ယူနိုက်တက်နဲ့ ဗန်ဒီဘိခ်ကို သွေးမခွဲဖို့ သတိပေးပြောဆိုလာတဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ဂန္ထဝင်နောက်ခံလူဟောင်းဖြစ်သူ ဖာဒီနန်က ဗန်ဒီဘိခ် ပွဲထွက်ခွင့်မရတာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ထောက်ပြ ပြောဆိုထားပါတယ်။

ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်ကနေယူနိုက်တက်ကို ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြအိုလီရဲ့လက်ထက်မှာပွဲကစားခွင့် အရမ်းနည်းပါးနေတာဖြစ်ပါတယ်။

ကွင်းလယ်လူဗန်ဒီဘိခ်ဟာ လက်ရှိယူနိုက်တက်ရဲ့(၁၀)ပွဲမှာ (၂)ပွဲပဲ ပွဲကစားခွင့်ရထားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း(၅)မိနစ်သာ လူစားဝင်ကစားထားသေးတာလည်း ဖြစ်ပါတယ်။

“ဒီကောင်လေးကတကယ့်ချစ်ဖို့ကောင်းတဲ့ကလေး။

သူဟာ ယူနိုက်တက်အတွက်တကယ်ထိုက်တန်ပြီးကြိုးစားနေတဲ့ကောင်လေးပါ။

ပြီးတော့ အေးအေးဆေးဆေးနဲ့ ကိုယ့်အလုပ် ကိုအာရုံစိုက်နေပြီး ပွဲထွက်ခွင့်ရတိုင်းမှာအသင်းအတွက် အဆင်သင့်ဖြစ်အောင် ရှိပေးနေသူလည်းဖြစ်ပါတယ်။”

“သူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့ ကျွန်တော် သံ သယမဖြစ်ပါဘူး။

တခြားအသင်းဆီရောက်သွားရင် လည်း ဝမ်းမနည်းပါဘူး။

ကစားသမားဘဝကိုထုဆစ် ရင်း၊ လူသားတစ်ယောက်ရဲ့ဘဝကို ထုဆစ်ရင်း ကြုံ လာရတာတွေအတွက် ကျွန်တော့်အနေနဲ့ နားလည် ပေးနိုင်ပါတယ်။

သတင်းပိုင်းနဲ့ပတ်သက်ပြီးတော့ အခုနောက်ပိုင်းတော်တော်လေး ရုပ်ပေါက်လာတာ ကိုတော့တွေ့တယ်။

ထင်မြင်ရာကောက်ချက်ချမှုတွေပါ။

အခုနောက်ပိုင်းအင်္ဂလန်ကစားသ မားတွေဖြစ်ဖြစ်၊ ပြည်ပကစားသမားတွေဖြစ်ဖြစ် သူတို့ ပရီးမီးယားလိဂ်ကိုလာရင် မီဒီယာတွေပေး တဲ့ဖိအားကိုလည်း ခံနိုင်ရည်ရှိဖို့အတွက်ပါ ကြိုပြင်ဆင် ထားရလိမ့်မယ်။”လို့ ဖာဒီနန်က ပြောဆိုပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ အပြောင်းရွှေ့ရာသီမှာ အဲဗာတန်ကိုပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကအခွင့်အရေးပေးမှာဖြစ်တယ်လို့ဆိုကာ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္နဲ႔ ဗန္ဒီဘိခ္ကို ေသြးမခြဲဖို႔ သတိေပးေျပာဆိုလာတဲ့ ဖာဒီနန္

ယူႏိုက္တက္ ဂႏၴဝင္ေနာက္ခံလူေဟာင္းျဖစ္သူ ဖာဒီနန္က ဗန္ဒီဘိခ္ ပြဲထြက္ခြင့္မရတာနဲ႔ပတ္သက္ၿပီး ျဖစ္ႏိုင္ေျခရွိတဲ့ အေၾကာင္းအရင္းေတြကို ေထာက္ျပ ေျပာဆိုထားပါတယ္။ဗန္ဒီဘိခ္ဟာ ေအဂ်က္ဇ္ကေနယူႏိုက္တက္ကို ေပါင္(၃၅)သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး နည္းျပအိုလီရဲ႕လက္ထက္မွာပြဲကစားခြင့္ အရမ္းနည္းပါးေနတာျဖစ္ပါတယ္။ကြင္းလယ္လူဗန္ဒီဘိခ္ဟာ လက္ရွိယူႏိုက္တက္ရဲ႕(၁၀)ပြဲမွာ (၂)ပြဲပဲ ပြဲကစားခြင့္ရထားတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း(၅)မိနစ္သာ လူစားဝင္ကစားထားေသးတာလည္း ျဖစ္ပါတယ္။

“ဒီေကာင္ေလးကတကယ့္ခ်စ္ဖို႔ေကာင္းတဲ့ကေလး။ သူဟာ ယူႏိုက္တက္အ တြက္တကယ္ထိုက္တန္ၿပီးႀကိဳးစားေနတဲ့ေကာင္ေလးပါ။ ၿပီးေတာ့ ေအးေအးေဆးေဆးနဲ႔ ကိုယ့္အလုပ္ ကိုအာ႐ုံစိုက္ေနၿပီး ပြဲထြက္ခြင့္ရတိုင္းမွာအသင္းအတြက္ အဆင္သင့္ျဖစ္ေအာင္ ရွိေပးေနသူလည္းျဖစ္ပါတယ္။”

“သူ႔ရဲ႕ကစားပုံနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ သံ သယမျဖစ္ပါဘူး။ တျခားအသင္းဆီေရာက္သြားရင္ လည္း ဝမ္းမနည္းပါဘူး။ ကစားသမားဘဝကိုထုဆစ္ ရင္း၊ လူသားတစ္ေယာက္ရဲ႕ဘဝကို ထုဆစ္ရင္း ႀကဳံ လာရတာေတြအတြက္ ကြၽန္ေတာ့္အေနနဲ႔ နားလည္ ေပးႏိုင္ပါတယ္။ သတင္းပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ အခုေနာက္ပိုင္းေတာ္ေတာ္ေလး ႐ုပ္ေပါက္လာတာ ကိုေတာ့ေတြ႕တယ္။ ထင္ျမင္ရာေကာက္ခ်က္ခ်မႈေတြပါ။ အခုေနာက္ပိုင္းအဂၤလန္ကစားသ မားေတြျဖစ္ျဖစ္၊ ျပည္ပကစားသမားေတြျဖစ္ျဖစ္ သူတို႔ ပရီးမီးယားလိဂ္ကိုလာရင္ မီဒီယာေတြေပး တဲ့ဖိအားကိုလည္း ခံႏိုင္ရည္ရွိဖို႔အတြက္ပါ ႀကိဳျပင္ဆင္ ထားရလိမ့္မယ္။”လို႔ ဖာဒီနန္က ေျပာဆိုပါတယ္။

ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ အေျပာင္းေ႐ႊ႕ရာသီမွာ အဲဗာတန္ကိုေျပာင္းဖို႔ နီးစပ္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကအခြင့္အေရးေပးမွာျဖစ္တယ္လို႔ဆိုကာ အေျပာင္းအေ႐ႊ႕ကို ပိတ္ပင္ခဲ့ပါတယ္။