ယူနိုက်တက်နဲ့ မန်စီးတီးပွဲက သတိပြုမိတဲ့အချက်တွေ

photo internet

ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ဖြစ်တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးပွဲစဉ်မှာ ယူနိုက်တက်ကတော့ အိမ်ကွင်းမှာပဲ ဧည့်သည်အသင်းကိုအရှုံးပေးလိုက်ရပါပြီ။ ပွဲမစခင်ကတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက အဝေးကွင်းမှာကန်ရမယ့် ပထမအကျော့ပွဲစဉ်ဟာ သူတို့အတွက်ခက်ခဲမယ်လို့ထင်ခဲ့ပြီး၊ မန်စီးတီးအိမ်ကွင်းမှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှသာ ရလဒ်ကောင်းအောင်လုပ်ဆောင်နိုင်မယ် လို့ထင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိုးလ်ထရပ်ဖို့ဒ်ကွင်းမှာ 3 ဂိုး 1 ဂိုးဆိုတဲ့ရလဒ်နဲ့ မန်စီးတီးအသင်းက ပထမအကျော့ရလဒ်အတွက်အမှတ်တွေရယူသွားခဲ့ပါပြီ။ အဲဒီပွဲနဲ့ပတ်သက်ပြီး အချက်အချို့ကိုတင်ဆက်ပေးချင်ပါတယ်။
မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ပထမပိုင်းကတည်းက ယူနိုက်တက်အသင်းကို စိတ်ဓာတ်ပျက်ပြားအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 17မိနစ်၊ 33 မိနစ်၊ 39 မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒုတိယပိုင်းမစခင်ကတည်းက အနိုင်ရလဒ်နဲ့နီးစပ်နေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ဘာနာဒို ၊ မာရက်ဇ် ၊ ပါရဲရား ( og ) တို့ကသွင်းခဲ့တာပါ။ ယူနိုက်တက်အသင်းကတော့ တစ်လုံးတည်းဖြစ်တဲ့ချေပဂိုးကို ဒုတိယပိုင်းမှသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် 71 မိနစ်မှာ ရက်ရှ်ဖို့က သွင်းယူပေးခဲ့တာပါ။

photo internet

ယူနိုက်တက်ရဲ့ ကစားသမားအချို့ဒဏ်ရာရနေချိန်မှာ ဖီးလ်ဂျုံးစ်တစ်ယောက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အသင်းအတွက်ဖီးလ်ဂျုံးစ်တစ်ယောက်ကြိုးကြိုးစားစားခံစစ်ကစားပေးခဲ့ပေမယ့် အမှားတွေနဲ့မကင်းခဲ့သလို၊ ရလဒ်ကောင်းအောင်လည်းမလုပ်နိုင်ခဲ့ပါဘူး။ သူတစ်ယောက်တည်းကြောင့်တော့ ယူနိုက်တက်ဟာရလဒ် ဆိုးခဲ့တာမဟုတ်ပါဘူး။ အခုရာသီမှာ ယူနိုက်တက်ရဲ့ခံစစ်ဟာအားရစရာမကောင်းဖြစ်နေခဲ့တာပါ။ ဒါကြောင့်အသင်းအနေနဲ့မြန်မြန်ဆန်ဆန်သုံးသပ်ပြင်ဆင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

