ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာ စာချုပ်သစ်ချုပ်ဆိုရေး အဆင်မပြေဖြစ်နေတဲ့ အကြောင်းရင်း ထွက်ပေါ်လာ

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာဟာ လာမယ့်နွေရာသီအတွင်း ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေပြီး ဒီအတွက်ကြောင့်လည်း စာချုပ်သစ်ချုပ်ဆိုရေးအတွက် ယူနိုက်တက်နဲ့ ဆွေးနွေးနေမှုတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

Photo Credit

၂၀၁၆ နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး (ထိုစဉ်က) ပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ စီးရီးအေချန်ပီယံအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ လက်ရှိဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုက ဂျူဗင်တပ်စ်မှာ ပေါ့ဂ်ဘာ ကစားခဲ့တဲ့ ၄ရာသီအတွင်း ၃ရာသီ တွဲကစားခဲ့ဖူးသူဖြစ်ပြီး အီတလီသတင်းစာ Tuttosport ရဲ့ ဖော်ပြချက်အရ ၂၀၂၁ နွေရာသီမှာ ပီယာလိုနဲ့ ပြန်လည်လက်တွဲဖို့ ပေါ့ဂ်ဘာ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

Photo Credit

စနေနေ့ထုတ် သတင်းစာရဲ့ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တဲ့ အဲဒီသတင်းအရ ပေါ့ဂ်ဘာဟာ အီတလီကို ပြန်ချင်နေတာကြောင့် ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုရေးကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ ၂၀၂၁ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ယူနိုက်တက်ဘက်က တစ်နှစ်သက်တမ်းတိုးခွင့်ရှိထားပါတယ်။

Photo Credit

ယခုနွေရာသီအတွင်း ပေါ့ဂ်ဘာနဲ့ပတ်သက်လို့ အပြောင်းအရွှေ့သတင်းတွေ မထွက်ပေါ်ဘဲ ကာယကံရှင်ဖြစ်သူက ချန်ပီယံလိဂ်ကစားခွင့်ရရှိထားပြီးနောက် နည်းပြဆိုးလ်ရှားလက်ထက် အသင်းရဲ့အခြေအနေကို ကျေနပ်အားရနေပါတယ်။ ပေါ့ဂ်ဘာဟာ ကိုဗစ်အလွန်မှာ ပိုမိုခြေစွမ်းပြနိုင်ခဲ့ပြီး ကွင်းလယ်မှာ အသင်းဖော်သစ် ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ခြေစွမ်းပြနေပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီတစ်ပတ်ထဲမှာပဲ အေဂျက်စ်ကနေ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူကာ အသင်းရဲ့ကွင်းလယ်ကို အင်အားထပ်ဖြည့်ထားပြီး ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူချင်တဲ့အကြောင်း ဝန်ခံထားရာ ဇန်နဝါရီလအတွင်း ပေါ့ဂ်ဘာနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမိုထွက်ပေါ်လာဖွယ်ရှိပါတယ်။

Photo Credit

သူတို့နှစ်ဦးဟာ ၃နှစ်ကြာတွဲကစားခဲ့တဲ့အနက် စီးရီးအေဆုဖလား ၃ကြိမ်ရယူနိုင်ခဲ့သလို ၂၀၁၄-၁၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီဗိုလ်လုပွဲမှာတော့ ဘာစီလိုနာကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာပြီးနောက် ၂၀၁၂ နွေရာသီမှာ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားတော့မှ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ ထင်ပေါ်လာတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူႏိုက္တက္နဲ႔ ေပါ့ဂ္ဘာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး အဆင္မေျပျဖစ္ေနတဲ့ အေၾကာင္းရင္း ထြက္ေပၚလာ

