် ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Team Viewer ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ“လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး

အခြေအနေတွေ ကြောင့် အသင်း ရဲ့ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ကို

ပြန်လည်သုံးသပ်ကာ ပြီးခဲ့တဲ့ နှစ်ပိုင်းက ချူပ်ဆို ထားခဲ့တဲ့ ယူနိုက်တက်

အသင်းနဲ့ စာချူပ်က အသင်းအတွက် များစွာ ပုံရိပ် မြှင့်တင်ပေးနိုင်ခဲ့ပေမဲ့

စာချူပ် သက်တမ်း ကုန်ဆုံးတဲ့ ၂၀၂၆ခုနှစ် ရောက်တဲ့ အခါမှာတော့

တွဲဖက်လုပ်ဆောင်မှုကို ရပ်ဆိုင်းသွားတော့မှာ ဖြစ်ပါတယ်”လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္နဲ႔ ရင္ဘတ္စပြန္ဆာ TeamViewer 2026 ကုန္တာနဲ႔ လမ္းခြဲမယ္

လက္ရွိယူႏိုက္တက္ရင္ဘတ္စပြန္ဆာ TeamViewer က (2026)ခုႏွစ္

ကုန္တာနဲ႔ စာခ်ဳပ္သက္တမ္းတိုးေတာ့ မွာမဟုတ္ဘဲ ယူႏိုက္တက္ႏွင့္

လမ္းခြဲမွာ ျဖစ္ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။ တစ္ႏွစ္စပြန္ဆာတန္ဖိုး

ေပါင္(47)သန္းရွိတဲ့ TeamViewer ဘက္က အဲဒီလို ေၾကညာမႈကို

ယူႏိုက္တက္ဘက္မွ စိတ္သက္သာမႈရွိၿပီး TeamViewer ႏွင့္ လမ္းခြဲၿပီးပါက

သူ႔ထက္စပြန္ဆာ ေၾကးျမင့္တဲ့ ကုမၸဏီ ႏွင့္လက္တြဲႏိုင္ဖို႔ ယူႏိုက္တက္ဘက္က

ေမွ်ာ္လင့္ထားပါတယ္။ Team Viewer က ယူႏိုက္တက္အသင္းရဲ႕ မူလ ဂ်ာစီ

စပြန္ဆာ Chevrolet ေနရာမွာ အစားထိုး ေနရာယူခဲ့ၿပီးေနာက္ ကုမၸဏီရဲ႕

ရွယ္ယာတန္ဖိုးက ၅ပုံ ၄ပုံ ေလာက္ထိကို ထိုးဆင္းသြားခဲ့ရတာ ျဖစ္ပါတယ္။

ယူကရိန္းအေရးအခင္းေၾကာင့္ ဂ်ာမန္ရွယ္ယာ ေဈးကြက္အတြင္းမွာ နည္းပညာ

ကုမၸဏီေတြရဲ႕ ေဈးကြက္ ထိုးဆင္းေနတဲ့ အခ်ိန္ မွာ ယူႏိုက္တက္အသင္းနဲ႔

ခ်ဴပ္ဆိုခဲ့တဲ့ စာခ်ဴပ္က သူတို႔ ကုမၸဏီရဲ႕ ေငြကုန္ဆုံးမႈမ်ားျပားတဲ့

အေၾကာင္းအရင္းျဖစ္ သုံးသပ္ ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

Team Viewer ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ“လက္ရွိျဖစ္ေပၚေနတဲ့ စီးပြားေရး

အေျခအေနေတြ ေၾကာင့္ အသင္း ရဲ႕ ေဈးကြက္ျမႇင့္တင္ေရး အစီအစဥ္ကို

ျပန္လည္သုံးသပ္ကာ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းက ခ်ဴပ္ဆို ထားခဲ့တဲ့ ယူႏိုက္တက္

အသင္းနဲ႔ စာခ်ဴပ္က အသင္းအတြက္ မ်ားစြာ ပုံရိပ္ ျမႇင့္တင္ေပးႏိုင္ခဲ့ေပမဲ့

စာခ်ဴပ္ သက္တမ္း ကုန္ဆုံးတဲ့ ၂၀၂၆ခုႏွစ္ ေရာက္တဲ့ အခါမွာေတာ့

တြဲဖက္လုပ္ေဆာင္မႈကို ရပ္ဆိုင္းသြားေတာ့မွာ ျဖစ္ပါတယ္”လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။