photo internet

ဒီပွဲစဉ်မှာ ရက်ရှ်ဖို့တစ်ယောက်ကိုတော့ ချီးကျူးရမယ်ထင်ပါတယ်။ ယူနိုက်တက်တို့ဆိုးဆိုးရွားရွား အရှက်မရအောင် ရက်ရှ်ဖို့တစ်ယောက် ကြိုးစားပေးခဲ့လို့တာ အသင်းအနေနဲ့ ဘဲဥကွဲခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာတော့ ယူနိုက်တက် တိုက်စစ် ကစားသမားလေး ရက်ရှ်ဖို့ ဟာ ခေါင်းဆောင် တာဝန် ကို ထမ်းဆောင် ခဲ့ဖူး ကြတဲ့ ဒီဂီယာ ၊ ဖီးလ် ဂျုံးစ် ၊ လင်ဒီလော့ဖ် တို့ကို ကျော်ဖြတ် ပြီး အသင်း ခေါင်းဆောင် လက်ပတ် ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ် ။သူဟာ အဲဒီပွဲမှာ ရလဒ် ကောင်းမွန် နိုင်ဖို့ ၊ အသင်းဖော် တွေ စိတ်ဓါတ် တက်ကြွ စေဖို့ အကောင်းဆုံး ကြိုးစား အားထုတ် ခဲ့ ပါတယ် ။
နည်းပြဆိုးလ်ရှားဟာအသင်းကိုမြေလှန်ပြင်ဆင်ဖို့လိုအပ်နေသလိုဖြစ်နေပါတယ်။ ခံစစ်အတွက်ရတက် မအေးရတဲ့အနေအထားမှာ ကွင်းလယ်အတွက်ကလည်းစိတ်မချရဖြစ်နေသလိုပါပဲ။ ကွင်းလယ်ကနေ ဂိုးဖန်တီးပေးနိုင်မယ့်၊ တစ်ဖက်ဧရိယာထဲပြေးလွှားဂိုးသွင်းနိုင်မယ့် ကစားသမား ကောင်းတစ်ယောက်ကို လိုအပ်နေတာပါ။ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့ အဲလိုကစားသမားမျိုးကို အမိအရခေါ်ယူသင့် ပါတယ်။ အခုလောလောဆယ်မှာတော့ မာရှယ် ၊ ဂရင်းဝုဒ် ၊ ဂျိမ်းစ်တို့ကိုသာအားထားနေရပြီး၊ လင်ဂတ်ကိုလည်းထင်သလောက် အားမကိုးရဖြစ်နေပါတယ်။

photo internet

မန်စီးတီးဘက်မှာတော့ ပြောစရာကစားသမားနှစ်ယောက်ရှိပါတယ်။ ဒီနှစ် ဘာနာဒိုဟာ မနှစ်က ဘာနာဒိုလောက်မကောင်းသေးပါဘူး။ ဒါပေမယ့် ချီးကျူးခံထိုက်တဲ့ကစားသမားအဖြစ်ရှိနေဆဲပါ။ အဲဒီပွဲမှာတော့ ဘာနာဒို ရဲ့ အဝေး ကန်ချက် ကြောင့် ရရှိ ခဲ့တဲ့ အဖွင့်ဂိုးဟာ မန်စီးတီးအတွက် အားရစရာဖြစ်ခဲ့ပါတယ်။ တတိယဂိုးကိုဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းဟာ ဒီ ရာသီမှာအသင်း အတွက် ဂိုး သွင်းယူ မှု ၊ ဂိုးဖန်တီး မှုတွေ များစွာ လုပ်ဆောင် နိုင်ခဲ့ သလို ဘောလုံး ပရိသတ် တိုင်းရဲ့ ချီးကျူး မှု တွေကို ပိုင်ဆိုင်ထားပါတယ် ။ PAF ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆု အတွက်ထိုက်တန်တဲ့ကစားသမားတစ်ယောက်အဖြစ်ကို လည်းရောက်ရှိ လာခဲ့ပါပြီ။

photo internet

ပထမအကျော့ပွဲစဉ်အပြီးသေချာတာကတော့ ယူနိုက်တက်တို့ အဝေးကွင်းမှာ ရေကုန်ရေခမ်းကြိုးစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အီတီဟတ် ကွင်းထဲမှာ မန်စီးတီး အသင်း ဖက်ကို အနည်းဆုံး 3 ဂိုး အထိ သွင်းယူ ပြီး ဂိုး မပေး ရအောင် ကစား ဖို့ ဆိုတာ ခက်ခဲလှတဲ့ ကိစ္စပါ။ ဘယ်လောက်ပဲခက်ခဲခက်ခဲ မန်စီးတီးအသင်းကတောင်လုပ်ဆောင်နိုင်ခဲ့တဲ့အရာကို ယူနိုက်တက်အသင်းလည်းမလုပ်ဆောင်နိုင်ဘူးလို့တော့ ယတိပြတ်ပြောဖို့ခက်ပါတယ်။ ယူနိုက်တက်အသင်းကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ မန္စီးတီးပြဲက သတိျပဳမိတဲ့အခ်က္ေတြ

