ယူနိုက်တက်နဲ့ မန်စီးတီး ကစားသမား ၄ ဦးစီ ပါဝင်လာတဲ့ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်နောက်ဆုတ်လိုက်ရတဲ့ ယူရိုပြိုင်ပွဲကြီးဟာ နောက်လမှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်တဲ့ အသင်းတွေက လူစာရင်းတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက်ထုတ်ပြန်နေတာတွေ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်သွားတဲ့ ပြင်သစ်လူစာရင်းမှာ

တိုက်စစ်မှုး ဘင်ဇီမာ တစ်ကျော့ပြန်ရွေးချယ်ခံရသလို စပိန်လူစာရင်းမှာ အသင်းခေါင်းဆောင် ရာမို့စ် ချန်လှပ်ခံရတဲ့ အံံအားသင့်စရာ သတင်းတွေလည်း ဆက်တိုက် ထွက်ပေါ်နေတာပါ။

ဒီညမှာတော့ ပရီသတ်တွေ စိတ်ဝင်စားတဲ့ အင်္ဂလန်အသင်း လူစာရင်းကို နည်းပြ ဆောက်ဂိတ်က ထုတ်ပြန်လိုက်ပါတယ်။

ဒီပမာဏစာရင်းမှာ ကစားသမား ၃၃ ဦး ပါဝင်ပြီး အပြီးသတ်လူစာရင်းကို ၂၃ ဦး နဲ့ ပြန်လည် ရွေးချယ်မှာပဲဖြစ်ပါတယ်။

လီဗာပူးနောက်ခံလူ အာနိုးလ် ပါဝင်လာခဲ့ပြီး ဒဏ်ရာရရှိနေတာကြောင့် ယူရိုပါလိဂ်ဖိုင်နယ်ကို လွဲဖိုများနေတဲ့ ယူနိုက်တက် ခံစစ်မှူး မက်ဂွိုင်းယားလည်း ပါဝင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရာသီ ပြီးဆုံးသွားပေမယ့် မန်စီးတီး၊ ချဲလ်ဆီး နဲ့ ယူနိုက်တက် တို့က ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေ ကစားရဦးမှာဖြစ်ပြီး

အဲ့ဒီ့အသင်းတွေမှာ ပါဝင်တဲ့ အင်္ဂလန် ကစားသမားတွေ ဒဏ်ရာရရှိမှု အခြေအနေအပေါ်မူတည်ပြီး အပြီးသတ် လူစာရင်းကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲမှာ ခရိုအေးရှား၊ စကော့တလန် ၊ ချက် အသင်းတွေနဲ့အတူ တစ်အုပ်စုတည်း ကျရောက် နေပြီး ဇွန်လ ၁၃ ရက်နေ့မှာ ခရိုအေးရှား၊ ၁၈ ရက်နေ့မှာ စကော့တလန်၊ ၂၂ ရက်နေ့မှာ ချက် အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲ မစတင်ခင်မှာ အင်္ဂလန်ဟာ သြစတြီးယား၊ ရိုမေးနီးယား အသင်းတွေနဲ့ ဇွန်လ ၂ ရက် နဲ့ ၆ ရက်နေ့တွေမှာ ခြေစမ်းပွဲတွေသွားဖို့ရှိနေပါတယ်။

အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲဝင်မည့် ပဏာမ ကစားသမား ၃၃ ဦးစာရင်း။

ဂိုး – ဟန်ဒါဆင် (ယူနိုက်တက်) ၊ ဆမ်ဂျွန်စတုန်း (ဝက်စ်ဘရွန်း)၊ ပစ်ဖိုဒ့် (အဲဗာတန်)၊ ရမ်းစ်ဒဲလ် (ရှက်ဖီးယူနိုက်တက်)။

နောက်တန်း – အာနိုးလ် (လီဗာပူး) ၊ ချီဝဲလ် (ချဲလ်ဆီး) ၊ ကိုဒီ (ဝုဗ်) ၊ ဂေါ့ဒ်ဖရေး (အဲဗာတန်) ၊

ရစ်ဆီဂျိမ်းစ် (ချဲလ်ဆီး) ၊ မက်ဂွိုင်းယား (ယူနိုက်တက်)၊ တိုင်ရွန်မင်းစ် (ဗီလာ) ၊ လုခ်ရှော (ယူနိုက်တက်)၊