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ယူႏုိက္တက္ကြင္းလယ္လူ ေပါလ္ေပါ့ဂ္ဘာဟာ လာမယ့္ေႏြရာသီအတြင္း ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ဒီအတြက္ေၾကာင့္လည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ ယူႏုိက္တက္နဲ႔ ေဆြးေႏြးေနမႈေတြကို ရပ္တန႔္ထားတယ္လုိ႔ သိရပါတယ္။
၂၀၁၆ ေႏြရာသီက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး (ထုိစဥ္က) ေပါင္ ၈၉ သန္းနဲ႔ ဂ်ဴဗင္တပ္စ္ကေန ယူႏုိက္တက္ကို ျပန္လည္ေရာက္ရွိလာခဲ့တဲ့ ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ စီးရီးေအခ်န္ပီယံအသင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ သတင္းေတြ မၾကာခဏ ထြက္ေပၚေနပါတယ္။ လက္ရွိဂ်ဴဗင္တပ္စ္အသင္းနည္းျပ ပီယာလုိက ဂ်ဴဗင္တပ္စ္မွာ ေပါ့ဂ္ဘာ ကစားခဲ့တဲ့ ၄ရာသီအတြင္း ၃ရာသီ တြဲကစားခဲ့ဖူးသူျဖစ္ၿပီး အီတလီသတင္းစာ Tuttosport ရဲ႕ ေဖာ္ျပခ်က္အရ ၂၀၂၁ ေႏြရာသီမွာ ပီယာလုိနဲ႔ ျပန္လည္လက္တြဲဖို႔ ေပါ့ဂ္ဘာ ဆႏၵျပင္းျပေနတယ္လုိ႔ သိရပါတယ္။
စေနေန႔ထုတ္ သတင္းစာရဲ႕ မ်က္ႏွာဖုံးသတင္းအျဖစ္ ေဖာ္ျပခဲ့တဲ့ အဲဒီသတင္းအရ ေပါ့ဂ္ဘာဟာ အီတလီကို ျပန္ခ်င္ေနတာေၾကာင့္ ယူႏုိက္တက္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေရးကို ရပ္ဆုိင္းထားတယ္လုိ႔ သိရပါတယ္။ ေပါ့ဂ္ဘာဟာ ၂၀၂၁ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ ယူႏုိက္တက္ဘက္က တစ္ႏွစ္သက္တမ္းတုိးခြင့္ရွိထားပါတယ္။
ယခုေႏြရာသီအတြင္း ေပါ့ဂ္ဘာနဲ႔ပတ္သက္လို႔ အေျပာင္းအေရႊ႕သတင္းေတြ မထြက္ေပၚဘဲ ကာယကံရွင္ျဖစ္သူက ခ်န္ပီယံလိဂ္ကစားခြင့္ရရွိထားၿပီးေနာက္ နည္းျပဆုိးလ္ရွားလက္ထက္ အသင္းရဲ႕အေျခအေနကို ေက်နပ္အားရေနပါတယ္။ ေပါ့ဂ္ဘာဟာ ကုိဗစ္အလြန္မွာ ပိုမိုေျခစြမ္းျပႏိုင္ခဲ့ၿပီး ကြင္းလယ္မွာ အသင္းေဖာ္သစ္ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ တြဲဖက္ေျခစြမ္းျပေနပါတယ္။
ယူႏိုက္တက္ဟာ ဒီတစ္ပတ္ထဲမွာပဲ ေအဂ်က္စ္ကေန ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀နဲ႔ ေခၚယူကာ အသင္းရဲ႕ကြင္းလယ္ကို အင္အားထပ္ျဖည့္ထားၿပီး ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလုိက ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူခ်င္တဲ့အေၾကာင္း ၀န္ခံထားရာ ဇန္န၀ါရီလအတြင္း ေပါ့ဂ္ဘာနဲ႔ပတ္သက္တ့ဲ အေျပာင္းအေရႊ႕သတင္းေတြ ပိုမိုထြက္ေပၚလာဖြယ္ရွိပါတယ္။
သူတုိ႔ႏွစ္ဦးဟာ ၃ႏွစ္ၾကာတြဲကစားခဲ့တဲ့အနက္ စီးရီးေအဆုဖလား ၃ႀကိမ္ရယူႏုိင္ခဲ့သလုိ ၂၀၁၄-၁၅ ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလည္း တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အဲဒီဗိုလ္လုပဲြမွာေတာ့ ဘာစီလိုနာကို ဂိုးျပတ္အေရးနိမ့္ခဲ့ရပါတယ္။ ေပါ့ဂ္ဘာဟာ ယူႏုိက္တက္ရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာၿပီးေနာက္ ၂၀၁၂ ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိသြားေတာ့မွ ကမၻာ့ေဘာလုံးစင္ျမင့္မွာ ထင္ေပၚလာတာျဖစ္ပါတယ္။