ကာရာေဘာင္ဖလားၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္ျဖစ္တဲ့ ယူႏိုက္တက္နဲ႔ မန္စီးတီးပြဲစဥ္မွာ ယူႏိုက္တက္ကေတာ့ အိမ္ကြင္းမွာပဲ ဧည့္သည္အသင္းကိုအရႈံးေပးလိုက္ရပါၿပီ။ ပြဲမစခင္ကေတာ့ မန္စီးတီးနည္းျပ ဂြာဒီယုိလာက အေ၀းကြင္းမွာကန္ရမယ့္ ပထမအေက်ာ့ပြဲစဥ္ဟာ သူတို႔အတြက္ခက္ခဲမယ္လို႔ထင္ခဲ့ၿပီး၊ မန္စီးတီးအိမ္ကြင္းမွာကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွသာ ရလဒ္ေကာင္းေအာင္လုပ္ေဆာင္ႏိုင္မယ္လို႔ထင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အိုးလ္ထရပ္ဖို႔ဒ္ကြင္းမွာ 3 ဂိုး 1 ဂိုးဆိုတဲ့ရလဒ္နဲ႔ မန္စီးတီးအသင္းက ပထမအေက်ာ့ရလဒ္အတြက္အမွတ္ေတြရယူသြားခဲ့ပါၿပီ။ အဲဒီပြဲနဲ႔ပတ္သက္ၿပီး အခ်က္အခ်ဳိ႕ကိုတင္ဆက္ေပးခ်င္ပါတယ္။
မန္ခ်က္စတာဒါဘီပြဲစဥ္မွာ မန္စီးတီးအသင္းဟာ ပထမပိုင္းကတည္းက ယူႏိုက္တက္အသင္းကို စိတ္ဓာတ္ပ်က္ျပားေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ 17မိနစ္၊ 33 မိနစ္၊ 39 မိနစ္ေတြမွာ ဂိုးေတြသြင္းယူခဲ့တဲ့ မန္စီးတီးအသင္းဟာ ဒုတိယပိုင္းမစခင္ကတည္းက အႏိုင္ရလဒ္နဲ႔နီးစပ္ေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းအတြက္ သြင္းဂိုးေတြကိုေတာ့ ဘာနာဒို ၊ မာရက္ဇ္ ၊ ပါရဲရား ( og ) တို႔ကသြင္းခဲ့တာပါ။ ယူႏိုက္တက္အသင္းကေတာ့ တစ္လုံးတည္းျဖစ္တဲ့ေခ်ပဂိုးကို ဒုတိယပိုင္းမွသာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ 71 မိနစ္မွာ ရက္ရွ္ဖို႔က သြင္းယူေပးခဲ့တာပါ။
ယူႏိုက္တက္ရဲ႕ ကစားသမားအခ်ဳိ႕ဒဏ္ရာရေနခ်ိန္မွာ ဖီးလ္ဂ်ဳံးစ္တစ္ေယာက္ပြဲထြက္ခြင့္ရခဲ့ပါတယ္။ အသင္းအတြက္ဖီးလ္ဂ်ဳံးစ္တစ္ေယာက္ႀကိဳးႀကိဳးစားစားခံစစ္ကစားေပးခဲ့ေပမယ့္ အမွားေတြနဲ႔မကင္းခဲ့သလို၊ ရလဒ္ေကာင္းေအာင္လည္းမလုပ္ႏိုင္ခဲ့ပါဘူး။ သူတစ္ေယာက္တည္းေၾကာင့္ေတာ့ ယူႏိုက္တက္ဟာရလဒ္ ဆိုးခဲ့တာမဟုတ္ပါဘူး။ အခုရာသီမွာ ယူႏိုက္တက္ရဲ႕ခံစစ္ဟာအားရစရာမေကာင္းျဖစ္ေနခဲ့တာပါ။ ဒါေၾကာင့္အသင္းအေနနဲ႔ျမန္ျမန္ဆန္ဆန္သုံးသပ္ျပင္ဆင္ဖို႔လိုအပ္ေနတာျဖစ္ပါတယ္။
ဒီပြဲစဥ္မွာ ရက္ရွ္ဖို႔တစ္ေယာက္ကိုေတာ့ ခ်ီးက်ဴးရမယ္ထင္ပါတယ္။ ယူႏိုက္တက္တို႔ဆုိးဆိုးရြားရြား အရွက္မရေအာင္ ရက္ရွ္ဖို႔တစ္ေယာက္ ႀကိဳးစားေပးခဲ့လို႔တာ အသင္းအေနနဲ႔ ဘဲဥကြဲခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာေတာ့ ယူႏိုက္တက္ တိုက္စစ္ ကစားသမားေလး ရက္ရွ္ဖို႔ ဟာ ေခါင္းေဆာင္ တာဝန္ ကို ထမ္းေဆာင္ ခဲ့ဖူး ၾကတဲ့ ဒီဂီယာ ၊ ဖီးလ္ ဂ်ံဳးစ္ ၊ လင္ဒီေလာ့ဖ္ တို႔ကို ေက်ာ္ျဖတ္ ၿပီး အသင္း ေခါင္းေဆာင္ လက္ပတ္ ၀တ္ဆင္ခြင့္ရရွိခဲ့ပါတယ္ ။သူဟာ အဲဒီပြဲမွာ ရလဒ္ ေကာင္းမြန္ ႏိုင္ဖို႔ ၊ အသင္းေဖာ္ ေတြ စိတ္ဓါတ္ တက္ႂကြ ေစဖို႔ အေကာင္းဆုံး ႀကိဳးစား အားထုတ္ ခဲ့ ပါတယ္ ။
နည္းျပဆိုးလ္ရွားဟာအသင္းကိုေျမလွန္ျပင္ဆင္ဖို႔လုိအပ္ေနသလုိျဖစ္ေနပါတယ္။ ခံစစ္အတြက္ရတက္ မေအးရတဲ့အေနအထားမွာ ကြင္းလယ္အတြက္ကလည္းစိတ္မခ်ရျဖစ္ေနသလုိပါပဲ။ ကြင္းလယ္ကေန ဂိုးဖန္တီးေပးႏိုင္မယ့္၊ တစ္ဖက္ဧရိယာထဲေျပးလႊားဂိုးသြင္းႏိုင္မယ့္ ကစားသမား ေကာင္းတစ္ေယာက္ကို လိုအပ္ေနတာပါ။ ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာေတာ့ အဲလိုကစားသမားမ်ဳိးကို အမိအရေခၚယူသင့္ ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ မာရွယ္ ၊ ဂရင္းဝုဒ္ ၊ ဂ်ိမ္းစ္တို႔ကိုသာအားထားေနရၿပီး၊ လင္ဂတ္ကိုလည္းထင္သေလာက္ အားမကိုးရျဖစ္ေနပါတယ္။