ဂျွန်စတုန်း (မန်စီးတီး)၊ ထရစ်ပီယာ (အက်သလက်တီကို)၊ ဝေါ်လ်ကာ (မန်စီးတီး)၊ ဘန်ဝှိုက် (ဘရိုက်တန်)။

အလယ်တန်း – ဘယ်လင်ဟမ် (ဒေါ့မွန်) ၊ ဟန်ဒါဆန် (လီဗာပူး) ၊ လင်ဂတ် (ဝက်စ်ဟမ်း) ၊ မေဆင်မောင့် (ချဲလ်ဆီး) ၊

ကယ်ဗင်ဖိလစ် (လိဒ်) ၊ ဒီကလန်ရိုက်စ် (ဝက်စ်ဟမ်း) ၊ ဂျိမ်းစ်ဝက်စ်ပရိုဆီ (ဆောက်သမ်တန်)။

ရှေ့တန်း – ဟယ်ရီကိန်း (စပါး)၊ ရက်ရှ်ဖိုဒ့် (ယူနိုက်တက်) ၊ ကယ်ဗက်လီဝင် (အဲဗာတန်) ၊ ဖိုဒန် (မန်စီးတီး) ၊

ဂယ်ရီလစ်ချ် (ဗီလာ) ၊ဆာကာ (အာဆင်နယ်) ၊ ဆန်ချို (ဒေါ့မွန်)၊ စတာလင် (မန်စီးတီး)၊ ဝက်ကင်း (ဗီလာ)။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္နဲ႔ မန္စီးတီး ကစားသမား ၄ဦးစီ ပါဝင္လာတဲ့ ယူ႐ိုၿပိဳင္ပြဲဝင္ အဂၤလန္အသင္း လူစာရင္း

ကိုဗစ္ကပ္ေရာဂါေၾကာင့္ တစ္ႏွစ္ေနာက္ဆုတ္လိုက္ရတဲ့ ယူ႐ိုၿပိဳင္ပြဲႀကီးဟာ ေနာက္လမွာ စတင္က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ေျခစစ္ပြဲေအာင္တဲ့ အသင္းေတြက လူစာရင္းေတြကို အခုရက္ပိုင္းအတြင္း ဆက္တိုက္ထုတ္ျပန္ေနတာေတြ႕ရၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းကထုတ္ျပန္သြားတဲ့ ျပင္သစ္လူစာရင္းမွာ တိုက္စစ္မႈး ဘင္ဇီမာ တစ္ေက်ာ့ျပန္ေ႐ြးခ်ယ္ခံရသလို စပိန္လူစာရင္းမွာ အသင္းေခါင္းေဆာင္ ရာမို႔စ္ ခ်န္လွပ္ခံရတဲ့ အံံအားသင့္စရာ သတင္းေတြလည္း ဆက္တိုက္ ထြက္ေပၚေနတာပါ။

ဒီညမွာေတာ့ ပရီသတ္ေတြ စိတ္ဝင္စားတဲ့ အဂၤလန္အသင္း လူစာရင္းကို နည္းျပ ေဆာက္ဂိတ္က ထုတ္ျပန္လိုက္ပါတယ္။ ဒီပမာဏစာရင္းမွာ ကစားသမား ၃၃ ဦး ပါဝင္ၿပီး အၿပီးသတ္လူစာရင္းကို ၂၃ ဦး နဲ႔ ျပန္လည္ ေ႐ြးခ်ယ္မွာပဲျဖစ္ပါတယ္။

လီဗာပူးေနာက္ခံလူ အာႏိုးလ္ ပါဝင္လာခဲ့ၿပီး ဒဏ္ရာရရွိေနတာေၾကာင့္ ယူ႐ိုပါလိဂ္ဖိုင္နယ္ကို လြဲဖိုမ်ားေနတဲ့ ယူႏိုက္တက္ ခံစစ္မႉး မက္ဂြိဳင္းယားလည္း ပါဝင္လာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ရာသီ ၿပီးဆုံးသြားေပမယ့္ မန္စီးတီး၊ ခ်ဲလ္ဆီး နဲ႔ ယူႏိုက္တက္ တို႔က ဥေရာပၿပိဳင္ပြဲေတြရဲ႕ ဗိုလ္လုပြဲေတြ ကစားရဦးမွာျဖစ္ၿပီး အဲ့ဒီ့အသင္းေတြမွာ ပါဝင္တဲ့ အဂၤလန္ ကစားသမားေတြ ဒဏ္ရာရရွိမႈ အေျခအေနအေပၚမူတည္ၿပီး အၿပီးသတ္ လူစာရင္းကို ေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။