မန္စီးတီးဘက္မွာေတာ့ ေျပာစရာကစားသမားႏွစ္ေယာက္ရိွပါတယ္။ ဒီႏွစ္ ဘာနာဒိုဟာ မႏွစ္က ဘာနာဒိုေလာက္မေကာင္းေသးပါဘူး။ ဒါေပမယ့္ ခ်ီးက်ဴးခံထိုက္တဲ့ကစားသမားအျဖစ္ရိွေနဆဲပါ။ အဲဒီပြဲမွာေတာ့ ဘာနာဒို ရဲ႕ အေဝး ကန္ခ်က္ ေၾကာင့္ ရရွိ ခဲ့တဲ့ အဖြင့္ဂိုးဟာ မန္စီးတီးအတြက္ အားရစရာျဖစ္ခဲ့ပါတယ္။ တတိယဂိုးကိုဖန္တီးေပးခဲ့တဲ့ ဒီဘရိုင္းဟာ ဒီ ရာသီမွာအသင္း အတြက္ ဂိုး သြင္းယူ မႈ ၊ ဂိုးဖန္တီး မႈေတြ မ်ားစြာ လုပ္ေဆာင္ ႏိုင္ခဲ့ သလို ေဘာလုံး ပရိသတ္ တိုင္းရဲ႕ ခ်ီးက်ဴး မႈ ေတြကို ပိုင္ဆိုင္ထားပါတယ္ ။ PAF ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ဆု အတြက္ထိုက္တန္တဲ့ကစားသမားတစ္ေယာက္အျဖစ္ကို လည္းေရာက္ရိွ လာခဲ့ပါၿပီ။

ပထမအေက်ာ့ပြဲစဥ္အၿပီးေသခ်ာတာကေတာ့ ယူႏိုက္တက္တို႔ အေ၀းကြင္းမွာ ေရကုန္ေရခမ္းႀကိဳးစားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ အီတီဟတ္ ကြင္းထဲမွာ မန္စီးတီး အသင္း ဖက္ကို အနည္းဆုံး 3 ဂိုး အထိ သြင္းယူ ၿပီး ဂိုး မေပး ရေအာင္ ကစား ဖို႔ ဆိုတာ ခက္ခဲလွတဲ့ ကိစၥပါ။ ဘယ္ေလာက္ပဲခက္ခဲခက္ခဲ မန္စီးတီးအသင္းကေတာင္လုပ္ေဆာင္ႏိုင္ခဲ့တဲ့အရာကို ယူႏိုက္တက္အသင္းလည္းမလုပ္ေဆာင္ႏိုင္ဘူးလို႔ေတာ့ ယတိျပတ္ေျပာဖို႔ခက္ပါတယ္။ ယူႏိုက္တက္အသင္းကံေကာင္းပါေစလုိ႔ဆုေတာင္းေပးပါတယ္။