အဂၤလန္ဟာ ယူ႐ိုၿပိဳင္ပြဲမွာ ခ႐ိုေအးရွား၊ စေကာ့တလန္ ၊ ခ်က္ အသင္းေတြနဲ႔အတူ တစ္အုပ္စုတည္း က်ေရာက္ ေနၿပီး ဇြန္လ ၁၃ ရက္ေန႔မွာ ခ႐ိုေအးရွား၊ ၁၈ ရက္ေန႔မွာ စေကာ့တလန္၊ ၂၂ ရက္ေန႔မွာ ခ်က္ အသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ယူ႐ိုၿပိဳင္ပြဲ မစတင္ခင္မွာ အဂၤလန္ဟာ ၾသစႀတီးယား၊ ႐ိုေမးနီးယား
အသင္းေတြနဲ႔ ဇြန္လ ၂ ရက္ နဲ႔ ၆ ရက္ေန႔ေတြမွာ ေျခစမ္းပြဲေတြသြားဖို႔ရွိေနပါတယ္။

အဂၤလန္အသင္းရဲ႕ ယူ႐ိုၿပိဳင္ပြဲဝင္မည့္ ပဏာမ ကစားသမား ၃၃ ဦးစာရင္း။

ဂိုး – ဟန္ဒါဆင္ (ယူႏိုက္တက္) ၊ ဆမ္ဂြၽန္စတုန္း (ဝက္စ္ဘ႐ြန္း)၊ ပစ္ဖိုဒ့္ (အဲဗာတန္)၊ ရမ္းစ္ဒဲလ္ (ရွက္ဖီးယူႏိုက္တက္)။

ေနာက္တန္း – အာႏိုးလ္ (လီဗာပူး) ၊ ခ်ီဝဲလ္ (ခ်ဲလ္ဆီး) ၊ ကိုဒီ (ဝုဗ္) ၊ ေဂါ့ဒ္ဖေရး (အဲဗာတန္) ၊ ရစ္ဆီဂ်ိမ္းစ္ (ခ်ဲလ္ဆီး) ၊ မက္ဂြိဳင္းယား (ယူႏိုက္တက္)၊ တိုင္႐ြန္မင္းစ္ (ဗီလာ) ၊ လုခ္ေရွာ (ယူႏိုက္တက္)၊ ဂြၽန္စတုန္း (မန္စီးတီး)၊ ထရစ္ပီယာ (အက္သလက္တီကို)၊ ေဝၚလ္ကာ (မန္စီးတီး)၊ ဘန္ဝႈိက္ (ဘ႐ိုက္တန္)။

အလယ္တန္း – ဘယ္လင္ဟမ္ (ေဒါ့မြန္) ၊ ဟန္ဒါဆန္ (လီဗာပူး) ၊ လင္ဂတ္ (ဝက္စ္ဟမ္း) ၊ ေမဆင္ေမာင့္ (ခ်ဲလ္ဆီး) ၊ ကယ္ဗင္ဖိလစ္ (လိဒ္) ၊ ဒီကလန္႐ိုက္စ္ (ဝက္စ္ဟမ္း) ၊ ဂ်ိမ္းစ္ဝက္စ္ပ႐ိုဆီ (ေဆာက္သမ္တန္)။

ေရွ႕တန္း – ဟယ္ရီကိန္း (စပါး)၊ ရက္ရွ္ဖိုဒ့္ (ယူႏိုက္တက္) ၊ ကယ္ဗက္လီဝင္ (အဲဗာတန္) ၊ ဖိုဒန္ (မန္စီးတီး) ၊ ဂယ္ရီလစ္ခ်္ (ဗီလာ) ၊ဆာကာ (အာဆင္နယ္) ၊ ဆန္ခ်ိဳ (ေဒါ့မြန္)၊ စတာလင္ (မန္စီးတီး)၊ ဝက္ကင္း (ဗီလာ)။